my_tn/1co/09/24.md

5.2 KiB

ဆက်စပ်မှုဖော်ပြချက်

ပေါလုသည် သူ၏ လွတ်ခြင်းအခွင့်အား ခရစ်တော်၌ သူ့ ကိုယ်သူ စည်းကမ်းချထားပါသည်။

မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။

ပေါလုသည် ကောရိန္တုလူများက သူတို့ သိထားပြီးသောအရာများကို သတိပေးခြင်းအားဖြင့် လမ်းညွှန်မှု အသစ်ကို သူပေးနိုင်မည်ဖြစ်သည်။ "ငါသတိပေးပါရစေ၊ အပြေးပြိုင်ပွဲ၌ အပြေးသမားများ ပြိုင်ကြသော်လည်း တစ်ဦးတည်းသော အပြေးသမားကသာ ဆုရရှိမည်ဖြစ်ပါ သည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အပြေးပြိုင်ခြင်း။

ခရစ်ယာန် အသက်တာနှင့် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းကို အားကစားပြိုင်ပွဲ၌ အပြေးပြိုင်ခြင်းနှင့် ပေါလုက နှိုင်းယှဉ်ထားပါသည်။ အပြေးပြိုင်ပွဲမှာကဲ့သို့ပင် ခရစ်ယာန်အသက်တာနှင့် အလုပ်သည် ခိုင်မာသော စည်း ကမ်းသည် အပြေးသမားအတွက် လိုအပ်သကဲ့သို့ ခရစ်ယာန်အသက်တာ၌လည်း အပြေးပြိုင်ပွဲကဲ့သို့ပင် တိကျသောပန်းတိုင် ထားရှိဘို့ လိုအပ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဆုကို ရမည်အကြောင်း ပြေးကြလော့။

အားကစားပြိုင်ပွဲ၌ ဆုပေးရသကဲ့သို့ ဘုရားသခင်သည် သူ၏ သစ္စာရှိသော လူများအား ဆုပေးမည်ဖြစ်ကြောင်း ပေါလုက ပြောနေခြင်းဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်....မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်

ပန်းဦးရစ်သည် သစ်ရွက်စည်းများကို အတူတကွလိမ်ကျစ် ထားခြင်းဖြစ်သည်။ ပန်းဦးရစ်များကို အားကစားပြိုင်ပွဲ များနှင့် အပြေးပြိုင်ပွဲများ၌ အောင်နိုင်သူများအား ဆုအ ဖြစ် ချီးမြှင့်ထားခြင်းဖြစ်သည်။ ပေါလုသည် ထာဝရအသက်အား မညိုးနွမ်းနိုင်သော ပန်းဦးရစ်သဖွယ် ပြောပြ ထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါပြေးသောအခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်

" ငါပြေးသောအခါ ဘာကြောင့်ပြေးသည်ကို ကောင်းစွာ သိထားသလို လက်ဝှေ့ထိုးသတ်သောအခါ ဘာလုပ်သည် ကို သိထားပါသည်။ " (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊

အခြားသောဘာသာပြန်ဆိုချက်၊ "စီရင်သောသူက စည်းကမ်း ချက်များ ငါလိုက်နာသည်ဟု ပြောနိုင်သည်" ဤကိစ္စ၌ "စီရင်သူ" ပေါလုသည် အရည်အချင်း မပြည့်မီသောသူ ဖြစ်နိုင်ကြောင်း ဘုရားသခင်၏ ပုံဆောင်ချက်အဖြစ် ဖော်ပြ ထားပါသည်။ (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-doublenegatives]] and rc://*/ta/man/translate/figs-metaphor)