my_tn/1jn/04/04.md

3.2 KiB

ချစ်သားတို့၊

တမန်တော်ရှင်ယောဟန်သည် အသက်ကြီးသောသူဖြစ်၍ ယုံကြည်သူများ၏ ခေါင်းဆောင်ဖြစ်သည်။ ယုံကြည်သူများအပေါ်သူ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြရန် ဤအသုံးအနှုန်းကို အသုံးပြုလေ့ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ-"ခရစ်တော်၌ ငါ၏သားသမီးများ" (သို့) "ငါ၏ သားသမီး အရင်းချာကဲ့သို့ချစ်ရသောသူများ" ဟုဆိုလိုသည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)

ထိုသူတို့ကိုလည်း အောင်ကြပြီ။

"မှားယွင်းသော ဆရာများ၏ သွန်သင်ချက်များကို မယုံကြည်ကြပါ။"

သင်တို့ဘက်၌ရှိသောသူသည်၊

"သင်တို့ဘက်၌ ရှိသောဘုရားသခင်"

လောကဘက်၌ရှိသောသူ၊

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်နှစ်မျိုးမှာ ၁) "လောကီရေးရာနှင့်ပြည့်နှက်၍ လောကီဆန်သော ဆရာများ၊" သို့မဟုတ် ၂) "လောကဘက်၌ရှိသော စာတန်" တို့ဖြစ်သည်။

လောကီသား၊

"လောကီသား" ဟူသော စကားလုံးသည် ဘုရားသခင်ကို နာခံမှုမရှိသောသူများနှင့် အပြစ်နှင့် ပြည့်နက်‌နေသော လောကကြီး၏ စနစ်ဆိုး တို့ကို ရည်ညွှန်းပါသည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)

ထိုသူတို့သည် လောကနှင့်စပ်ဆိုင်၏

ဘုရားသခင်ကို မနာခံကြသောသူများသည် မှားယွင်းသော ဆရာသမားများ ဖြစ်ကြသည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)

ထို့ကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏

ထို့ကြောင့်၊ ထိုသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော တရားများကို သွန်သင်ကြ၏။

လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။

ဘုရားသခင်ကို မယုံကြည်သောသူတို့သည်လည်း သူတို့စကားကို နားထောင်ကြ၏။ (ရှု ၊ rc://*/ta/man/translate/figs-metonymy)