my_tn/1co/06/19.md

3.1 KiB

သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။

ပေါလုသည် ကောရိန္တုလူများအား သူတို့ သိပြီးသားအရာများကို အသားပေးပြီး ဆက်လက်သင်ကြားထားပါ သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကို သတိပေးလိုသည်မှာ... ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာကို သင်တို့ကိုယ်တိုင် မပိုင်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်တို့ကိုယ်ခန္ဓာ

ခရစ်ယာန်အယောက်စီတိုင်း၏ ကိုယ်ခန္ဓာသည် သန့်ရှင်း သောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်

ဗိမာန်တစ်ဆူသည် ဘုရားနှင့်ဆိုင်သော အရာအတွက် ဆက်ကပ်ထားခြင်းဖြစ်ပြီး ထိုအထဲ၌ပင် ကိန်းဝပ်နေပါ သည်။ ထိုနည်းတူပင် ကောရိန္တုယုံကြည်သူတိုင်း၏ ခန္ဓာကိုယ်သည်လည်း ဗိမာန်ကဲ့သို့ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့နှင့်အတူ ရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊

ကောရိန္တုလူများသည် အပြစ်၏ ကျေးကျွန်မှ လွတ်မြောက်ဘို့ရန် ဘုရားသခင်က ဝယ်ယူခဲ့ပြီးပြီ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လွတ်လပ်မှုအတွက် ဘုရားသခင် ဝယ်ယူပြီးပြီ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဖြစ်သောကြောင့်

"ထိုအတွက်ကြောင့် ဤအရာ မှန်ကန်သည်။"