DMS_GL_en_ta/translate/figs-possession/01.md

19 KiB

ဖော်ပြချက်

အများစုသုံးသော အင်္ဂလိပ်စာတွင်၊ “ပိုင်ဆိုင်ခြင်း”သည် တစ်စုံတစ်ခုအားရှိခြင်း သို့မဟုတ် လူတစ်ယောက်တွင်ရှိသော တစ်စုံတစ်ခု အား ရည်ညွှန်းသည်။ အင်္ဂလိပ်၌ ယင်းသဒ္ဒါအရဆက်နွယ်ပုံ သည် စကားလုံး အားအသုံးပြုခြင်း၊ ပိုင်ဆိုင်ခြင်းပြ သင်္ကေတ နှင့် s အက္ခရာအား အသုံးပြုခြင်း၊ သို့မဟုတ် ပိုင်ဆိုင်ခြင််းပြ နာမ်စားအား အသုံးပြုခြင်း တို့ဖြင့် ပြသ သည်။

  • ကျွန်ုပ်အဘိုး ၏ အိမ်

  • ကျွန်ုပ်အဘိုး၏ အိမ်

  • သူ့ အိမ်

ပိုင်ဆိုင်ခြင်း အား Hebrew ၊ ဂရိနှင့် အင်္ဂလိပ်စာတို့တွင် အခြေအနေ အမျိုးမျို့တို့အတွက် အသုံးပြုသည်။ ဤသည်တို့မှာ ယင်းအား အသုံးပြုထားသော အများသုံး အခြေအနေ အချို့ ဖြစ်သည်။

  • ပိုင်ဆိုင်မှု — တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုအား ပိုင်ဆိုင်ခြင်း

  • ကျွန်ုပ်၏အဝတ်အစားများ — ကျွန်ုပ်ပိုင်သော အဝတ်အစားများ

  • လူမှုရေးဆိုင်ရာ ဆက်နွယ်မှု — တစ်စုံတစ်ယောက်သည် နောက်ထပ်တစ်ယောက်နှင့် လူမှုရေးဆိုင်ရာ ဆက်နွယ်မှုရှိနေခြင်း။

  • ကျွန်ုပ်၏အမေ — ကျွန်ုပ်အားမွေးဖွားပေးသော မိန်းမ၊ သို့မဟုတ် ကျွန်ုပ်အားစောင့် ရှောက်ပေးသော မိန်းမ

  • ကျွန်ုပ်၏ ဆရာ — ကျွန်ုပ်အား စာသင်ပေးသော သူ

  • ပါရှိခြင်း — တစ်စုံတစ်ခုထဲတွင် တစ်ခုခုရှိခြင်း

  • အဝတ်အစားပါသောအိတ်  — အိတ်ထဲတွင်အဝတ်အစားများပါရှိခြင်း သို့မဟုတ် အဝတ်အစားအပြည့်ရှိသည့်အိတ်

  • တစိတ်တပိုင်းနှင့် တစ်ခုလုံး — အရာတစ်ခုသည် နောက်ထပ်တစ်ခု၏ အစိတ်အပိုင်းဖြစ်ခြင်း

  • ကျွန်ုပ်၏ဦးခေါင်း — ဦးခေါင်းသည် ကျွန်ုပ်ခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်သည်။

  • အိမ်၏ အမိုး — အမိုးသည် အိမ်၏ အစိတ်အပိုင်းဖြစ်သည်။

In some languages there is a special form of possession, termed inalienable possession. This form of possession is used for things that cannot be removed from you, as opposed to things you could lose. In the examples above, my head and my mother are examples of inalienable possession (at least in some languages), while my clothes or my teacher would be alienably possessed. What may be considered alienable vs. inalienable may differ by language.

ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့် အကြောင်းပြချက်

  • သင်(ဘာသာပြန်သူ)သည် တစ်ခုက အခြားတစ်ခုအား ပိုင်ဆိုင်သော နာမ်နှစ်ခုဖြင့် ဖော်ပြခြင်း ခံရသည့် စိတ်ကူး နှစ်ခုကြား ဆက်နွယ်မှုကို နားလည်ရန် လိုအပ်သည်။
  • သင်၏မူလ သမ္မာကျမ်းစာထဲတွင် အသုံးပြုထားနိုင်သော်လည်း အချို့ဘာသာစကားများ တွင် အခြေအနေများ အားလုံးအတွက် ပိုင်ဆိုင်ခြင်းအား အသုံးမပြုပါ။

သမ္မာကျမ်းစာမှဥပမာများ

ပိုင်ဆိုင်မှု — အောက်ပါဥပမာထဲတွင်၊ သားသည် ဥစ္စာအား ပိုင်ဆိုင်၏။

သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင် ဖြုန်းတီးခဲ့၏။(လုကာ 15:13)

လူမှုရေး ဆိုင်ရာ ဆက်နွယ်မှု — အောက်ပါဥပမာတွင်၊ တပည့်တော်များသည် ယောဟန် ထံမှ သင်ယူသူများ ဖြစ်ကြသည်။

ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍…(မဿဲ 9:14 ULT)

Association — In the example below, the gospel is the message associated with Paul because he preaches it.

