DMS_GL_en_ta/translate/figs-hypo/01.md

17 KiB

"အကယ်၍နေသောမတောက်ပတော့လျှင်..." "တကယ်လို့နေသောမတောက်ပတော့ လျှင်သာဖြစ်မည်နည်း။"  "နေဟာမတောက်ပတော့ဘူးဆိုပါစို့..."  "အကယ်၍နေဟာတောက်ပခြင်း မရပ်တန့်ခဲ့ဘူးဆိုလျှင်..."ဟူသောစာပိုဒ်များအားစဉ်းစားပါ။ ကျွန်ုပ်တို့သည်စသောဖော်ပြချက် များအား ဘာတွေဖြစ်ခဲ့သည် သို့မဟုတ် အမှန်တကယ်ဖြစ်မလာနိုင်သော်လည်း အနာဂတ်  တွင်ဘာတွေ ဖြစ်လာနိုင်‌သည်စသည်တို့ကိုစိတ်ကူးသောစိတ်ကူးယဉ်အခြေနေများကိုတည်ဆောက်ရာတွင် သုံးသည်။ ထိုအရာများအားနောင်တသို့မဟုတ်ဆုတောင်းများအား ဖော်ပြရာ၌လည်းအသုံးပြုနိုင်သည်။ ထိုအရာ များသည် သမ္မာကျမ်းစာထဲတွင် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။  သင် (ဘာသာပြန်ယူ) သည်ဤ အကြောင်း အရာများကို နည်းလမ်းအတိုင်းဘာသာပြန်ရန်လိုအပ်ပါသည်။ထိုမှသာလူများသည် ဤအဖြစ်ပျက်များသည် အမှန်တကယ်မဖြစ်ပျက်ခဲ့ကြောင်းနှင့်ဤအဖြစ်အပျက်များအားအဘယ်ကြောင့် စိတ်ကူးယဉ်  ရသည်ကို နားလည်မည်ဖြစ်သည်။

ဖော်ပြချက်

စိတ်ကူးယဉ်‌အခြေအနေများသည်တကယ်မဟုတ်သောအခြေနေများဖြစ်သည်။အတိတ်ပစ္စုပ္ပန်သို့မဟုတ် အနာဂတ်ကာလများတွင်ဖြစ်နိုင်သည်။အတိတ်နှင့်ပစ္စုပ္ပန်ကာလတွင်ဖြစ်ခဲ့သောစိတ်ကူးယဉ်အခြေအနေများသည်ဖြစ်ပျက်ခဲ့ခြင်းမရှိဘဲ အနာဂတ်မှကိစ္စများသည်လည်းဖြစ်ရန်မမျော်လင့်ထားသောကိစ္စများဖြစ်သည်။

လူများသည်ထိုအခြေအနေများနှင့်အကယ်၍ထိုအခြေနေများဖြစ်ပျက်ခဲ့လျှင်မည်ကဲ့သို့ဖြစ်လာနိုင်သည်ကိုပြောဆိုတတ်ကြသည်။ သို့သော်အခြေအနေများသည်ဖြစ်ပျက်ခဲ့ခြင်းမရှိကြောင်း နှင့်ဖြစ်လာမည်မဟုတ်သည် ကိုလည်းသိကြသည်ဖြစ်သည်။ (ထိုအခြေအနေများသည် "အကယ်၍" နှင့်စသောစာပိုဒ်များဖြစ်သည်။)

  • အကယ်၍သူသာအသက်တစ်ရာထိနေနိုင်ခဲ့မည်ဆိုလျှင်၊သူ‌့မြေး၏မြေးအားမတွေ့နိုင်ခဲ့မည်ဖြစ်သည်။(သို့သော်သူမနေနိုင်ခဲ့ပါ)
  • အကယ်၍သူသာအသက်တစ်ရာထိနေမည်ဆိုလျှင် သူယနေ့ထိအသက်ရှင်နေမည်ဖြစ်သည်။ (သို့သော်လည်းသူမနေနိုင်ခဲ့ပါ)
  • အကယ်၍သူသာအသက်တစ်ရာထျိနခဲ့လျှင် သူ့မြေး၏မြေးကိုတွေ့မည်ဖြစ်သည်။ (သို့သော်လည်း သူရနေနိုင်မည် မဖြစ်ပေ။)

ဆုတောင်းသောအရာများနှင့်ဖြစ်လာမည်မဟုတ်သောအရာများအတွက်မျှော်လင့်သည်ကိုဖော်ပြတတ်သည်။

  • သူလာခဲ့သည်ဟုငါဆုတောင်းသည်။
  • သူဒီမှာ ရှိရသည်ဟုငါမျှော်လင့်သည်။
  • သူလာလိမ့်မည်ဟုငါမျှော်လင့်သည်။

လူများသည်တစ်ခါတစ်ရံဖြစမလာခဲ့သောအရာများနှင့်ဖြစ်လာမည်မဟုတ်သောအရာများအတွက်နောင်တရသည်ကိုဖော်ပြတတ်သည်။

