DMS_GL_en_ta/translate/figs-yousingular/01.md

14 KiB
Raw Blame History

ဖော်ပြချက်

အချို့ ဘာသာစကားများတွင် “သင်”  ဟူသော စကားလုံးသည် လူတစ်ယောက်အား ရည်ညွှန်းသော အခါတွင် “သင်”၏ တစ်ဦးဆိုင် ပုံစံ၊ “သင်”ဟူသော စကားလုံးသည် တစ်ယောက်ထက်ပိုသော လူများအား ရည်ညွှန်းသော အခါတွင် “သင်” ၏ အများဆိုင် ပုံစံ ဟူ၍ ရှိသည်။အချို့ ဘာသာစကားများ တွင် “သင်” သည် လူနှစ်ယောက်ကိုသာ ရည်ညွှန်းသော “သင်” ၏ နှစ်ဦးဆိုင် ပုံစံလည်းရှိသည်။ ယင်းဘာသာစကားများ အား ပြောဆိုသည့် ဘာသာပြန်သူများသည် ပြောဆိုသူသည် မည်သည်ကို ဆိုလိုသည်ကို အမြဲသိရန် လိုအပ်ပြီး ထိုမှသာ သူတို့၏ ဘာသာစကားတွင် “သင်” အတွက် မှန်ကန်သော စကားလုံးအား ရွေးချယ်နိုင်မည်ဖြစ်သည်။ အင်္ဂလိပ် ကဲ့သို့သော အခြား ဘာသာစကားများတွင် လူဘယ်နှယောက်အား ရည်ညွှန်းသည့်အပေါ်  ပြောင်းလဲခြင်းမရှိပဲ လူတို့အသုံးပြု သည့် ပုံစံတစ်မျိုးသာရှိသည်။

သမ္မာကျမ်းစာသည် ပထမဦးစွာ ဟေဗြဲ၊ Aramaic နှင့် ဂရိဘာသာစကားတို့ဖြင့် ရေးသား ခဲ့သည်။ ယင်းဘာသာစကားအားလုံးတွင် “သင်” ၏ တစ်ဦးဆိုင် ပုံစံနှင့် “သင်”၏ အများဆိုင် ပုံစံရှိကြသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအား ယင်းဘာသာစကားများတွင် ဖတ်သောအခါ၊ နာမ်စားများ နှင့် ကြိယာ ပုံစံများသည် ကျွန်ုပ်တို့အား “သင်” ဟူသော စကားလုံးသည် လူတစ်ယောက်ကိုဖြစ်စေ သို့မဟုတ် တစ်ယောက်ထက်ပိုသော လူတို့ကို ဖြစ်စေ ရည်ညွှန်းသည် ကို ပြသ သည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ကျွန်ုပ်တို့အား ယင်းတို့က လူနှစ်ဦးကိုသာဖြစ်စေ၊ နှစ်ဦးထက် ပိုသော လူတို့ကို ဖြစ်စေ ရည်ညွှန်းသည်ကို မပြသချေ။ အကယ်၍ နာမ်စားသည် “သင်” ဟူသော စကားလုံးက လူဘယ်နှယောက်အား ရည်ညွှန်းသည်ကို မပြသသောအခါ၊ ပြောဆိုသူသည် လူဘယ်နှယောက်အား ပြောနေသည်ကို သိရန် စာထဲတွင်ကြည့်ရန် လိုအပ်သည်။

ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်း အကြောင်းပြချက်

  •  “သင်” ကွဲပြားသော ၏ တစ်ဦးဆိုင်၊ နှစ်ဦးဆိုင် နှင့် အများဆိုင် ပုံစံများရှိသော ဘာသာစကားများအား ပြောဆိုသည့် ဘာသာပြန်သူများသည် ပြောဆိုသူ ဆိုလိုသည်ကို အမြဲ  သိနေရန် လိုအပ်ပြီး ထိုမှသာ သူတို့၏ ဘာသာစကားတွင် “သင်” အတွက် မှန်ကန်သော စကားလုံးအား ရွေးချယ်ရန်လိုအပ်သည်။
  • များစွာသော ဘာသာစကားများတွင် ပြုလုပ်သူသည် တစ်ဦးဆိုင်ဖြစ်သည် သို့မဟုတ် အများဆိုင် ဖြစ်သည် အပေါ်မူတည်၍  ကွဲပြားသော ကြိယာ ပုံစံအမျိုးမျိုးရှိသည်။ အကယ်၍ ဤတွင် “သင်” ဟု အဓိပ္ပါယ်ရသော နာမ်စား မရှိစေကာမူ၊ ယင်းဘာသာစကားများ၏ ဘာသာပြန်သူများသည် ပြောဆိုသူက လူတစ်ဦး သ်ို့မဟုတ် တစ်ဦးထက်ပိုသောလူများကို ရည်ညွှန်းနေသည်ကို သိရန်လိုအပ်သည်။

