my_tn/1jn/04/15.md

2.6 KiB

ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊

"သမ္မာတရားဖြစ်သော ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူခြင်းကို ဝန်ခံပြောဆိုသောသူအပေါင်းတို့သည်"၊

ဘုရားသခင်၏သားတော်

ဤနာမ အခေါ်အဝေါ်သည် ဘုရားသခင် နှင့် သခင်ယေရှုကြားတွင် ရှိသော ဆက်နွယ်မှုကို ဖော်ပြပေးသည့် အရေးကြီးသော စကားလုံး ဖြစ်၏။ ( ရှု ၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။

ဘုရားသခင်သည် ထိုသူနှင့် ဆက်နွယ်မှုရှိတော်မှု၏ ။ထိုသူသည်လည်း ဘုရားသခင်နှင့် ဆက်နွယ်မှုရှိ၏ ။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။

ဘုရားသခင်၏ ပင်ကိုစရိုက်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဥပစာနှင့် တင်စားဖော်ပြခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။

တခြားသော ယုံကြည်သူများကို ဆက်ပြီးမေတ္တာပြသော ယုံကြည်သူများသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးကျွမ်းဝင်သော အသက်တာရှိသောသူများဖြစ်ကြပြီး ဘုရားသခင်သည်လည်း ထိုယုံကြည်သူများနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်နွယ်မှု ရှိ၏။