  • အကယ်၍သူသာလာခဲ့သည်ဆိုလျှင်
  • အကယ်၍သူသာဒီမှာရှိခဲ့မည်ဆိုလျှင်
  • အကယ်၍သူသာလာလိမ့်မည်ဆိုလျှင်

ဘာသာပြန်ဆိုရာ၌ အခက်အခဲဖြစ်ရသည့်အကြောင်းအရင်း

  • ဘာသာပြန်သူများသည်သမ္မကျမ်းစာထဲတွင်ပါဝင်သောစိတ်ကူးယ်အခြေနေအမျိုးမျိုးများအားသိရှိထားရန်လိုအပ်ပြီးထိုအရာများသည်အမှန်တကယ်ဟုတ်ကြောင်း နားလည်ရန်လိုအပ်ပါသည်။
  • ဘာသာပြန်သူများသည်စိတ်ကူးယဉ်အခြေအနေအမျိုးမျိုးအားဖော်ပြသောသူတို့ကိုအခြေအနေအမျိုးမျိုးအားဖော်ပြသောသူတို့ကိုယ်တိုင်ဘာသာစကား၏နည်းလမ်းအားသိရှိထားရန်လိုအပ်ပါသည်။

သမ္မာကျမ်းစာမှဥပမာများ

အတိတ်ကာလမှစိတ်ကူးယဉ်အခြေနေများ

“အိုခေါရာဇိန်မြို့၊သင်သည်အမဂင်္လာရှိ၏။အိုဗက်ဇဲဒမြို့၊သင်သည်အမဂင်္လာရှိ၏။အကြောင်းမူကားသင်တို့တွင်ပြသောတန်ဖိုးကိုတုရာမြို့နှင့်ဇိဒုန်မြို့တွင်ပြဘူးလျှင်ထိုမြို့တို့သည်ရှေးကာလ၌လျောခတေအဝတ်ကိုဝတ်၍ပြာနှင့်လူးလျက်နောင်တရကြလိမ့်မည်။”(မဿဲ 11:21 ULT)

ယခု မဿဲ 11:21 တွင်ယေရှုသည်အကယ်၍  တုစုနှင့်ဇိန်ဒန်တို့၏ရှေးဟောင်း‌မြို့များတွင်နေထိုင်သော သူများသည်သူပြသောအံ့ဖွယ်အမှုတို့ကိုမြင်ခဲ့လျှင်နောင်တရကြလိမ့်မည် ဟုပြောခဲ့သည်။ရေရှုမြို့နှင့် ဇိန်ဒုန်မြို့မှလူများသည် အမှန်တကယ်သူ၏အံ့ဖွယ်မှုကိုမမြင်ခဲ့၍နောင်နရခြင်းလည်းမရှိခဲ့ပေ။ခေါ်ရာဇိန်မြို့နှင့်ဗက်ဇဲဒမြို့မှလူအများသည် သူ၏အံ့ဖွယ်အမှုများအားဖြင့်မြင်ခဲ့သော်လည်း နောင်တရခြင်း မရှိသည့် အတွက်ဆုံးမရန် ပြောခြင်းဖြစ်သည်။

မာသက ယေရှုအား " ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ " ဟုဆို၏။ (ယောဟန် 11:21 ULT)

မာသသည် ယေရှု သာစောစောလာခဲ့လျှင် သူမ၏မောင် သေမည်မဟုတ် ဟူသော သူမ၏ဆန္ဒအား ဖော်ပြရန် ဤအကြောင်းအရာကို ပြောခြင်းဖြစ်သသည်။သို့သော် ယေရှု သည် စောစောမလာခဲ့သလို ၊သူမ၏မောင်လည်း သေဆုံးခဲ့သည်။

ပစ္စုပ္ပန်မှ စိတ်ကူးယဉ်အခြေ‌အနေများ

“ထို့အတူ ဟောင်းသောသားရေဘူး၌ အသစ်သော စပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သော စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။”

ယေရှုသည် အကယ်၍ သူတို့သည် ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လျှင် မည်ကဲ့သို့ ဖြစ်နိူင်သည်ကို ပြောပြခြင်းဖြစ်သည်။ သို့သော် မည်သူမှ ထိုကဲ့သို့ မလုပ်ခဲ့ချေ။ ယေရှုသည် သစ်သောပစ္စည်းနှင့် ဟောင်းသောပစ္စည်းအား ရော၍သုံးရန်မှာ ဉာဏ်မရှိရာကြသည်  ဟူသောဥပမာအားပြ၍ ဤစိတ်ကူးယဉ်အခြေအနေကို သုံးခြင်းဖြစ်သည်။ သူ ဤကဲ့သို့ လုပ်ခြင်းအားဖြင့် သူ၏တပည့်များသည် လူများရိုးရာနည်းအတိုင်း လုပ်သည်လောက်မမြန်သည့်အကြောင်းကို လူများနားလည်မည်ဖြစ်သည်။

Jesus said to them, “What man would there be among you, who, if he had just one sheep, and if this sheep fell into a deep hole on the Sabbath, would not grasp hold of it and lift it out?” (Matthew 12:11 ULT)

Jesus asked the religious leaders what they would do on the Sabbath if one of their sheep fell into a hole. He was not saying that their sheep would fall into a hole. He used this imaginary situation to show them that they were wrong to judge him for healing people on the Sabbath.

