DMS_GL_en_ta/translate/figs-youformal/01.md

14 KiB
Raw Blame History

(You may also want to watch the video at https://ufw.io/figs_youform.)

Description

အချို့သောဘာသာစကားများတွင် “You”  “သင် ၊ခင်ဗျား” ဟူသော အသုံးအနှုန်းကို ယဉ်ကျေးသော၊ သာမန် ပုံစံ ဖြစ်သော “အသင်” ဟူ၍သုံးတတ်သလို “မင်း” ဆို၍လည်း မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ အဖြစ်သုံးကြသည်။ ယဉ်ကျေးသော၊ သာမန် နှင့် မယဉ်ကျေးသော၊ ရင်းနှီးသော တို့၏ ကွာခြားချက်မှာ အပြောခံပုဂ္ဂိုလ်၏ ဂုဏ်ထူးအပေါ်မူတည်၍ ပြောင်းလဲသွားနိုင်ပါသည်။

အချို့သော ယဉ်ကျေးမှုများတွင် မိမိထက် အသက်အရကြီးသော(သို့မဟုတ်) ဂုဏ်ပုဒ်တစ်ခု ပိုင်ဆိုင်ထား သောသူများ အားတစ်လေးတစ်စားဖြင့် “you” ဟူသောအသုံးကို အစ်ကို၊ အစ်မ၊ လေးလေး၊ ဒေါ်ဒေါ်၊ ဆရာ၊ ဆရာမ အစရှိသဖြင့် ပြောဆိုသုံးနှုန်း တတ်ကြသည်။ မိမိနှင့်သက်တူရွယ်တူ (သို့မဟုတ်) မိမိထက် ငယ်ရွယ်သူတို့ အပေါ်တွင်မူ “ဟေ့” “သူငယ်ချင်း” “ဟေ့လူ” အစရှိသဖြင့် သုံးနှုန်းကြသည်ကိုတွေ့ရပါမည်။ လူတို့သည် မိသားစုဝင်မဟုတ် သော သူစိမ်းသူများနှင့် ပြောဆိုရာတွင် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ “you” ကိုသုံးကြပြီး မိသားစုဝင်အချင်းချင်း (သို့မဟုတ်) မိတ်ဆွေအချင်းချင်း ပြောဆိုရာတွင် ယဉ်ကျေးသော၊ သာမန် ပုံစံ “you” ကိုအသုံးပြုပါသည်။

ဘာသာပြန်ဆိုရာတွင် ယဉ်ကျေးသော၊ သာမန် ပုံစံ of “you” နှင့် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ of “you” ကြောင့်ဖြစ်သော အခက်အခဲ

  • သမ္မာကျမ်းစာသည် ဟေဗြဲ၊ ရှုရိ နှင့် ဂရိဘာသာတို့တွင် ရေးသားခဲ့ရာ “you” (သင်၊ ခင်ဗျား၊မင်း) အစရှိ သဖြင့် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ of you နှင့် ယဉ်ကျေးသော၊ သာမန် ပုံစံ of you များသည် ၎င်းဘာသာစကားများတွင် မရှိပါ။
  • အင်္ဂလိပ် စာနှင့် အခြားဘာသာစကားများတွင်လည်း “you” ဟူသော မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ နှင့် ယဉ်ကျေးသော၊ သာမန် ပုံစံ ဟူ၍ ခွဲခြားထားခြင်း မရှိပေ။
  • ဘာသာပြန်ဆိုသူများသည် မူရင်းစာအား သေချာစွာဖတ်ရှုပြီးလျှင် you ဟူသော အသုံးအနှုန်းအား မည်သို့သုံးရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် မူရင်းအရေးအသားပေါ်မူတည်၍ ဘာသာပြန်ဆိုနည်း ဉပဒေသများနှင့် ဘာသာပြန်ဆိုသူ၏ အသုံးပြုလိုက်သောနည်းလမ်းတို့ လွဲ ကောင်းလွဲနေနိုင်ပါသည်။
  • ဘာသာပြန်ဆိုသူသည် ပြောသူနှင့် ကြားနာသူကြားမှ ဆက်ဆံရေးနှင့် ဆက်နွယ်မှုတို့ကို ကောင်းစွာ သိရှိမှသာ မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ နှင့် ယဉ်ကျေးသော၊ သာမန် ပုံစံ of you ကိုကျွမ်းကျင်စွာ ဆုံးဖြတ်နိင်မည် ဖြစ်သည်။

