my_tn/1jn/01/05.md

4.1 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအခန်းကြီး (၁) မှ အခန်းကြီး (၂) တွင် အခြားသော ယုံကြည်သူများအပါအဝင်၊ ဘုရားသခင်နှင့်အတူ နီးကပ်သော ဆက်စပ်မှုပြုခြင်းတည်းဟူသော - မိဿဟာရပြုခြင်း အကြောင်းကို ယောဟန်က ရေးသားထားခြင်းဖြစ်ပါသည်။

ယေဘုယျအချက်အလက်

ဤနေရာ၌ 'ငါတို့' နှင့် 'သင်တို့' ဟူသော ဝေါဟာရစကားလုံးများသည် ယောဟန်လိပ်မူ၍ရေးသားသော လူတို့အပါအဝင် ယုံကြည်သူများ အားလုံးတို့ကို ဆိုလိုပါသည်။ အခြားဖော်ပြထားခြင်းမရှိလျှင် ထိုအရာမှာ ဤဩဝါဒစာ၌ ကြွင်းအပိုင်းတို့အတွက် ဆိုလိုရင်း အဓိပ္ပါယ်ဖြစ်သွားပါမည်။ ( ရှု ၊ rc://*/ta/man/translate/figs-inclusive )

ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။

ဘုရားသခင်၏ ဖြူစင်တော်မူခြင်းနှင့်သန့်ရှင်းတော်မူခြင်းမှာ လုံးဝစုံလင်ပြည့်ဝကြောင်းဆိုလိုပါသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဘုရားသခင်သည် ဖြူစင်သော အလင်းကဲ့သို့ ဖြောင့်မတ်စုံလင်တော်မူ၏" ဟုဆိုလိုပါသည် ။ ( ရှု ၊ rc://*/ta/man/translate/figs-metonymy )

ဘုရားသခင်(သူ)၌ မှောင်မိုက်အလျှင်းမရှိ၊

ဘုရားသခင်သည် အပြစ်ဒုစရိုက်များကို အလျှင်းမပြု။ ကိုယ်တော်၌ မကောင်းမှုဟူ၍ မရှိပါ။ အခြားသောဘာသာပြန်ဆိုချက်မှာ- "ကိုယ်တော်၌ မှောင်မိုက်ခြင်း အပြစ်မရှိပါ"။ ( ရှု ၊ rc://*/ta/man/translate/figs-metaphor )

မှောင်မိုက်၌ ကျင်လည်ခြင်း။

ဤသည်မှာ " မကောင်းမှုဒုစရိုက်ကို လက်တွေ့ကျင့်သုံးခြင်း" သို့မဟုတ် "ဒုစရိုက်ကို လုပ်ခြင်း" ဟူ၍ ဖြစ်ပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-metaphor )

အလင်း၌ ကျင်လည်ခြင်း။

ဤသည်မှာ "ကောင်းမြတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း" သို့မဟုတ် " ကောင်းသောအမှုကို လုပ်ဆောင်ခြင်း" ကိုဆိုလိုပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-metaphor )

ယေရှုခရစ်တော်၏ အသွေးတော်၊

ဤအချက်က "ယေရှုအသေခံတော်မူခြင်းကို ညွှန်းဆိုပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-metonymy )

သားတော်၊

ဤအရာမှာ ဘုရားသခင်၏ သားတော် ယေရှုအတွက်ရေးပါသော အမည်နာမ တစ်ပါးဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/guidelines-sonofgodprinciples )