my_tn/1jn/04/07.md

3.8 KiB

ယေဘုယျအချက်အလက်

တမန်တော်ရှင်ယောဟန်သည် ယုံကြည်သူများကို အသစ်သောအသက်ရှင်မှုပုံစံနှင့် သက်ဆိုင်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် နှင့် အချင်းချင်းချစ်ခြင်း တို့ကို ဆက်လက်သင်ကြားပေး၏။

ချစ်သူတို့၊

"ငါချစ်သောလူများ" (သို့) "ချစ်သောမိတ်ဆွေများ"။

ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။

ယုံကြည်သူများသည် တခြားသောယုံကြည်သူများကို ချစ်ကြရမည် ဖြစ်သည်။

ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။

တခြားသော ယုံကြည်သူများကို ချစ်သော ယုံကြည်သူများသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြပြီး ဘုရားသခင်ကို သိသောသူများလည်းဖြစ်ကြ၏။ (UDB)

အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။

အကြောင်းမူကား၊ ဘုရားသခင်သည် ယုံကြည်သူများအချင်းချင်းချစ်ကြရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်၏။

တစ်စုံတစ်ယောက်သောသူနှင့် ဘုရားသခင်နှင့်ကြားတွင်ရှိသော ဆက်နွယ်မှုကို မိဘနှင့်သားသမီးကြားတွင်ရှိသော ဆက်နွယ်မှုမျိုး နှင့် တင်စားဖော်ပြထားခြင်းဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)

ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။

ဘုရားသခင်၏ သဘောသဘာဝသည် လူများကို ချစ်ခြင်းဖြစ်သည်။ တခြားသော ယုံကြည်သူများကို မချစ်သော ယုံကြည်သူများသည် ဘုရားသခင်ကို မသိကြ၊ အကြောင်းမူကား၊ ဘုရားသခင်၏ ပင်ကိုစရိုက်သည် လူများကို ချစ်ခြင်းဖြစ်သည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။

ဘုရားသခင်၏ ပင်ကိုစရိုက်သည် လူများကို ချစ်ခြင်းဖြစ်ကြောင်း ဥပစာနှင့် တင်စားဖော်ပြခြင်း ဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)