Remember Jesus Christ, raised from the dead, from the seed of David, according to my gospel, (2 Timothy 2:8 ULT)

ပစ္စည်း — အောက်ပါဥပမာတွင်၊ သရဖူအားပြုလုပ်ရန် အသုံးပြုသည့် ပစ္စည်းမှာ ရွှေဖြစ်သည်။

ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ (ဗျာဒိတ် 9:7)

ပ****ါရှိခြင်း — အောက်ပါဥပမာတွင်၊ ခွက်သည် သူ၏အထဲ၌ ရေရှိ၏။

အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမရှိ။ (မာကု 9:41 ULT)

တစ်ခုလုံး၏အစိတ်အပိုင်း — အောက်ပါဥပမာတွင်၊ တံခါးသည် နန်းတော်၏ အစိတ်အပိုင်းဖြစ်သည်။

သို့ရာတွင် ဥရိယသည် နန်းတော်တံခါးဝ၌ အိပ်လေ၏။( ၂ ရာဇဝင် 11:9 ULT)

အဖွဲ့အစည်း၏ အစိတ်အပိုင်း — အောက်ပါဥပမာတွင်၊ “ကျွန်ုပ်တို့” သည် တစ်ဖွဲ့လုံးအား ရည်ညွှန်း၍ “တစ်ယောက်ချင်းစီ”သည် အဖွဲ့ဝင်တစ်ဦးချင်းစီအား ရည်ညွှန်းသည်။

ကျွန်ုပ်တို့၏ တစ်ယောက်ချင်းစီအား လက်ဆောင်ပေးအပ်ခဲ့ပြီးဖြစ်သည်။( ဧဖက် 4:7 ULT)

အကြောင်းအရာများနှင့် ပိုင်ဆိုင်ခြင်း

တစ်ခါတစ်ရံတွင် နာမ်တစ်ခု သို့မဟုတ် နာမ်နှစ်ခုလုံးသည် အကြောင်းအရာ သို့မဟုတ် လုပ်ရပ်အား ရည်ညွှန်းသော စိတ္တဇနာမ် များဖြစ်ကြသည်။ အောက်ပါဥပမာများတွင်၊ စိတ္တဇနာမ် များသည် ပုံနှိပ်စာလုံးအကြီးဖြင့် ဖြစ်သည်။ယင်းတို့သည် နာမ်နှစ်ခုရှိ တစ်ခုသည် အကြောင်းအရာအား ရည်ညွှန်းသောအခါ ယင်းနာမ်နှစ်ခုကြား ဖြစ်နိုင်ချေ ရှိသော ဆက်နွယ်မှု အချို့ သာဖြစ်သည်။

ပြုလုပ်သူ — တစ်ခါတစ်ရံတွင် “၏” နောက်ရှိ  စကားလုံးသည် ပထမနာမ်ဖြင့် ဖော်ပြခြင်းခံထားရသော လုပ်ရပ်အား မည်သူပြုလုပ်နိုင်သည်ကို ပြောပြပေးသည်။ အောက်ပါဥပမာတွင်၊ ယောဟန်သည် လူတို့အား နှစ်ခြင်းခံယူစေသည်။

ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။(မာကု11:30 ULT)

အောက်ပါဥပမာထဲတွင်၊ ကိုယ်တော်ယေရှု သည် ငါတို့အား ချစ်၏။

မည်သည်သူသည် ငါတို့အား* ကိုယ်တော်ယေရှု ၏မေတ္တာတော်*မှ ခွဲထုတ်မည်နည်း။(ရောမ 3:35 ULT)

ခံရသူ—တစ်ခါတစ်ရံတွင် “၏” နောက်ရှိ စကားလုံးသည် မည်သူ သို့မဟုတ် မည်သည်တို့အား တစ်စုံတစ်ခု ဖြစ်လာနိုင်သည်ကို ပြောပြပေးသည်။ အောက်ပါဥပမာတွင်၊ လူတို့သည် ငွေအား တပ်မက်၏။

အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်း သည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။(1 တိ 6:10 ULT)

ကိရိယာ — တစ်ခါတစ်ရံတွင် “၏” နောက်ရှိ စကားလုံးသည် တစ်စုံတစ်ခု ဖြစ်ပေါ်လာနိုင်ပုံကို ပြောပြပေးသည်။ အောက်ပါဥပမာတွင်၊ ဘုရားသခင်သည် လူတို့အား တိုက်ခိုက်ရန် ဓားဖြင့် ရန်သူတို့စေလွှတ်ခြင်းဖြင့်၊ သူတို့အား အပြစ်ပေးနိုင်သည်။

ဓားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည် ဓားဘေးဖြင့် အပြစ်ပေးတတ် ၏။( ယောဘ 19:29 ULT)

ကိုယ်စားပြုခြင်း — အောက်ပါဥပမာတွင်၊ ယောဟန် သည် သူတို့၏ အပြစ်များမှ နောင်တရနေသော သူတို့အား နှစ်ခြင်းခံစေခြင်းဖြစ်သည်။သူတို့သည် သူတို့နောင်တရကြောင်း ပြသရန် နှစ်ခြင်း ခံယူခြင်း ဖြစ်သည်။ သူတို့၏ နှစ်ခြင်းခံခြင်းသည် သူတို့၏နောင်တအား ကိုယ်စားပြုသည်။

ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရား ကို ဟောလျက်ပေါ်ထွန်း၏။(မာကု 1:4 ULT)

နာမ်နှစ်ခုကြား ဆယ်နွယ်မှုသည် မည်သည်ဖြစ်ကြောင်း လေ့လာရန် နည်းစနစ်များ

(1) ပတ်ဝန်းကျင်ရှိ အပိုဒ်များအား အကယ်၍ သူတို့သည် နာမ်နှစ်ခုကြား ဆက်နွယ်မှုကို သင့်အား နားလည်စေရန် ကူညီနိုင်သလားဟု ကြည့်ရန် ဖတ်ပါ။

(2) UST ထဲရှိ အပိုဒ်များအား ဖတ်ပါ။ တစ်ခါတစ်ရံတွင် ယင်းသည် ဆက်နွယ်မှုအား ရှင်းလင်းစွာ ပြသပေးသည်။

(3) မှတ်စုသည် ယင်းနှင့်ပတ်သတ်၍ မည်သည်တို့အား ပြောထားသည်ကို ကြည့်ပါ။

ဘာသာပြန်ခြင်းနည်းစနစ်များ

အကယ်၍ ပိုင်ဆိုင်ခြင်းသည် နာမ်နှစ်ခုကြား ဆက်နွယ်မှု တစ်ခုချင်းစီအား ပြသရန် သဘာဝကျသော နည်းလမ်းဖြစ်လျင်၊ ယင်းအား အသုံးပြုရန် စဥ်းစားပါ။ အကယ်၍ ယင်းသည် ထူးဆန်းနေခြင်း သို့မဟုတ် နားလည်ရန်ခက်ခဲနေပါက၊ ဤသည်တို့ကို စဥ်းစားပါ။

(1) တစ်ခုသည် အခြားတစ်ခုအား ဖွဲ့ဆိုကြောင်း ပြသရန် ကြိယာဝိသေသန အား အသုံးပြုပါ။

(2) နှစ်ခုသည် မည်ကဲ့သို့ ဆက်နွယ်ပုံကို ပြသရန် ကြိယာအား အသုံးပြုပါ။

(3) အကယ်၍ နာမ်များထဲမှာတစ်ခုသည် အကြောင်းအရာအား ပြသပါက၊ ယင်းအား ကြိယာ အနေဖြင့်ဘာသာပြန်ပါ။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) တစ်ခုသည် အခြားတစ်ခုအား ဖွဲ့ဆိုကြောင်း ပြသရန် ကြိယာဝိသေသန အား အသုံးပြုပါ။အောက်ပါ ကြိယာဝိသသေန များသည် ပုံနှိပ်စာ အကြီးဖြင့်ဖြစ်သည်။

ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ (ဗျာဒိတ် 9:7)

ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။

(2) နှစ်ခုသည် မည်ကဲ့သို့ ဆက်နွယ်ပုံကို ပြသရန် ကြိယာအား အသုံးပြုပါ။အောက်ပါဥပမာတွင်၊ ပေါင်းထည့်ထားသော ကြိယာသည် အကြီးဖြင့်ဖြစ်သည်။

အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမရှိ။ (မာကု 9:41 ULT)

အကြင်သူသည် သင်တို့အား ရေ ပါသောရေခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမရှိ။

အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။(သုတ္တံ 11:4 ULT)

ဘုရားသခင်က သူ၏အမျက်ဒေါသကိုပြသသောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ ဘုရားသခင်သည် သူ၏အမျက်ဒေါသကြောင့် လူတို့အား အပြစ်ပေးသော ကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။

(3) အကယ်၍ နာမ်များထဲမှာတစ်ခုသည် အကြောင်းအရာအား ပြသပါက၊ ယင်းအား ကြိယာ အနေဖြင့်ဘာသာပြန်ပါ။ အောက်ပါဥပမာတွင်၊ ကြိယာသည် အကြီးဖြင့် ဖြစ်သည်။

သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို သိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြောသည်ကို သတိပြုပါ။(တရားဟောရာ 11:2 ULT)

သင်၏ဘုရားသခင် ထာဝရဘုရား အဲဂုတ္တ မှလူများအား  ဆုံးမတော်မူ ခြင်းကို သိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြောသည်ကို သတိပြုပါ။

သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရား သော သူတို့၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည်။(ဆာလံ 91:8 ULT)

သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ ထာဝရဘုရားသခင်သည် မတရားသောသူတို့ကို အပြစ်ပေးပုံကို မြင်ရုံမျှသာရှိ လိမ့်မည်။

သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။(တမန်တော် 2:38 ULT)

သင်သည်  ဘုရားသခင်သည် သင့်အားပေးသော သန့်ရှင်းသော ဝိညာဥ်တော်တည်းဟူသည် လက်ခံရ ရှိလိမ့်မည်။

.