ဘာသာပြန်ရာတွင် လိုက်နာရမည့် စည်းကမ်းများ

  • ပြောသူနှင့်ကြားနာသူ နှစ်ဦးကြားမှ ဆက်ဆံရေးကိုကောင်းစွာနား လည်ရမည်။
  • ပြောသူမှကြားနာသူအပေါ်တွင်ထားရှိသောစိတ်နေစိတ်ထား(ရိုသေမှုနှင့် ပြောဆိုခြင်းလား(သို့မဟုတ်) သာမန်ပြောဆိုခြင်းလား နားလည်ရန်လိုအပ်ပေသည်။
  • ပြောသူမှ ကြားနာသူအပေါ်ထားရှိသောစိတ်နေစိတ်ထားပေါ်လွင်အောင် မိမိတို့ဘာသာစကားဖြင့်  လိုက်လျောညီထွေသော အသုံးအနှုန်း ကိုသုံးရပေမည်။

သမ္မာကျမ်းစာအတွင်းမှ ဥပမာများ

ဘုရားရှင်မှ လူကိုခေါ်၍ “မင်းဘယ်မှာလည်း” ဟုမေးခဲ့သည်။ (ကမ္ဘာဦးကျမ်း ၃း၉ ULT)

ဘုရားရှင်သည် လူသားတို့ထက် ပိုသောနှိုင်းတုမရသော ဂုဏ်တော်များရှိသောကြောင့် ဘုရားရှင်မှ လူသားတို့ကို မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ ဖြစ်သော you ကို သုံး၍ပြောကြောင်းသိရမည်။

ကျွန်ုပ်အပေါ်သို့လည်း ကောင်းပုံပေါ်သည်။ ကျွန်ုပ်သည်လည်း အတ္ထုပတ္တိ အလုံးစုံ တို့ကို အစကတည်းက တိကျစွာစုံစမ်း စစ်ဆေးခဲ့သည် ဖြစ်ပြီး အသင့်အတွက် ထိုအစီအစဉ်အတိုင်းရေးချခဲ့သည်။ အသင်အခုထိထား သည့် အတိုင်းပင်ငါသည် သင့်အား သိစေလိုခဲ့ခြင်းဖြစ်သည်။ (လုကာ ၁း၃-၄ ULT)

လုကာသည် သီရိဖီးလပ်အား “အမွန်မြတ်ဆုံး” ဟု သုံးအနှုန်းခေါ်ဆိုခဲ့သည်။ထိုအခြင်းအရာကို ကြည့်ချင်းအား ဖြင့် သီရိဖီးလပ်သည် လုကာထက်ပို၍ ကြီးမြတ်သည် ဖြစ်ပြီးလုကာမှ သီရိဖီးလပ် ရိုသေလေးစားမှုရှိကြောင်းပြ သခဲ့သည်ဖြစ်သည်။ ထို့ကြောင့် ပြောသူမှ အသုံးပြုထားသော “you” ဟူသောအသုံးသည် ယဉ်ကျေးသော၊ သာမန် ပုံစံ ကို အ သုံးပြုထားကြောင်း သိရမည်ဖြစ်သည်။

အမွန်မြတ်ဆုံးသောဖခင်။ အသင့်၏ အမည်နာမအား ရိုသေလေးစားခြင်းရှိပါစေ။ (မဿဲ ၆း၉ ULT)

