my_tn/1co/03/12.md

4.6 KiB

ယေဘုယျအချက်အလက်

ကောရိန္တုအသင်းတော်အတွက် အမှန်တကယ်လုပ်ရမည့် သင်ကြားမှုပြုသူ ဆရာများအကြောင်းကို ပေါလုက အဆောက်အဦး တစ်လုံးဆောက်လုပ်သောအခါ လုပ်လေ့လုပ်ထရှိ သောအရာများနှင့် ဖော်ပြပြောဆိုပါသည်။ အဆောက်အဦးကို အလှဆင်ထားရန်အတွက် ရွှေ၊ ငွေ သို့ မဟုတ် အဖိုးတန်ကျောက်များကို အသုံးပြုထားပါသည်။

ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သော

တစ်စုံတစ်ဦး၏ ဘဝအသက်တာတွင် မိမိ၏ ကိုယ်ကျင့်တရားနှင့် လုပ်ဆောင်မှုများကို တည်ဆောက်ရန်လိုအပ်သော ဝိညာဉ်ရေးရာ တန်ဖိုးများကို အဆောက်အဦး သစ်တစ်လုံးဆောက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် နှိုင်းယှဉ်ထားပါသည်။ တစ်နည်းအားဖြင့် "အဖိုးတန်သော ပစ္စည်းများနှင့် ဆောက်လုပ်သောသူဖြစ်စေ ဈေးပေါသောပစ္စည်းများနှင့်ဆောက်လုပ်သောသူဖြစ်စေ နောက်ဆုံးတွင် လွယ်ကူစွာ မီးလောင်ကျွမ်းရမည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျောက်ကောင်း

" တန်ဖိုးကြီးသော ကျောက်များ "

အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "အယောက်စီတိုင်း ဆောက်လုပ်သော လုပ်ဆောင်မှုကို ဘုရားသခင်က ဖော်ပြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘော်ပြချိန် နေ့ရက် သည် ထင်ရှားစေလိမ့်မည်။

ဤနေရာ၌ "နေ့ရက်" ဟူသည် အယောက်စီတိုင်းအား ဘုရားသခင် တရားစီရင်မည့်အချိန်ကို ပုံဆောင်သည်။ ဤ ယုံကြည်သူများ၏ လုပ်ဆောင်ချက်ကို အယောက်စီတိုင်းအား ဘုရားသခင်က ပြသသောအခါ ညအချိန်တွင် ဖြစ်ပျက်နေ မှုများ နေ့အချိန်တွင် ထင်ရှားလာသကဲ့သို့ ဖြစ်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။

မီးသည် အဆောက်အဦးတစ်ခု၏ ခံနိုင်ရည် သို့မဟုတ် ဖျက်ဆီးနိုင်သောအားနည်းချက်များကို ထင်ရှားစေနိုင်သ ကဲ့သို့ လူ၏လုံ့လနှင့် လုပ်ဆောင်ချက်များကို ဘုရားသခင်က မီးအားဖြင့် တရားစီရင်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အလုပ်၏ အရည်အသွေးကို ဘုရားသခင်က မီးအားဖြင့် ပြသလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)