DMS_GL_en_ta/translate/figs-idiom/01.md

15 KiB

Idiom ဆိုသည်မှာ စကားပြောဆိုပုံ တစ်ခုဖြစ်ပြီး စကားလုံးများအုပ်စုဖွဲ့၍ အသုံးပြုထားသည်။ အမှန်အတိုင်း တစ်လုံးခြင်းစီအား ဘာသာပြန်ဆိုလျှင် အဓိပ္ပါယ်တစ်မျိုးဖော်ဆောင်ပြီး ထိုစကားစုတစ်ခုလုံး၏ အဓိပ္ပါယ်အမှန်မှာ အခြား တစ်ခုဖြစ်နေခြင်းမျိုးဖြစ်တတ်သည်။ ၎င်း Idiom အားအသုံးပြုသော ယဉ်ကျေးမှု ကို သိသောသူ သည် နားလည်နိုင်မည်ဖြစ်သော်လည်း ယင်း ယဉ်ကျေးမှုအားမသိသူများ အဖို့မှာ နားမလည်နိုင်ဖြစ်တတ်သည်။ ဘာသာစကားတိုင်းတွင် Idiom ကိုအသုံးပြုကျပါသည်။ အင်္ဂလိပ်စာအတွင်းမှ အချို့နမူနာများကို ဖော်ပြလိုက်ပါသည်။

  • You are pulling my leg. (တိုက်ရိုက်ဘာသာပြန်ရသော် “မင်းငါ့ခြေထောက်ကိုဆွဲချနေတယ်” ဟူ၍ ဖြစ်မည်ဖြစ်ပြီး Idiom အရ ယင်းစာစု၏ အဓိပ္ပါယ်မှာ “မင်းငါ့ကိုလိမ်ညာမုသားစကားတွေပြောနေတာပဲ” ဟုအဓိပ္ပါယ်သက်ရောက်ပါသည်။)
  • Do not put the envelope. (တိုက်ရိုက်ဘာသာပြန်ရမည်ဆိုသော် စာအိပ်ကို မတွန်းပါနဲ့ဟု အဓိပ္ပါယ်ရှိပြီး Idiom သဘောအရဆိုလိုသည်မှာ “ကိစ္စတစ်ခုကို ကြီးကျယ်သွားအောင်မလုပ်ပါနှင့်” ဟုဆိုလိုပါသည်။)
  • This house is under water. (တိုက်ရိုက်ဘာသာပြန်ဆိုလိုက်လျှင် “ဒီအိမ်ဟာရေအောက်ကိုရောက်နေပြီ” ဟူ၍ ဖြစ်ပြီး အမှန်တကယ်အဓိပ္ပါယ်မှာ “ဒီအိမ်အတွက်ပေးရမယ့် အကြွေးတွေက အိမ်ရဲ့တန်ဖိုးထက်တောင်များနေပြီ” ဟူ၍ ဖြစ်သည်။ )
  • We are painting the town red. (
  • တိုက်ရိုက်ဘာသာပြန်ရလျှင် “ငါတို့ဒီမြို့ကို ဆေးအနီတွေခြယ်နေကြတယ်” ဟူ၍ဖြစ်ပြီး၊ “ငါတို့ဒီည မြို့တစ်ခုလုံးကိုပတ်ပြီး ပျော်ပျော်ကြီး အောင်ပွဲခံကြမယ်” ဟူ၍ အမှန်တကယ်အဓိပ္ပါယ်သက်ရောက်ပါသည်။)

ဖော်ပြချက်

Idiom ဆိုသည်မှာ ဘာသာစကားတစ်ခု (သို့မဟုတ်) ယဉ်ကျေးမှုတစ်ခုကိုအသုံးပြုနေကျသူများအတွက် အထူးအဓိပ္ပါယ်ကိုဖော်ဆောင်သော စကားစုတစ်ခုဖြစ်ပါသည်။ ၎င်းသည် တစ်လုံးချင်းဆီတိုင်းကို ဘာသာပြန်၍ ရလာသော အဓိပ္ပါယ်နှင့် စကားစုတစ်ခုလုံး၏ အဓိပ္ပါယ်တို့ကွဲပြားခြားနားပါသည်။

he set his face to go to Jerusalem. (Luke 9:51b ULT) သူသည် ယေရှုရှလင်သို့သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သည်။ (လုကာ ၉:၅၁ ULT)

set his face ဟူသောစကားလုံးမှာ idiom တစ်ခုဖြစ်ပြီး “ဆုံးဖြတ်ချက်ချခဲ့သည်” ဟူ၍ အဓိပ္ပါယ်ရပါသည်။

