From 511c03c47b6157808900ec3000ec410838704120 Mon Sep 17 00:00:00 2001 From: DMS Date: Thu, 10 Dec 2020 10:09:55 +0630 Subject: [PATCH] Thu Dec 10 2020 10:09:54 GMT+0630 (Myanmar Time) --- 18/03.txt | 1 + 18/04.txt | 1 + 18/05.txt | 1 + 18/06.txt | 1 + 18/07.txt | 1 + 18/08.txt | 1 + 18/09.txt | 1 + 18/10.txt | 1 + 8 files changed, 8 insertions(+) create mode 100644 18/03.txt create mode 100644 18/04.txt create mode 100644 18/05.txt create mode 100644 18/06.txt create mode 100644 18/07.txt create mode 100644 18/08.txt create mode 100644 18/09.txt create mode 100644 18/10.txt diff --git a/18/03.txt b/18/03.txt new file mode 100644 index 0000000..ffcb0b7 --- /dev/null +++ b/18/03.txt @@ -0,0 +1 @@ +သို့သော် ဆော်လမွန်သည် အခြားနိုင်ငံများမှ အမျိုးသမီးများကို နှစ်ခြိုက်သဖြင့် ၎င်းသည် အမျိုးသမီးတစ်ထောင်ခန့်အား လက်ထပ်ထိမ်းမြားကာ ဘုရားရှင်စကားအား လွန်ဆန်ခဲ့လေသည်။ များစွာသော ထိုအမျိုးသမီးများသည် အခြားတိုင်းပြည်များမှဖြစ်ပြီး ၎င်းတို့ကိုးကွယ်သည့် ဘုရားများအား အတူယူဆောင်လာပြီး ဆက်လက်ကိုးကွယ်ခဲ့ကြလေသည်။ ဆော်လမွန်အိုမင်းလာသောအခါတွင် သူတို့၏ ဘုရားများကိုလည်း ကိုးကွယ်လေသည်။ \ No newline at end of file diff --git a/18/04.txt b/18/04.txt new file mode 100644 index 0000000..ef09906 --- /dev/null +++ b/18/04.txt @@ -0,0 +1 @@ +ဘုရားရှင်သည် ထိုအကြောင်းများကြောင့် ဆော်လမွန်အား စိတ်ဆိုးကာ ဣသရေလအား နှစ်ခြမ်းခွဲကာ အပြစ်ပေးမည်ဟု မိန့်ကြားခဲ့ပြီး ဆော်လမွန်သေဆုံးသွားသောအခါတွင် ၎င်းကဲ့သို့ပြုလုပ်ကာ အပြစ်ပေးလေသည်။ \ No newline at end of file diff --git a/18/05.txt b/18/05.txt new file mode 100644 index 0000000..09bced5 --- /dev/null +++ b/18/05.txt @@ -0,0 +1 @@ +ဆော်လမွန် သေဆုံးပြီးနောက် သူ၏သား ရောဗောင်ဘုရင်ဖြစ်လာသဖြင့် ဣသရေလတွင်ရှိသော လူအများက ၎င်းအားဘုရင်အဖြစ်တင်မြှောက်ရန် စုရုံးလာကြလေသည်။ ၎င်းတို့သည် ဆော်လမွန်ဘုရင် လက်ထက်တွင် အခွန်များအလွန်ကောက်ပြီး အလုပ်များအလွန်ခိုင်းသည်ဟု ရောဗောင်အား ညည်းတွားပြောကြားကြပြီး ၎င်းတို့အား အလုပ်များလျှော့ခိုင်းစေရန် ပြောကြားကြသည်။ \ No newline at end of file diff --git a/18/06.txt b/18/06.txt new file mode 100644 index 0000000..dada114 --- /dev/null +++ b/18/06.txt @@ -0,0 +1 @@ +ရောဗောင်က “သင်တို့သည် ကျွန်ုပ်ဖခင် ဆော်လမွန်က သင်တို့အား အလုပ်အလွန်ခိုင်းသည်ဟု ပြောကြသည်။ သို့သော် ကျွန်ုပ်သည် သူထက်ပို၍ ဆိုးဝါးစွာဖြင့် သင်တို့အား ခိုင်းစေမည်” ဟု အလွန်ရူးသွပ်စွာ ပြောကြားလိုက်လေသည်။ \ No newline at end of file diff --git a/18/07.txt b/18/07.txt new file mode 100644 index 0000000..41a3e3d --- /dev/null +++ b/18/07.txt @@ -0,0 +1 @@ +သူဤကဲ့သို့ပြောသည်ကို ကြားသောအခါ လူအများစုက ၎င်းအားပုန်ကန်ကြသဖြင့် လူမျိုးစုဆယ်မျိုးသည် ၎င်းထံမှ ထွက်ခွာသွားသဖြင့် လူမျိုးစုနှစ်စုသာ ၎င်းထံ၌ ကျန်ရှိနေခဲ့လေသည်။ ကျန်ရှိသော လူမျိုးစုနှစ်စုကလည်း ၎င်းတို့ကိုယ် ၎င်းတို့က ယုဒ၏နိုင်ငံတော်ဟု သူ့ကိုယ်သူ သတ်မှတ်ကြလေသည်။ \ No newline at end of file diff --git a/18/08.txt b/18/08.txt new file mode 100644 index 0000000..f3f7780 --- /dev/null +++ b/18/08.txt @@ -0,0 +1 @@ +ကျန်လူမျိုးစုဆယ်မျိုးသည် ယေရောဗောင် ဟုခေါ်သော လူတစ်ဦးအား ၎င်းတို့၏ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်လေသည်။ ထိုလူမျိုးစုများသည် မြောက်ပိုင်းတွင် တည်ရှိကြပြီး ၎င်းတို့ကိုယ်၎င်းတို့က ဣသရေလ၏ နိုင်ငံတော်ဟု သတ်မှတ်ကြလေသည်။ \ No newline at end of file diff --git a/18/09.txt b/18/09.txt new file mode 100644 index 0000000..9b7c330 --- /dev/null +++ b/18/09.txt @@ -0,0 +1 @@ +ရောဗောင် သည် ဘုရားရှင်အား ဆန့်ကျင်ကာ လူအများကို အပြစ်များ ကျူးလွန်စေသည်။ သူသည် သူ၏လူမျိုးများကိုးကွယ်ရန်အတွက် ရုပ်တုနှစ်ခုထုပေးထားသဖြင့် ၎င်းတို့သည် ဘုရားရှင်အား ကိုးကွယ်ရန် ယေရုရှလင်ရှိ ဗိမာန်တော်သို့ သွားရောက်ခြင်း မပြုကြတော့ပေ။ \ No newline at end of file diff --git a/18/10.txt b/18/10.txt new file mode 100644 index 0000000..551f503 --- /dev/null +++ b/18/10.txt @@ -0,0 +1 @@ +ယုဒနိုင်ငံတော်နှင့် ဣသရေလတို့သည် ရန်သူများဖြစ်လာကြပြီး မကြာခဏ အချင်းချင်းတိုက်ခိုက်ကြတော့သည်။ \ No newline at end of file