DMS_GL_en_ta/translate/figs-youdual/01.md

12 KiB
Executable File

 ဖော်ပြချက်

အချို့ ဘာသာစကားများတွင် “သင်”  ဟူသော စကားလုံးသည် လူတစ်ယောက်အား ရည်ညွှန်းသော အခါတွင် “သင်”၏ တစ်ဦးဆိုင် ပုံစံ၊ “သင်”ဟူသော စကားလုံးသည် တစ်ယောက်ထက်ပိုသော လူများအား ရည်ညွှန်းသော အခါတွင် “သင်” ၏ အများဆိုင် ပုံစံ ဟူ၍ ရှိသည်။အချို့ ဘာသာစကားများ တွင် “သင်” သည် လူနှစ်ယောက်ကိုသာ ရည်ညွှန်းသော “သင်” ၏ နှစ်ဦးဆိုင် ပုံစံလည်းရှိသည်။ ယင်းဘာသာစကားများ အား ပြောဆိုသည့် ဘာသာပြန်သူများသည် ပြောဆိုသူသည် မည်သည်ကို ဆိုလိုသည်ကို အမြဲသိရန် လိုအပ်ပြီး ထိုမှသာ သူတို့၏ ဘာသာစကားတွင် “သင်” အတွက် မှန်ကန်သော စကားလုံးအား ရွေးချယ်နိုင်မည်ဖြစ်သည်။ အင်္ဂလိပ် ကဲ့သို့သော အခြား ဘာသာစကားများတွင် လူဘယ်နှ​ယောက်အား ရည်ညွှန်းသည့်အပေါ်  ပြောင်းလဲခြင်းမရှိပဲ လူတို့အသုံးပြု သည့် ပုံစံတစ်မျိုးသာရှိသည်။

သမ္မာကျမ်းစာသည် ပထမဦးစွာ Hebrew၊ Aramaic နှင့် ဂရိဘာသာစကားတို့ဖြင့် ရေးသား​ ခဲ့သည်။ ယင်းဘာသာစကားအားလုံးတွင် “သင်” ၏ တစ်ဦးဆိုင် ပုံစံနှင့် “သင်”၏ အများဆိုင် ပုံစံရှိကြသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအား ယင်းဘာသာစကားများတွင် ဖတ်သောအခါ၊ နာမ်စားများ နှင့် ကြိယာ ပုံစံများသည် ကျွန်ုပ်တို့အား “သင်” ဟူသော စကားလုံးသည် လူတစ်ယောက်ကိုဖြစ်စေ သို့မဟုတ် တစ်ယောက်ထက်ပိုသော လူတို့ကို ဖြစ်စေ ရည်ညွှန်းသည် ကို ပြသ သည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ကျွန်ုပ်တို့အား ယင်းတို့က လူနှစ်ဦးကိုသာဖြစ်စေ၊ နှစ်ဦးထက် ပိုသော လူတို့ကို ဖြစ်စေ ရည်ညွှန်းသည်ကို မပြသချေ။ အကယ်၍ နာမ်စားသည် “သင်” ဟူသော စကားလုံးက လူဘယ်နှယောက်အား ရည်ညွှန်းသည်ကို မပြသသောအခါ၊ ပြောဆိုသူသည် လူဘယ်နှယောက်အား ပြောနေသည်ကို သိရန် စာထဲတွင်ကြည့်ရန် လိုအပ်သည်။

ဘာသာပြန်ခြင်း၌အခက်အခဲဖြစ်ရခြင်း အကြောင်းပြချက်

  •  “သင်” ကွဲပြားသော ၏ တစ်ဦးဆိုင်၊ နှစ်ဦးဆိုင် နှင့် အများဆိုင် ပုံစံများရှိသော ဘာသာစကားများအား ပြောဆိုသည့် ဘာသာပြန်သူများသည် ပြောဆိုသူ ဆိုလိုသည်ကို အမြဲ  သိနေရန် လိုအပ်ပြီး ထိုမှသာ သူတို့၏ ဘာသာစကားတွင် “သင်” အတွက် မှန်ကန်သော စကားလုံးအား ရွေးချယ်ရန်လိုအပ်သည်။
  • များစွာသော ဘာသာစကားများတွင် ပြုလုပ်သူသည် တစ်ဦးဆိုင်ဖြစ်သည် သို့မဟုတ် အများဆိုင် ဖြစ်သည် အပေါ်မူတည်၍  ကွဲပြားသော ကြိယာ ပုံစံအမျိုးမျိုးရှိသည်။ အကယ်၍ ဤတွင် “သင်” ဟု အဓိပ္ပါယ်ရသော နာမ်စား မရှိစေကာမူ၊ ယင်းဘာသာစကားများ၏ ဘာသာပြန်သူများသည် ပြောဆိုသူက လူတစ်ဦး သ်ို့မဟုတ် တစ်ဦးထက်ပိုသောလူများကို ရည်ညွှန်းနေသည်ကို သိရန်လိုအပ်သည်။