အထက်ပါစာပိုဒ်သည် ကိုယ်တော်ယေရှုမှ သူ၏တပည့်အားဆုတောင်းပုံဆုတောင်းနည်းကို သင်ပေး နေသောအကြောင်းအရာဖြစ်သည်။ထိုစာပိုဒ်တွင်အသုံးပြု ထားသော “you”  ၏  ပုံစံ သည် အချို့ယဉ်ကျေးမှု များအတွက် ယဉ်ကျေးသော၊ သာမန် ပုံစံ ကိုအသုံးပြုသော်လည်း အချို့တွင် ဘုရားရှင်၏ ဂုဏ်တော်ကို အကြောင်းပု၍ မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ အသုံးပြုကြသည်။

ဘာသာပြန်နည်း ဥပဒေသများ

မိမိ၏ ဘာသာစကားတွင် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ နှင့် ယဉ်ကျေးသော၊ သာမန် ပုံစံ နှစ်မျိုးလုံးရှိသော ဘာသာပြန်သူတို့ သည် ပြောသူနှင့် ကြားနားသူတို့ကြား မှဆက်ဆံရေးကို နားလည်ရုံမျှမက ထိုအချက်ပေါ်မူတည်ပြီး မည်သို့သော အသုံးအနှုန်းများ သုံးရမည်ကို နားလည်ရမည်ဖြစ်သည်။

“you” ၏ မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ နှင့် ယဉ်ကျေးသော၊ သာမန် ပုံစံ ကိုမည်သို့အသုံးပြုမည် ဟုဆုံးဖြတ်ခြင်း

  1. ပြောသူနှင့် ကြားနာသူနှစ်ဦး၏ ကြားမှ ဆက်ဆံရေးကို ကောင်းစွာ နားလည်ရန်ဂရုစိုက်ပါ။
  • ပြောသူသည် အခြားသူများထက် ကြီးမြတ်သောသူဖြစ်သလား?
  • ပြောသူသည် အခြားသူများထက် အသက်အရွယ်အားဖြင့် ဖြင့်ကြီးသလား?
  • ပြောသူသည် အခြားသူများ၏ မိသားစုဝင်ဖြစ်ပါသလား? ၊ သူငယ်ချင်းဖြစ်ပါသလား? ၊ အမျိုးအဆွေဖြစ်ပါသလား? ၊ သူစိမ်းဖြစ်ပါသလား? သို့မဟုတ် ရန်သူဖြစ်ပါသလား။
  1. သင်၏ ဘာသာစကားဖြင့် သမ္မာကျမ်းစာရှိပါသလား၊ ရှိခဲ့ပါလျှင်သမ္မာကျမ်းစာတွင် မယဉ်ကျေးသော၊ ရင်းနှီးသောပုံစံ နှင့် ယဉ်ကျေးသော၊ သာမန်ပုံစံ ကို အသုံးပြုထားသလည်းကြည့်ပါ။ မှတ်သားရန် တစ်ခုမှာ အချို့အချိန်များတွင် သင်၏ဘာသာ စကားတွင် ဘာသာပြန်နည်း ဉပဒေသများနှင့် မတူညီသောအခြေအနေများရှိခြင်းဖြစ်သည်။

ဘာသာပြန်နည်း ဥပဒေသများအား အသုံးချခြင်း

အင်္ဂလိပ်စာတွင် “you” ဟူသောအသုံးသည် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ/ ယဉ်ကျေးသော၊ သာမန် ပုံစံ ဟူ၍ ခွဲခြားထားခြင်းမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အင်္ဂလိပ်စာ သီးသန့်အားကြည့်ရှု၍ ယဉ်ကျေးသော၊ သာမန် ပုံစံ နှင့် မယဉ်ကျေးသော၊ ရင်းနှီးသော ပုံစံ တို့အား ခွဲခြားသိမြင်နိုင်မည် မဟုတ်ချေ။ထို့ကြောင့် အထက်တွင် ဖော်ပြခဲ့သော ဉပမာနှင့် တိုင်းတာ၍ ကြည့်ရှုစေလိုပါ သည်။