တစ်ခါတစ်ရံတွင် လူတို့သည် အခြားယဉ်ကျေးမှုမှ idiom များကိုလည်း နားလည်နိုင်ပါသည်။ သို့သော် အဓိပ္ပါယ်ဖော်ဆောင်သည့်အခါ ထူးဆန်းနေလိမ့်မည်ဖြစ်သည်။

I am not worthy that you would come under my roof. (Luke 7:6b ULT)ကိုယ်တော် ကျွန်ုပ်အိမ်ခေါင်မိုးအောက်သို့ ဝင်လာရန်အတွက် ကျွန်ုပ်ထိုက်တန်ခြင်းမရှိပါ။ (လုကာ ၇:၆ ULT)

Enter under my roof ၏ အဓိပ္ပါယ်မှာ “ကျွန်ုပ်အိမ်ထဲဝင်ပါ” ဟုအဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် “ကိုယ်တော် ကျွန်ုပ်အိမ်ထဲ ဝင်လာရန်အတွက် ကျွန်ုပ်သည်ထိုက်တန်မှုမရှိသူဖြစ်သည်” ဟုအဓိပ္ပါယ်သက်ရောက်ပါသည်။

Put these words into your ears. (Luke 9:44a ULT)

 go deeply into your ears သည်စကားလုံးများသင့်နား၏အနက်ရှိုင်းဆုံးအပိုင်းထိ သွားခွင့်ပြုလိုက်ပါ ဟူ၍ တိုက်ရိုက်အဓိပ္ပါယ်သက်ရောက်ပါသည်။ go deeply into your ears. ၏အဓိပ္ပါယ်မှာ သေချာနားထောင်ပြီးမှတ်ထားကြ ဟုအဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် “ဤစကားများကို သေချာနာခံမှတ်ယူကြလော့” (လုကာ ၉:၄၄ ULT) ဟူ၍ ဘာသာပြန်ဆိုနိုင်ပါသည်။

ရည်ရွယ်ချက် :  Idiom တစ်ခုသည် ယဉ်ကျေးမှုတစ်ခုအတွင်းတွင် တစ်စုံတစ်ဉီးက အကြောင်းအရာတစ်ခုအား ပုံမှန်မဟုတ်သည့် ဖော်ပြမှုပုံစံဖြင့် ဖော်ပြခဲ့ခြင်းဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် ဖော်ပြမှုပုံစံ စကားတို့သည် ပို၍အင်းအာကြီးလာပြီး လူအများကလည်း ရှင်းရှင်းလင်းလင်း နားလည်လာကျပြီး လူအများက ထိုစကားကို အသုံးပြုလာကြသည့်အခါမျိုး သိပ်မကြာခင်ပင် ယင်းစကားသည် ပုံမှန်နေ့စဉ်အသုံးပြုနေကျစကားကဲ့သို့ဖြစ်သွားသည်။

ဘာသာပြန်ဆိုရာ၌အခက်အခဲဖြစ်ရခြင်း အကြောင်းအရင်း

  • စာဖတ်သူတို့သည် သမ္မာကျမ်းစာအားမူလရေးသားထားသော ဘာသာစကား၏ယဉ်ကျေးမှုကို မကျွမ်းကျင်လျှင်အသုံးပြုထားသော idiom များအား လွယ်ကူစွာပင်နားလည်မှု လွဲမှားသွားနိုင်သည်။ 
  • စာဖတ်သူတို့သည် ဘာသာပြန်ဆိုမည့် မူရင်းဘာသာစကား အင်္ဂလိပ်(သို့မဟုတ်) အခြား ဘာသာစကား၏ယဉ်ကျေးမှုကိုနားမလည်လျှင်လည်း ယင်းဘာသာစကားတို့တွင် အသုံးပြုထားသော idiom များအား နားလည်မှုလွဲမှားနိုင်ပါသည်။
  • Idiom များအား တစ််လုံးချင်းဘာသာပြန်ဆိုခြင်းသည် အသုံးမဝင်ပါ။ မိမိဘာသာပြန်ဆိုမည့် ဘာသာစကားဖြင့်ဖတ်ရှုမည့် စာဖတ်သူတို့သည် မည်သည့်အကြောင်းအရာကိုဆိုလိုကြောင်း သိနိုင်လိမ့်မည်မဟုတ်။

သမ္မာကျမ်းစာအတွင်းမှဥပမာများ

Then all Israel came to David at Hebron and said, “Look, we are your flesh and bone.” (1 Chronicles 11:1 ULT) ဣသရေလပြည်သားအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ် ထံသို့လာရောက်၍ “ကျွန်တော်တို့သည် အရှင်၏ သွေးသားများဖြစ်ပါ၏” ဟုပြောခဲ့သည်။ (ပ-ရာဇဝင်ချုပ် ၁၁:၁ ULT)

