my_tn/1jn/01/08.md

3.8 KiB

ယေဘုယျအချက်အလက်

ဤနေရာ၌ "သူ" ၊ "သူ့ကို" နှင့် "သူ၏" ဟူသော ဝေါဟာရစကားလုံးများသည် ဘုရားသခင်အား ရည်ညွှန်းသည်။ ( ရှု ၊ 1:5 )

ကိုယ်အပြစ်မရှိသော၊

"မည်သည့်အခါမျှ အပြစ်မပြုပါ"

ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏ ။

"လိမ်ညာ လှည့်စားသည်" သို့မဟုတ် "မုသာပြောသည်" ။

ငါတို့၌ သစ္စာတရားမရှိ၊

သစ္စာတရားဟုဆိုရာ၌ အပြောသက်သက်မဟုတ်ပဲ၊ ယုံကြည်သူများ၏အတွင်းစိတ်နှလုံး မှ လာရမည်။ အခြားသောဘာသာပြန်ဆိုချက် - သမ္မာတရားကို ငါတို့မယုံနိုင်ပါ။ ( ရှု ၊ rc://*/ta/man/translate/figs-metaphor )

ငါတို့အပြစ်များကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊

ဤစကားစု နှစ်ခုသည် အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။ ဘုရားသခင်က ငါတို့အပြစ်များကို ဧကန်မုချလွှတ်တော်မူကြောင်းကို ယောဟန်သည် သူတို့အား အလေးထားပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - ငါတို့လွန်ကျူးမိသော မည်သည့်အပြစ်ကိုမဆို အကုန်အစင် လွှတ်တော်မူမည်။ ( ရှု ၊ rc://*/ta/man/translate/figs-parallelism )

ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏ ။

ကိုယ်တော်အား လိမ်ပြောသောသူအဖြစ် ငါတို့ပြောဆိုကြသည်။ အခြားသော ဘာသာပြန်ဆိုချက် - ကိုယ်တော်အား မုသာပြောသောသူ ဟူ၍ ခေါ်ဆိုခြင်းသဘောဖြစ်ပါသည်။ အကြောင်းမှာ ငါတို့အားလုံးအပြစ်ရှိကြသည်ဟု ကိုယ်တော်မိန့်တော်မူ၏။ ( ရှု ၊ rc://*/ta/man/translate/figs-explicit )

နှုတ်ကပတ်တော်လည်း ငါတို့၌ မရှိ၊

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့်ရိုသေခြင်းသည် ယုံကြည်သူများ၏ အတွင်းစိတ်နှလုံးထဲ၌ ကိုယ်တော်၏ နှုတ်ကပတ်တော်ရှိသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ - ငါတို့သည် ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သဘောပေါက်ခြင်း မရှိ၊ နာခံခြင်းလည်း မရှိပါ။ (ရှု ၊ rc://*/ta/man/translate/figs-metaphor )