my_tn/1jn/01/01.md

6.6 KiB

ဆက်စပ်မှုဖော်ပြချက်

ဤကျမ်းသည် ရည်ရွယ်ချက် နှစ်မျိုးဖြင့် အစပြုသည်။ ၄င်းတို့မှာ မိဿဟာရဖွဲ့ခြင်းနှင့် ၀မ်းမြောက်ခြင်းဖြစ်သည်။

ယေဘုယျအချက်အလက်

တမန်တော်ယောဟန်သည် ဤဩ၀ါဒစာကို ယုံကြည်သူများထံသို့ ရေးသားခဲ့ပါသည်။ "သင်" ၊ "သင်၏" ၊ "သင်တို့၏" ဟူသော ​စကားလုံးတို့မှာ ယုံကြည်သူများအားလုံးပါ၀င်ပြီး၊ အများနာမ်စားဖြစ်ပါသည်။ ဤနေရာ၌ "ကျွန်ုပ်တို့" နှင့် "ကျွန်ုပ်တို့ကို" ဟူသော ​စကားလုံးတို့သည် တမန်တော်ယောဟန်၊ သခင်ယေရှုနှင့်အတူ ရှိခဲ့ကြသောသူတို့ကို ရည်ညွှန်းပါသည်။ (ရှု ၊ [[rc:///ta/man/translate/figs-you]] and [[rc:///ta/man/translate/figs-exclusive]])

ယေဘုယျအချက်အလက် (General Information)

Not Applicable.

ရှေ့ဦးစွာကပင်ဖြစ်၍၊

"ရှေ့ဦးစွာကပင်ဖြစ်၍" ဟူသောစကားစုသည် ခပ်သိမ်းသောအရာများ မဖန်ဆင်းမှီ ယေရှုအသက်ရှင်တည်တော်မူကြောင်းကို ညွှန်းဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - ခပ်သိမ်းသောအရာများ မဖန်ဆင်းမှီ အသက်ရှင်တည်ရှိသော ယေရှုအကြောင်း သင်တို့အားရေးသားလိုက်ပါသည်။

အစ အဦး

"ခပ်သိမ်းသောအရာများ၏ အစ အဦး" သို့မဟုတ် "ကမ္ဘာလောကကို ဖန်ဆင်းခြင်း"။

ငါတို့သည် ကိုယ်တိုင်ကြားလျက်၊

"ကျွန်တော်တို့ ကြားနာရသော ကိုယ်တော်၏ သွန်သင်ခြင်း"

ကိုယ်မျက်စိနှင့် မြင်လျက်၊ စေ့စေ့ကြည့်ရှု၍

အခြားသောဘာသာပြန်ဆိချက်မှာ "ကျွန်တော်တို့ ကိုယ်တိုင်မြင်ခဲ့ပြီးသော" ဆိုသည့် အချက်ကို အကြိမ်ကြိမ် အထူးပြုထားခြင်းဖြစ်ပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-parallelism )

အသက်ရှင်သော နှုတ်ကပတ်တော်

" အသက်ရှင်သော နှုတ်ကပတ်တော် " သည် ယေရှုဖြစ်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ - ယေရှုသည် လူတို့အား ထာ၀ရအသက်ရှင်ရာ အကြောင်းဖြစ်ပါသည်။ (ရှု ၊ rc://*/ta/man/translate/figs-metonymy )

အသက်

ဤဩဝါဒစာ တစ်ခုလုံး၌ "အသက်" ဟူသော ဝေါဟာရ စကားလုံးသည် ကိုယ်ခန္ဓာနှင့် ဆိုင်သော အသက်ကို ဆိုလိုခြင်းမဟုတ်။ ထာဝရအသက်တည်းဟူသော ယေရှုကို ဆိုလိုပါသည်။ ( ရှု ၊ rc://*/ta/man/translate/figs-metonymy )

ထိုအသက်သည် ထင်ရှားခဲ့ပြီ။

အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို သိစေတော်မူ၏။" သို့မဟုတ် "ဘုရားသခင်သည် ထာဝရအသက်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အား ထင်ရှားစေတော်မူ၏။" ( ရှု ၊ rc://*/ta/man/translate/figs-activepassive )

ငါတို့လည်း မြင်ရကြပြီ

ကျွန်ုပ်တို့သည်လည်း ကိုယ်တော်အား မြင်ရကြပြီ။

ငါတို့သည် သက်သေခံ၍ ပြသကြ၏။

ကျွန်ုပ်တို့သည် သူတပါးတို့အား ကိုယ်တော်အကြောင်းကို တည်ကြည်စွာ ဟောပြောကြ၏။

ထာဝရအသက်

ဤနေရာ၌ "ထာဝရအသက်" သည် အသက်ကိုပေးတော်မူသောသူ တည်းဟူသော ယေရှုကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကျွန်ုပ်တို့အား ထာဝရကာလတိုင်အောင် အသက်ရှင်ရန် စွမ်းဆောင်ပေးနိုင်သောသူ ယေရှု ဟူ၍ ဖြစ်ပါသည်။

ခမည်းတော်နှင့်အတူ ရှိခဲ့ဘူး၍၊

" ခမည်းတော် ဘုရားသခင်နှင့်အတူ ရှိတော်မူသောသူ"

ငါတို့အား ထင်ရှားခဲ့ပြီးသော၊

ဤသည်မှာ ကိုယ်တော်သည် မြေကြီးပေါ်၌ အသက်ရှင်တည်ရှိတော်မူခဲ့ခြင်း အချိန်ကာလ ကိုဆိုလိုပါသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ " ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် အတူရှိတော်မူရန် ကြွလာတော်မူခဲ့ပါသည်။" ( ရှု ၊ rc://*/ta/man/translate/figs-activepassive )