Thu Dec 10 2020 10:09:54 GMT+0630 (Myanmar Time)

This commit is contained in:
DMS 2020-12-10 10:09:55 +06:30
parent 7293e57f0f
commit 511c03c47b
8 changed files with 8 additions and 0 deletions

1
18/03.txt Normal file
View File

@ -0,0 +1 @@
သို့သော် ဆော်လမွန်သည် အခြားနိုင်ငံများမှ အမျိုးသမီးများကို နှစ်ခြိုက်သဖြင့် ၎င်းသည် အမျိုးသမီးတစ်ထောင်ခန့်အား လက်ထပ်ထိမ်းမြားကာ ဘုရားရှင်စကားအား လွန်ဆန်ခဲ့လေသည်။ များစွာသော ထိုအမျိုးသမီးများသည် အခြားတိုင်းပြည်များမှဖြစ်ပြီး ၎င်းတို့ကိုးကွယ်သည့် ဘုရားများအား အတူယူဆောင်လာပြီး ဆက်လက်ကိုးကွယ်ခဲ့ကြလေသည်။ ဆော်လမွန်အိုမင်းလာသောအခါတွင် သူတို့၏ ဘုရားများကိုလည်း ကိုးကွယ်လေသည်။

1
18/04.txt Normal file
View File

@ -0,0 +1 @@
ဘုရားရှင်သည် ထိုအကြောင်းများကြောင့် ဆော်လမွန်အား စိတ်ဆိုးကာ ဣသရေလအား နှစ်ခြမ်းခွဲကာ အပြစ်ပေးမည်ဟု မိန့်ကြားခဲ့ပြီး ဆော်လမွန်သေဆုံးသွားသောအခါတွင် ၎င်းကဲ့သို့ပြုလုပ်ကာ အပြစ်ပေးလေသည်။

1
18/05.txt Normal file
View File

@ -0,0 +1 @@
ဆော်လမွန် သေဆုံးပြီးနောက် သူ၏သား ရောဗောင်ဘုရင်ဖြစ်လာသဖြင့် ဣသရေလတွင်ရှိသော လူအများက ၎င်းအားဘုရင်အဖြစ်တင်မြှောက်ရန် စုရုံးလာကြလေသည်။ ၎င်းတို့သည် ဆော်လမွန်ဘုရင် လက်ထက်တွင် အခွန်များအလွန်ကောက်ပြီး အလုပ်များအလွန်ခိုင်းသည်ဟု ရောဗောင်အား ညည်းတွားပြောကြားကြပြီး ၎င်းတို့အား အလုပ်များလျှော့ခိုင်းစေရန် ပြောကြားကြသည်။

1
18/06.txt Normal file
View File

@ -0,0 +1 @@
ရောဗောင်က “သင်တို့သည် ကျွန်ုပ်ဖခင် ဆော်လမွန်က သင်တို့အား အလုပ်အလွန်ခိုင်းသည်ဟု ပြောကြသည်။ သို့သော် ကျွန်ုပ်သည် သူထက်ပို၍ ဆိုးဝါးစွာဖြင့် သင်တို့အား ခိုင်းစေမည်” ဟု အလွန်ရူးသွပ်စွာ ပြောကြားလိုက်လေသည်။

1
18/07.txt Normal file
View File

@ -0,0 +1 @@
သူဤကဲ့သို့ပြောသည်ကို ကြားသောအခါ လူအများစုက ၎င်းအားပုန်ကန်ကြသဖြင့် လူမျိုးစုဆယ်မျိုးသည် ၎င်းထံမှ ထွက်ခွာသွားသဖြင့် လူမျိုးစုနှစ်စုသာ ၎င်းထံ၌ ကျန်ရှိနေခဲ့လေသည်။ ကျန်ရှိသော လူမျိုးစုနှစ်စုကလည်း ၎င်းတို့ကိုယ် ၎င်းတို့က ယုဒ၏နိုင်ငံတော်ဟု သူ့ကိုယ်သူ သတ်မှတ်ကြလေသည်။

1
18/08.txt Normal file
View File

@ -0,0 +1 @@
ကျန်လူမျိုးစုဆယ်မျိုးသည် ယေရောဗောင် ဟုခေါ်သော လူတစ်ဦးအား ၎င်းတို့၏ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်လေသည်။ ထိုလူမျိုးစုများသည် မြောက်ပိုင်းတွင် တည်ရှိကြပြီး ၎င်းတို့ကိုယ်၎င်းတို့က ဣသရေလ၏ နိုင်ငံတော်ဟု သတ်မှတ်ကြလေသည်။

1
18/09.txt Normal file
View File

@ -0,0 +1 @@
ရောဗောင် သည် ဘုရားရှင်အား ဆန့်ကျင်ကာ လူအများကို အပြစ်များ ကျူးလွန်စေသည်။ သူသည် သူ၏လူမျိုးများကိုးကွယ်ရန်အတွက် ရုပ်တုနှစ်ခုထုပေးထားသဖြင့် ၎င်းတို့သည် ဘုရားရှင်အား ကိုးကွယ်ရန် ယေရုရှလင်ရှိ ဗိမာန်တော်သို့ သွားရောက်ခြင်း မပြုကြတော့ပေ။

1
18/10.txt Normal file
View File

@ -0,0 +1 @@
ယုဒနိုင်ငံတော်နှင့် ဣသရေလတို့သည် ရန်သူများဖြစ်လာကြပြီး မကြာခဏ အချင်းချင်းတိုက်ခိုက်ကြတော့သည်။