တစ်ခါတစ်ရံတွင် “သင်” ဟူသည့် စကားလုံးသည် လူတစ်ဦးကိုဖြစ်စေ သို့မဟုတ် တစ်ဦးထက်ပိုသော လူတို့ကိုဖြစ်စေ ရည်ညွှန်းသည်ကို စာထဲတွင်ရှင်းလင်းစွာ ဖော်ပြထားသည်။ အကယ်၍ သင်သည် ဝါကျထဲရှိ အခြားနာမ်စားအား ကြည့်ပါက၊ ပြောဆိုသူသည် လူဘယ်နှယောက်အားဖော်ပြနေသည်ကို သိရန် ကူညီပါလိမ့်မည်။

သမ္မာကျမ်းစာမှ ဥပမာများ

ဇေဗေဒ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။ကိုယ်တော်က၊ ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေးတော်မူ၏။ (Mark 10:35-36 ULT)

ယေရှုသည် ယာကုပ်နှင့် ယောဟန် နှစ်ယောက် အား သူတို့အတွက် မည်ကဲ့သို့ လုပ်ပေးစေချင်သည်ကို မေးနေခြင်းဖြစ်သည်။ အကယ်၍ အဓိက ဘာသာစကားတွင် “သင်” ၏ နှစ်ဦးဆိုင် ပုံစံရှိပါက၊ ယင်းအား အသုံးပြုပါ။ အကယ်၍ အဓိကဘာသာစကားတွင်နှစ်ဦးဆိုင်  ပုံစံမရှိပါက၊ အများဆိုင် ပုံစံသည် သင့်တော်မည် ဖြစ်သည်။

တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တော်မူ၍၊ သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ယူခဲ့ကြဟု ဆို၏။ (Mark 11:1-2 ULT)

စာသည် ယေရှုက လူနှစ်ယောက်အား ဖော်ပြနေကြောင်း ရှင်းလင်းစေသည်။ အကယ်၍ အဓိကဘာသာစကားတွင် “သင်” ၏ နှစ်ဦးဆိုင်ပုံစံရှိပါက၊ယင်းအားအသုံးပြုပါ။ အကယ်၍အဓိကဘာသာစကားတွင်နှစ်ဦးဆိုင်ပုံစံမရှိပါက၊ အများဆိုင်ပုံစံသည် သင့်တော်မည် ဖြစ်သည်။

ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ (James 1:1-3 ULT)

 ယာကုပ်သည် ဤ စာအား လူအများဆီသို့ ရေးခြင်းဖြစ်ပြီး “သင်” သည် လူအများအား ရည်ညွှန်းသည်။ အကယ်၍အဓိကဘာသာစကားတွင်”သင်”၏ အများဆိုင် ပုံစံရှိပါက ယင်းသည် ဤတွင် အသုံးပြုရန် ဖြစ်သည်။

 “သင်” သည် လူဘယ်နှယောက်အား ရည်ညွှန်းသည်ကို ရှာဖွေရန် နည်းစနစ်များ

(1) အကယ်၍ မှတ်စုများသည် “သင်” သည် လူတစ်ယောက်ဖြစ်စေ သို့မဟုတ် တစ်ယောက်ထက်ပိုသော လူများကိုဖြစ်စေ ရည်ညွှန်းသည်ကို ပြောပြထားသလား သိနိုင်ရန် ယင်းတို့အား ကြည့်ပါ။

(2) အကယ်၍ UST သည် “သင်” သည် လူတစ်ယောက်ဖြစ်စေသို့မဟုတ် တစ်ယောက်ထက်ပိုသော လူများကို ဖြစ်စေ ရည်ညွှန်းသည်ကို ဖော်ပြရန် တစ်စုံတစ်ခုအား ရေးသားထားသလား သိနိုင်ရန် ယင်းတို့အား ကြည့်ပါ။

(3) အကယ်၍ သင့်တွင် တစ်ဦးဆိုင် “သင်” အား အများဆိုင် “သင်” မှ ခွဲခြားထားသော ဘာသာစကားဖြင့် ရေးသားထားသည့် သမ္မာကျမ်းစာရှိပါက၊ သမ္မာကျမ်းစာထဲရှိ ယင်းဝါကျထဲတွင် “သင်” ၏ မည်သည့်ပုံစံအား သုံးထားသည်ကို ကြည့်ပါ။

(4) ပြောဆိုသူသည် မည်သူ့အားပြောနေသည်နှင့် မည်သူသည် တုံ့ပြန်နေသည်ကို သိရန် စာထဲတွင် ကြည့်ပါ။

သင်သည် http://ufw.io/figs_youdual မှ ဗီဒီယို အားကြည့်ချင်ပါလိမ့်မည်။