my_tn/1co/03/03.md

28 lines
4.7 KiB
Markdown

# ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏
လောကီတပ်မက်ခြင်း သို့မဟုတ် အပြစ်ရှိနေကြသေးသည်။
# သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
ပေါလုသည် ကောရိန္တု ယုံကြည်သူများအား သူတို့၏ ပြစ်မှုကျင့်စဉ်များအတွက် ပြင်းထန်စွာ အပြစ်တင်လိုက် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကိုယ်တိုင် လောကီအသက်ရှင်မှုနှင့် အပြစ်ကို ဆာငတ်သော အသက်သည့်အတွက် ရှက်ကြောက်သင့်ပါသည်။" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။
ပေါလုက ကောရိန္တုလူများအား ပြင်းထန်စွာ အပြစ် တင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ရှက်သင့်သည်။ အကြောင်းမှာ ဝိညာဉ်အသက်မရှိသော သူများကဲ့သူ ပြုမူအသက်ရှင်နေထိုင်သောကြောင့်ဖြစ်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။
ပေါလု လေးနက်စေသည်မှာ သူနှင့်အာပေါလုတို့သည် သတင်းကောင်း၏ အခြေခံအရင်းအမြစ် မဟုတ်ကြ။ ထို့ ကြောင့် ကောရိန္တုလူများက သူတို့ကို လိုက်နာဖို့မလိုပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "အာပေါလု သို့မဟုတ် ပေါလုတို့‌နောက်ကို လိုက်လျှောက်ဘို့ အုပ်စုဖွဲ့ခြင်းမှာ မှားယွင်းသည်။" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# ပေါလုကားအဘယ်သူနည်း။
ပေါလုသည် သူကိုယ်တိုင်ကို တစ်ခြားတစ်စုံတစ်ဦးကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ "ငါဟာ မည်သူနည်း" သို့မဟုတ် "တစ်နည်းအားဖြင့် ငါဟာ အရေးကြီးသောသူ မဟုတ်ပါ။" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။
သူနှင့် အာပေါလုသည် ဘုရားသခင်၏ အစေခံများသာ ဖြစ်ကြောင်းကို ပေါလုက မိမိ၏ မေးခွန်းဖြင့်ပင် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပေါလုနှင့် အာပေါလုတို့သည် ခရစ်တော်၏ အစေခံများဖြစ်ပြီး သင်တို့သည် ခရစ်တော်ကို ယုံကြည်နိုင်ခြင်းမှာ သူ့အမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]] and [[rc://*/ta/man/translate/figs-metonymy]])
# ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်။
" ငါတို့သည် ဘုရားသခင် တာဝန်ပေးထားသော လူများသာ ဖြစ်သည်ကို ယုံကြည်ကြပါ" (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]])