DMS_GL_en_ta/translate/figs-sentencetypes/01.md

16 KiB

ဖော်ပြချက်

ဝါကျဆိုသည်မှာ  အတွေးတစ်ခုလုံးကို ဖော်ပြပေး သော စကားလုံး အစုအဝေးဖြစ်သည်။ အခြေ ခံဝါကျ အမျိုးအစားများအား အောက်တွင် သူတို့၏အဓိကအသုံးပြုပုံနှင့်တွဲ၍ ဖော်ပြပေးထားသည်။

  • ကြေညာချက်များ - ဤအရာများကို အချက်အလက်ပေးရာတွင် အဓိက အသုံးပြုသည်။” ဤ အရာသည် အချက်အလက်ဖြစ်သည်။”

  • မေးခွန်းများ - ဤအရာများကို အချက်အလက်များအား မေးမြန်းရာတွင် အဓိက အသုံးပြုသည်။ “ သူ့အားသိပါသလား”

  • အမိန့်ပေးဝါကျများ - လိုချင်သည့်အရာ သို့မဟုတ် တစ်စုံတစ်ယောက်အား တစ်ခုခုလုပ်ခိုင်းခြင်း တို့ကို ပြရာတွင် အဓိကအသုံးပြုသည်။ “ထိုအရာကို ကောက်ပါ”

  • အာမေဍိတ်ဝါကျများ - ပြင်းထန်သောခံစားချက်များအား ဖော်ပြရာတွင် အဓိက အသုံးပြုသည်။ “အား! နာလိုက်တာ”

ဘာသာပြန်ခြင်းရာ၌ အခက်အခဲဖြစ်ရခြင်းအကြောင်းပြချက်များ

  • ဘာသာစကားများတွင် ဝါကျပုံစံအမျိုးမျိုး၏လုပ်ဆောင်ပုံ တစ်ခုချင်းစီအား အသုံးပြု ပုံ အမျိုးမျိုးရှိသည်။
  • ဘာသာစကားအများစု၌ ထိုဝါကျပုံစံများအား အသုံးပြုပုံ တစ်ခုထက်ပို၍ အသုံးပြကြသည်။
  • သမ္မာကျမ်းစာထဲမှဝါကျတစ်ခုစီတိုင်းတွင် တိကျသောဝါကျပုံစံတစ်ခုနှင့် တိကျသောအသုံးပြုပုံ တစ်ခု ပိုင်ဆိုင်သော်လည်း အချို့သောဘာသာစကားများတွင် ထိုဝါကျအမျိုးအစားအား ထိုအသုံးပြုပုံအတွက် အသုံးပြုမည်မဟုတ်ချေ။

သမ္မာကျမ်းစာထဲမှဥပမာများ

အောက်ပါဥပမာများတွင် ပုံစံတစ်ခုစီကို ၎င်းတို့၏အဓိက အသုံးပြုပုံဖြင့် ဖော်ပြထားသည်။

ကြေညာချက်များ

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။  (ကမ္ဘာဦး ၁:၁ ULT)

ကြေညာချက်များတွင် အသုံးပြုပုံတစ်ခုထက်ပို၍ ရှိနိုင်သည်။ (Statements — Other Uses တွင်ကြည့်ပါ။)

မေးခွန်းများ

အောက်ပါ စကားပြောသူတို့သည် အချက်အလက်များအားသိရရန် မေးခွန်းများကို အသုံးပြုပြီး လူတို့သည် သူတို့၏မေးခွန်းများအား ပြန်ဖြေနေခြင်းဖြစ်သည်။

အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။ (မဿဲ ၉:၂၈ ULT)

ထောင်မှူးသည် သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။ ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ဆို၏။ (တမန်တော် ၁၆:၂၉-၃၁ ULT)

မေးခွန်းများတွင်လည်း အခြားအသုံးပြုပုံများရှိတတ်သည်။ ( Rhetorical Question တွင်ကြည့်ပါ။)

အမိန့်ပေးဝါကျများ

အမိန့်ပေးဝါကျများတွင် အမျိုးအစား အမျိုးမျိုးရှိသည်: အမိန့်ပေးခြင်း၊ ညွှန်ကြားချက်များ၊ အကြံပေးချက်များ၊ ဖိတ်ကြားချက်များ၊ခွင့်တောင်းခြင်းများ နှင့် ဆုတောင်းများ ပါဝင်သည်။

အမိန့်ပေးခြင်း ဖြင့်၊ ပြောဆိုသူသည် သူ၏ သြဇာအာဏာဖြင့် တစ်စုံတစ်ယောက်အား တစ်ခုခု စေခိုင်းရန် အသုံးပြုသည်။

ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖေါ်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။ (တောလည်ရာ ၂၃:၁၈ ULT)

ညွှန်ကြားချက် ဖြင့်၊ ပြောဆိုသူသည် တစ်စုံတစ်ယောက်အား တစ်ခုခုကို လုပ်ကိုင်ရန်ပုံစံအား ပြောဆိုသည်။

အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။( မဿဲ ၁၉:၁၇,၂၁ ULT)

အကြံပေးချက် ဖြင့်၊ ပြောဆိုသူသည် လူတစ်ယောက်အား ကူညီနိုင်မည်ဟုယူဆသောကြောင့် တစ်စုံတစ်ခုအား လုပ်သင့်၊ မလုပ်သင့် ပြောဆိုသည်။ အောက်ပါဥပမာတွင်  မျက်စိမမြင်သူနှစ်ယောက် အတွက် သူတို့အချင်းချင်း မဦးဆောင်လျင် အကောင်းဆုံးဖြစ်သည်။

လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။ (လုကာ ၆:၃၉ UST)

ပြောဆိုသူများသည် အကြံပေးချက်အတိုင်းလုပ်ဆောင်သည့် အဖွဲ့၏ အစိတ်အပိုင်း ဖြစ်ရန် ရည်ရွယ်သည်။ ကမ္ဘာဦး ၁၁ တွင် လူတို့သည် အုတ်ခဲများအား တူတူပြုလုပ်ရန်မှာ သူတို့အားလုံး အတွက် ပို၍ကောင်းသည် ဟုပြောနေကြခြင်းဖြစ်သည်။

သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။(ကမ္ဘာဦး ၁၁:၃ ULT)

ဖိတ်ကြားချက် ဖြင့်၊ ပြောဆိုသူသည် တစ်စုံတစ်ယောက် တစ်ခုခုလုပ်သောအခါ အကြံပေးရာတွင်ညယဥ်ကျေးမှူ သို့မဟုတ် ခင်မင်မှူတို့အား သူလိုချင်သည့်အခါတွင် ပြသခြင်း ဖြစ်သည်။ ဤအရာသည် ပြောဆိုသူက နားထောင်သူတို့ နှစ်သက်လိမ့်မည်ဟု ထင်သော အရာတစ်ခုဖြစ်သည်။

ငါတို့နှင့် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ (တောလည်ရာ ၁၀:၂၉)

ခွင့်တောင်းခြင်း ဖြင့်၊ ပြောဆိုသူသည် တစ်စုံတစ်ယောက်အား တစ်ခုခုလုပ်စေချင်ကြောင်း ပြောသည့်အခါ ယဥ်ကျေးမှူ အားအသုံးပြုသည်။ ဤသည်မှာ ခွင့်တောင်းခြင်းဖြစ်၍ အမိန့်ပေးခြင်း မဟုတ်ကြောင်း ရှင်းလင်းစေရန် “ ကျေးဇူးပြု၍ “ ဟူသော စာလုံးပါဝင်တတ်သည်။ ဤသည်မှာ ပြောဆိုသူအတွက် အကျိုးရှိစေမည့် အရာဖြစ်သည်။

အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ (မဿဲ ၆:၁၁ ULT)

အကျွန်ုပ်ကို လွှတ်ပါဦးလော့။ ( လုကာ ၁၄:၁၈ ULT)

ဆုတောင်းခြင်း ဖြင့်၊ လူတို့သည် ဖြစ်စေချင်သောအရာများအား ဖော်ပြသည်။ အင်္ဂလိပ်စာ၌ ထိုစာကြောင်းများသည် “ နိုင်ပါစေ “ သို့မဟုတ် “ပါစေ” ဟူသော စကားလုံးများဖြင့်စလေ့ရှိသည်။

ကမ္ဘာဦး ၂၈ တွင်၊ ဣဇာတ်သည် ဘုရားသခင်မှ သူ့အတွက်လုပ်ပေးစေချင်သောအရာအကြောင်း ယာကုပ် အားပြောပြသည်။

 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ (ကမ္ဘာဦး ၂၈:၃ ULT)

ကမ္ဘာဦး ၉ တွင်၊ နောဧ သည် ခါနာန်ပြည် အားဖြစ်သွားစေချင်သည့်အရာအား ပြောသည်။

ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ ကျွန်တို့၌ ကျွန်ဖြစ်ပါစေ ဟုဆို၏။ (ကမ္ဘာဦး ၉:၂၅ ULT)

ကမ္ဘာဦး ၂၁ တွင် ဟာဂရသည် သူ၏သား သေဆုံးခြင်းကို မမြင်လိုသော ပြင်းထန်သည့် ဆန္ဒအား ဖော်ပြ၍ သူ့သား သေဆုံးခြင်းကိုမမြင်လိုသောကြောင့် အဝေးအား ထွက်သွားခဲ့သည်။

ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆို၏။ ( ကမ္ဘာဦး ၂၁:၁၆ ULT)

အမိန့်ပေးဝါကျများတွင် အခြား အသုံးပြုပုံများလည်း ရှိနိုင်သည်။( Imperatives — Other Uses ကြည့်ပါ။)

အာမေဍိတ်ဝါကျများ

အာမေဍိတ်ဝါကျများ သည် ပြင်းထန်သော ခံစားချက်ကိုဖော်ပြသည်။  ULT နှင့် UST တို့တွင် စာကြောင်း၏ အဆုံး၌ အာမေဍိတ်အမှတ်အသား ပါလေ့ရှိသည်။

သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြ၏။ (မဿဲ ၈:၂၅ ULT)

အာမေဍိတ်ဝါကျများ ၏ အခြားပုံစံများနှင့် ဘာသာပြန်ရန် နည်းလမ်းများအား Exclamations တွင် ကြည့်ပါ။)

ဘာသာပြန်ခြင်းနည်းစနစ်များ (ဥပဒေသများ)

(1) ဝါကျတစ်ခုစီတွင် သူ၏ အသုံးပြုပုံ တစ်ခုစီ ရှိကြောင်းပြသရန် သင့်ဘာသာစကား၏ နည်းလမ်းအား အသုံးပြုပါ။

(2) သမ္မာကျမ်းစာထဲတွင်ပါဝင်သော ဝါကျတစ်ကြောင်း၏ ဝါကျပုံစံသည် သင်၏ဘာသာစကားရှိ ထိုဝါကျ၏ အသုံးပြုပုံအတိုင်း အသုံးမပြုထားသောအခါ၊ အောက်ပါစာမျက်နှာများတွင် ဘာသာပြန်ခြင်းနည်းစနစ်များ ကိုကြည့်ပါ။