အနာဂါတ်မှ စိတ်ကူးယဉ်အခြေအနေများ

“ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။” ( မဿဲ 24:22 ULT )

ယေရှု သည် အလွန်ဆိုးဝါးသောကိစ္စများ ဖြစ်ပေါ်လာနိူင်သည့် အနာဂါတ်အကြောင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုပြသနာနေ့ရက်များ ကြာရှည်လျှင် မည်ကဲ့သို့ဖြစ်နိူင်ကြောင်း ပြောခဲ့သည်။သူသည် ထိုနေ့ရက်များသည် မည်မျှဆိုးဝါးမည်ဖြစ်ကြောင်း၊ ဆိုးဝါးလွန်းသဖြင့် ထို‌ရက်များသာ ကြာရှည်လျှင် မည်သူမျှ လွတ်မည်မဟုတ်ကြောင်းတို့အား ဖော်ပြရန် ပြောခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် ဘုရားသခင်သည် လက်ရွေးစင်များ ( သူရွေးချယ်ထားသူများ ) လွတ်စေရန်အလို့ငှာ ထိုရက်များအား တိုစေလိမ့်မည်ဟု ရှင်းပြခဲ့သည်။

စိတ်ကူးယဉ်အခြေအနေနှင့် ပတ်သက်သော စိတ်ခံစားမှုများအား ဖေါ်ပြခြင်း

လူတို့သည် တစ်ခါတစ်ရံ နောင်တများနှင့် ဆုတောင်းများအား ဖေါ်ပြရန် စိတ်ကူးယဉ်အခြေအနေများအား ပြောတတ်ကြသည်။ နောင်တများသည် အတိတ်တွင်ဖြစ်၍ ဆုတောင်းများသည် ပစ္စုပ္ပန်နှင့် အနာဂတ် တွင်ဖြစ်သည်။

ဣသရေလအမျိုးသားတို့သည် " ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ဝစွာ စားရသောအခါ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား ဤစည်းဝေး လျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောအခါ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကား " ဟု ဆိုကြ၏။

ဣသရေလအမျိုးသားတို့သည် တောထဲ၌ ငတ်မွတ်ခြင်းဖြင့် သေမည်ကို ကြောက်ရွံကြသဖြင့် အဲဂုတ္တုပြည်၌ သာနေ၍ အစာဝဝလင်လင်ဖြင့်သာ သေလိုကြောင်း ပြောကြခြင်းဖြစ်သည်။ သတို့သည် ဤအရာများ မဖြစ်သင့် ကြောင်းကို ငြီးငြူ၍ နောင်တများအားဖေါ်ပြနေခြင်းဖြစ်သည်။

သင်၏အကျင့်ကို ငါသိ၏။ သင်သည် အအေးမဟုတ်အပူမဟုတ်သည်ကို ငါသိ၏။အေးခြင်းဖြစ်စေ ပူခြင်းဖြစ်စေ တခုခုကို ငါ အလိုရှိ၏။

ယေရှုသည် လူများ အေးခြင်းဖြစ်စေ ပူခြင်းဖြစ်စေ တခုခုကို အလိုရှိသော်လည်း တစ်ခုမှမဟုတ်ချေ။ သူသည် သူ၏ဒေါသကို ဖေါ်ပြ၍ လူများကို ဆုံးမနေခဲ့ခြင်း ဖြစ်သည်။

ဘာသာပြန်ခြင်း နည်းစနစ်များ

သင်၏ဘာသာစကားအား ပြောဆိုသူများ၏ ဖေါ်ပြချက်များကို ရှာဖွေပါ။

  • ဖြစ်နိူင်ချေ ရှိသော်လည်း  ဖြစ်မသွားသောကိစ္စများ
  • မှန်ကန်နိူင်ချေ ရှိသော်လည်း မမှန်ကန်သည့်   ကိစ္စများ
  • အနာဂတ်တွင် ဖြစ်လာနိူင်ချေ ရှိသော်လည်း တစ်စုံတစ်ခုပြောင်းလဲသွားခြင်းသာ မရှိလျှင် ဖြစ်လာမည်မဟုတ်သောကိစ္စများ
  • လူများဆုတောင်းသော်လည်း ဖြစ်မလာသည့်ကိစ္စများ
  • လူများ နောင်တရသော်လည်းမပြောင်းလဲသွားသောကိစ္စများ

ထိုအရာများအား ဖေါ်ပြရန် သင်၏ ဘာသာစကား၏ နည်းလမ်းအားအသုံးပြပါ။

You may also want to watch the video at https://ufw.io/figs_hypo.