တစ်ခါတစ်ရံတွင် “သင်” ဟူသည့် စကားလုံးသည် လူတစ်ဦးကိုဖြစ်စေ သို့မဟုတ် တစ်ဦးထက်ပိုသော လူတို့ကိုဖြစ်စေ ရည်ညွှန်းသည်ကို စာထဲတွင်ရှင်းလင်းစွာ ဖော်ပြထားသည်။ အကယ်၍ သင်သည် ဝါကျထဲရှိ အခြားနာမ်စားအား ကြည့်ပါက၊ ပြောဆိုသူသည် လူဘယ်နှယောက်အားဖော်ပြနေသည်ကို သိရန် ကူညီပါလိမ့်မည်။တစ်ခါတစ်ရံ တွင် ဂရိ နှင့် ဟေဗြဲ ပြောဆိုသူများသည် သူတို့သည် လူအစုအား ပြောနေသော်လည်း “ သင်” ၏ တစ်ဦးဆိုင် ပုံစံအား အသုံးပြုတတ်သည်။ (Forms of You — Singular to a Crowd.အားကြည့်ပါ။)

သမ္မာကျမ်းစာမှ ဥပမာများ

အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။(လုကာ 18:21,22 ULT)

အုပ်ချုပ်သူသည် “ကျွန်ုပ်” ဟုပြောသောအချိန်တွင် သူ့အကြောင်း ပြောနေခြင်းဖြစ်သည်။ ယင်းသည် ယေရှုသည် “ သင်” ဟုပြောသည့်အချိန်တွင် သူသည် အုပ်ချုပ်သူကိုသာ ရည်ညွှန်းသည်ဖြစ်ကြောင်း ပြသ သည်။ ထို့ကြောင့် “သင်”၏ တစ်ဦးဆိုင် နှင့် အများဆိုင် ပုံစံ ရှိသော ဘာသာစကားများသည် ဤတွင် တစ်ဦးဆိုင်ပုံစံ အားလိုအပ်သည်။

ကောင်းကင်တမန်ကလည်း၊ သင်၏ ခါးပန်းကို စည်းလော့။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။ပေတရုသည် ထွက်၍လိုက်၏။ (တမန်တော် 12:8 ULT)

စာထဲတွင် ကောင်းကင်တမန်သည် လူတစ်ဦးအား စကားပြောနေခြင်းနှင့် ထိုသူသာလျင် ကောင်းကင်တမန် ညွှန်ကြားသည်ကို လုပ်နေကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ ထို့ကြောင့် “သင်”၏ တစ်ဦးဆိုင် နှင့် အများဆိုင် ပုံစံရှိသည့် ဘာသာစကားများသည် ဤ တွင် “သင်”နှင့် “သင်ကိုယ်တိုင်” အတွက် တစ်ဦးဆိုင်ပုံစံအား လိုအပ်သည်။ ထို့အတူ၊ အကယ်၍ ကြိယာတွင် တစ်ဦးဆိုင်နှင့် အများဆိုင် ပြုလုပ်သူများအတွက် ပုံစံအမျိုးမျိုးရှိပါက၊ “ စည်း” နှင့် “ ခြုံ” ဟူသော ကြိယာများသည် တစ်ဦးဆိုင် ပြုလုပ်သူအား ညွှန်ပြသော ပုံစံအား လိုအပ်သည်။

ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကို….. ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။….. သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။

ရှင်ပေါလု သည် ဤစာအား တိတု တစ်ယောက်တည်းအား ရေးခဲ့ခြင်းဖြစ်သည်။ များသောအားဖြင့် ဤစာထဲရှိ “သင်” ဟူသော စကားလုံးသည် တိတု ကိုသာ ရည်ညွှန်းဖြင်းဖြစ်သည်။

 “သင်” သည် လူဘယ်နှယောက်အား ရည်ညွှန်းသည်ကို ရှာဖွေရန် နည်းစနစ်များ

(1) အကယ်၍ မှတ်စုများသည် “သင်” သည် လူတစ်ယောက်ဖြစ်စေ သို့မဟုတ် တစ်ယောက်ထက်ပိုသော လူများကိုဖြစ်စေ ရည်ညွှန်းသည်ကို ပြောပြထားသလား သိနိုင်ရန် ယင်းတို့အား ကြည့်ပါ။

(2)အကယ်၍ UST သည် “သင်” သည် လူတစ်ယောက်ဖြစ်စေသို့မဟုတ် တစ်ယောက်ထက်ပိုသော လူများကို ဖြစ်စေ ရည်ညွှန်းသည်ကို ဖော်ပြရန် တစ်စုံတစ်ခုအား ရေးသားထားသလား သိနိုင်ရန် ယင်းတို့အား ကြည့်ပါ။

(3) အကယ်၍ သင့်တွင် တစ်ဦးဆိုင် “သင်” အား အများဆိုင် “သင်” မှ ခွဲခြားထားသော ဘာသာစကားဖြင့် ရေးသားထားသည့် သမ္မာကျမ်းစာရှိပါက၊ သမ္မာကျမ်းစာထဲရှိ ယင်းဝါကျထဲတွင် “သင်” ၏ မည်သည့်ပုံစံအား သုံးထားသည်ကို ကြည့်ပါ။

(4) ပြောဆိုသူသည် မည်သူ့အားပြောနေသည်နှင့် မည်သူသည် တုံ့ပြန်နေသည်ကို သိရန် စာထဲတွင် ကြည့်ပါ။

သင်သည် http://ufw.io/figs_younum ဗီဒီယို အားကြည့်ချင်ပါလိမ့်မည်။