my_tn/1jn/01/03.md

2.7 KiB

ယေဘုယျ အချက်အလက်၊

ဤနေရာ၌ "ငါတို့သည်" ၊ "ငါတို့နှင့်" ဟူသော ဝေါဟာရစကားလုံးတို့သည် ယောဟန်အပါအဝင် ယေရှုနှင့် အတူရှိခဲ့ကြသော လူတို့ကို ညွှန်းဆိုထားပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-exclusive )

ငါတို့ကြားမြင်ရသော အရာကို သင်တို့အား ပြသကြ၏။

" ငါတို့ကြား၍ မြင်ရသော အရာတို့ကို သင်တို့အား ငါတို့ ပြောဆိုပါသည်။"

ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာရဖွဲ့ရသည် ဖြစ်၏။

" ငါတို့သည် ခမည်းတော်ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်သည်ဖြစ်၍၊ ငါတို့နှင့် ရင်းနှီးကျွမ်းဝင်သောသူ ဖြစ်ကြပါစေ။"

ငါတို့နှင့်မိဿဟာရဖွဲ့ခြင်း၊

ရှင်ယောဟန်သည် သူ၏စာဖတ် ပရိသတ်တို့ကို ရေတွက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း ပြုလုပ်သည်မှာ မရှင်းလင်းပါ။ ထို့ကြောင့် အလျဉ်းသင့်သလို ဆီလျော်အောင်ဘာသာပြန်နိုင်သည်။

ခမည်းတော် . . . သားတော်

ဤသည်မှာ ဘုရားသခင်နှင့် သခင်ယေရှုစပ်ကြား ဆက်စပ်မှုကို ဖော်ပြရာတွင် အရေးကြီးသောဂုဏ်ပုဒ်များဖြစ်ပါသည်။ ( ရှု ၊ rc://*/ta/man/translate/guidelines-sonofgodprinciples )

သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၊

"သင်တို့၏ ဝမ်းမြောက်ခြင်း ပြည့်စုံစေရန်" သို့မဟုတ် " သင်တို့ကိုယ်တိုင် ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စေရန်"။