အထက်ပါဥပမာအားကြည့်ကျလျှင် flesh and bone ဟူသောအသုံးအနှုန်းသည် “အသားနှင့်အရိုး” ဟု အဓိပ္ပါယ်ရသော်လည်း အမှန်မှာ ကျွန်ုပ်တို့နှင့်သင်သည် မျိုးနွယ်တစ်ခုတည်းမှဖြစ်သည်၊ မိသားစုတစ်စုတည်းမှဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သောကြောင့်၊ “သွေးသားများ” ဟုအဓိပ္ပါယ်သတ်ရောက်ပါသည်။

The children of Israel went out with a high hand. (Exodus 14:8b ASV)ဣသရေလအမျိုးသားတို့သည် ဝင့်ကြွားစွာဖြင့် ထွက်ခွာလျက်ရှိကြသည်။ (ထွက်မြောက်ရာကျမ်း ၁၄:၈ ASV)

With a high hand ကို ဝင့်ကြွားစွာဖြင့်ဟုဘာသာပြန်ထားသည်ကိုတွေ့ရပေလိမ့်မည်။

the one who lifts up my head (Psalm 3:3b ULT) ကိုယ်တော်သည် ဒိုင်းလွှားသဖွယ် ကျွန်တော်မျိုးအား ဘေးရန်များမှ အစဉ် ကာကွယ်တော်မူပါ၏။ (ဆာလံ ၃:၃ ULT)

Lifts up my head သည် ကျွန်ုပ်ကို ကူညီသောသူဟူ၍ အဓိပ္ပါယ်သက်ရောက်ပါသည်။

ဘာသာပြန်ခြင်းနည်းပရိယာယ်များ

သင်၏ဘာသာစကားတွင် idiom အသုံးသည် လွယ်ကူစွာနားလည်နိုင်ပါက အသုံးပြုရန်ကြိုးစားပါ အကယ်၍ နားလည်ရန်ခက်ခဲပါက အောက်ဖော်ပြပါအချက်များအား အသုံးပြုရန်အတွက် ကြိုးစားပါ။

(1) Idiom အား အသုံးမပြုပဲ ဆိုလိုချက်အဓိပ္ပါယ်ကို ရိုးရိုးရှင်းရှင်းဘာသာပြန်ပါ။

(2) အကယ်၍ ပြန်ဆိုရမည့် Idiom သည် မိမိဘာသာစကားတွင်ရှိပြီးသား လူသိများပြီးသား ဗန်းစကားနှင့် အဓိပ္ပါယ်ဆင်တူလျှင်အသုံးပြုရန်စဉ်းစားပါ။

ဘာသာပြန်ခြင်းနည်းပရိယာယ်များအားအသုံးချထားသည့် ဥပမာများ

(1) Idiom အား အသုံးမပြုပဲ ဆိုလိုချက်အဓိပ္ပါယ်ကို ရိုးရိုးရှင်းရှင်းဘာသာပြန်ပါ။

Then all Israel came to David at Hebron and said, “Look, we are your flesh and bone.” (1 Chronicles 11:1 ULT)ဣသရေလပြည်သားအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ် ထံသို့လာရောက်၍ “ကျွန်တော်တို့သည် အရှင်၏ သွေးသားများဖြစ်ပါ၏” ဟုပြောခဲ့သည်။ ( ပ-ရာဇဝင်ချုပ် ၁၁:၁ ULT)

Look, we all belong to the same nation.

Then he set his face to go to Jerusalem. (Luke 9:51b ULT)

He started to travel to Jerusalem, determined to reach it.သူသည် ယေရှုရှလင်သို့သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သည်။ (လုကာ ၉:၅၁ ULT)

I am not worthy that you would come under my roof. (Luke 7:6b ULT)

I am not worthy that you should enter my house.“ကိုယ်တော်ကျွန်ုပ်အိမ်ထဲ ဝင်လာရန်အတွက်ကျွန်ုပ်သည်ထိုက်တန်မှုမရှိသူဖြစ်သည်” (လုကာ ၇:၆ ULT)

(2)  အကယ်၍ ပြန်ဆိုရမည့် Idiom သည် မိမိဘာသာစကားတွင်ရှိပြီးသား လူသိများပြီးသား ဗန်းစကားနှင့် အဓိပ္ပါယ်ဆင်တူလျှင် အသုံးပြုရန်စဉ်းစားပါ။

Let these words go deeply into your ears (Luke 9:44 ULT)“ငါပြောမည့်စကားတို့ကို နားစိုက်ထောင်ကြ” (လုကာ ၉:၄၄ ULT)

Put these words into your ears. (Luke 9:44a ULT)

Be all ears when I say these words to you.

My eyes grow dim from grief. (Psalm 6:7a ULT)

I am crying my eyes out “မျက်လုံးများပေါက်ထွက်မတက် ကျွန်ုပ်ငိုကြွေးခဲ့ရသည်။”