DMS_GL_en_ta/translate/figs-genericnoun/01.md

9.9 KiB

ဖော်ပြချက်

ယေဘုယျ နာမ်ပုဒ်စုများသည်    တိကျသော တစ်ယောက်ချင်းစီ သို့မဟုတ် အရာများ ထက် ယေဘုယျအားဖြင့် လူများ သို့မဟုတ် အရာများအား ရည်ညွှန်းသည်။ဤ သည်မှာ ဆိုရိုးများတွင် မကြာခဏဖြစ်ပေါ်ပြီး ဆိုရိုးစကားများသည် ယေဘုယျအားဖြင့် လူများနှင့်ပတ်သတ်၍ မှန်ကန်သော အရာများ ကြောင့်ပြောပြသောကြောင့်ဖြစ်သည်။

လူသည် ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊( သုတ္တံ 6:28 ULT)

အထက်ပါ  မျဥ်းတားထားသော ပုဒ်စုများသည် တိကျသော လူတစ်ယောက်အား ရည်ညွှန်းသည်။ သူတို့သည် ယင်းအရာများအား ပြုလုပ်သော မည်သည်လူကိုမဆိုရည်ညွှန်းသည်။

ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်း အကြောင်းပြချက်

မတူညီသော ဘာသာစကားများတွင် နာမ်ပုဒ်စုများသည် တစ်စုံတစ်ခုအား ရည်ညွှန်းသည်ကို ယေဘုယျအားဖြင့် ပြသခြင်း နည်းလမ်းအမျိုးမျိုးရှိသည်။ သင်(ဘာသာပြန်သူ) သည် ယင်း ယေဘုယျ စိတ်ကူးများအား သင်၏ ဘာသာစကားတွင် သဘာဝကျသောနည်းများဖြင့် ရည်ညွှန်းသင့်သည်။

သမ္မာကျမ်းစာမှ ဥပမာများ

ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။( သုတ္တံ 11:8 ULT)

 အထက်ပါ bold လုပ်ထားသော ပုဒ်စုတို့သည် တိကျသော လူတစ်ယောက်အား မရည်ညွှန်းသော်လည်း ဖြောင့်မတ်သောသူမည်သူမဆို သို့မဟုတ် တရားသောသူ မည်သူ ကိုမဆို ရည်ညွှန်းသည်။ .

စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။( သုတ္တံ 11:26 ULT)

ဤသည် လူတစ်ယောက်ချင်းစီအား မရည်ညွှန်းသော်လည်း စပါးကိုသိုထားသော သူ မည်သူကိုမဆို ရည်ညွှန်းသည်။

သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။(သုတ္တံ 12:2 ULT)

 “သူတော်ကောင်း” ဟူသည့် ပုဒ်စုသည် လူတစ်ယောက်ချင်းစီအား မရည်ညွှန်းသော်လည်း  ကောင်းသောသူ မည်သူကိုမဆို ရည်ညွှန်းသည်။ “မကောင်းသောအကြံကို ကြံစည်သောသူ”ဟူသည့် ပုဒ်စုသည်လူတစ်ယောက်ချင်းစီအားမရည်ညွှန်းသော်လည်း မကောင်းသောအကြံကို ကြံစည်သောသူ မည်သူကိုမဆို ရည်ညွှန်းသည်။

ဘာသာပြန်ခြင်း နည်းစနစ်များ

အကယ်၍ သင်၏ ဘာသာစကားသည် ULT ထဲမှ  တိကျသော တစ်ယောက်ချင်းစီ သို့မဟုတ် အရာများ ထက် ယေဘုယျအားဖြင့် လူများ သို့မဟုတ် အရာများအား ရည်ညွှန်းသည့်အတိုင်း တူညီသော စကားလုံးအား အသုံးပြုနိုင်ပါက၊ ယင်း တူညီသော စကားလုံးအား အသုံးပြုရန်စဥ်းစားပါ။ အကယ်၍ မဟုတ်ပါက၊ ဤသည်မှာ သင်အသုံးပြုနိုင်သော နည်းစနစ်အချို့ဖြစ်သည်။

(1) နာမ်ပုဒ်စုများတွင် "the” ဟူသော စကားလုံးအား အသုံးပြုပါ။

(2) နာမ်ပုဒ်စုများတွင် “a' ဟူသော စကားလုံးအား အသုံးပြုပါ။

(3) “မည်သည့်လူ” သို့မဟုတ် “မည်သည့်တစ်ယောက်” ကဲ့သို့ တွင် “မည်သည့်” ဟူသော စကားလုံးအားအသုံးပြုပါ။

(4) “လူ” ကဲ့သို့သောတွင် အများဆိုင်ပုံစံအား အသုံးပြုပါ။

(5) သင်၏ ဘာသာစကားတွင် သဘာဝကျသော အခြား မည်သည့် နည်းလမ်းမဆို အသုံးပြုပါ။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) နာမ်ပုဒ်စုများတွင် “The” ဟူသော စကားလုံးအား အသုံးပြုပါ။

သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။(သုတ္တံ 12:2 ULT)

“သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။"(သုတ္တံ 12:2 ULT)

(2) နာမ်ပုဒ်စုများတွင် “a' ဟူသော စကားလုံးအား အသုံးပြုပါ။

စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။( သုတ္တံ 11:26 ULT)

“စပါးကိုသိုထားသော သူတစ်ယောက်သည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။”

(3) “မည်သည့်လူ” သို့မဟုတ် “မည်သည့်တစ်ယောက်” ကဲ့သို့ တွင် “မည်သည့်” ဟူသော စကားလုံးအားအသုံးပြုပါ။

စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။( သုတ္တံ 11:26 ULT)

“စပါးကိုသိုထားသော သူ မည်သူမဆိုသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ”

(4) လူ” ကဲ့သို့သောတွင် အများဆိုင်ပုံစံအား အသုံးပြုပါ။(သို့မဟုတ် ဤဝါကျတွင်၊ “ လူများ”)

စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။( သုတ္တံ 11:26 ULT)

စပါးကိုသိုထားသော သူများသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။

(5) သင်၏ ဘာသာစကားတွင် သဘာဝကျသော အခြား မည်သည့် နည်းလမ်းမဆို အသုံးပြုပါ။

စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။( သုတ္တံ 11:26 ULT)

“လူတို့သည် စပါးကိုသိုထားသော မည်သူကိုမဆို ကျိန်ဆဲမည်ဖြစ်သည်။”