DMS_GL_en_ta/translate/figs-explicitinfo/01.md

17 KiB

ဖော်ပြချက်

အချို့ဘာသာစကားများတွင် အရာများအား ပြောဆိုရာတွင် ယင်းတို့အတွက် သဘာဝကျသော်လည်း အခြားဘာသာစကားများသို့ ဘာသာပြန်သောအခါ ထူးဆန်းနေသော နည်းလမ်းများရှိသည်။ အကြောင်းအရာများထဲမှတစ်ခုမှာ အချို့ဘာသာစကားများသည် အခြားဘာသာစကားတို့ သွယ်ဝိုက်အချက်အလက်အဖြစ် ချန်ထားမည့်အရာတို့အား တိုက်ရိုက်ဖော်ပြ သောကြောင့် ဖြစ်သည်။

ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်း အကြောင်းပြချက်

 အကယ်၍ သင်သည် မူလဘာသာစကားမှ တိုက်ရိုက်အချက်အလက် အားလုံးကို အဓိက ဘာသာစကားတွင် တိုက်ရိုက်အချက်အလက် အဖြစ် ဘာသာပြန်ပါက၊ အကယ်၍ အဓိက ဘာသာစကားတွင် ထိုအချက်အလက်အား တိုက်ရိုက်ပြုလုပ်မည် မဟုတ်လျင် ဤသည်မှာ နိုင်ငံခြားဆန်ခြင်း၊ သဘာဝမကျခြင်း၊ သို့မဟုတ် ဉာဏ်ထက်မြက်မှုမရှိသည်ဟုပင် ထင်ရနိုင်သည်။ ထို့အစား၊ ထိုကဲ့သို့ အချက်အလက်များကို အဓိကဘာသာစကားတွင် သွယ်ဝိုက်စွာပင် ထားခဲ့ရန်မှာ အကောင်းဆုံးဖြစ်သည်။

သမ္မာကျမ်းစာမှဥပမာများ

ထို့နောက် အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်ခဲ့သည်။ (တရားသူကြီး ၉:၅၂ ESV)

သမ္မာကျမ်းစာလာ ဟီးဘရူး ဘာသာစကားတွင်၊ ဝါကျများကြားရှိ ဆက်နွယ်မှုအားပြရန် “ထို့နောက်” ကဲ့သို့သော သမ္ဗန္ဓဖြင့် ဝါကျအများစုကို စသည်မှာ သာမန်ပင်ဖြစ်သည်။ အင်္ဂလိပ်စာတွင်၊ ဤကဲ့သို့လုပ်ရန်မှာ သဘာဝမကျသောကြောင့် ဤသည်မှာ အင်္ဂလိပ်စာဖတ်သူတို့အတွက် အနည်းငယ် ငြီးငွေ့ဖွယ် ဖြစ်ပြီး ဤသည်မှာ စာရေးသူသည် ပညာမတတ်ဟူသော အထင်အမြင်အား ပေးသည်။ အင်္ဂလိပ်စာ၌၊ ကိစ္စအများစုတွင် ဝါကျများကြားဆက်နွယ်မှု၏ စိတ်ကူးများအား သွယ်ဝိုက်သည့်အတိုင်းထားရန် နှင့် သမ္ဗန္ဓ အား တိုက်ရိုက် ဘာသာမပြန်ရန်မှာ အကောင်းဆုံး ဖြစ်သည်။

သမ္မာကျမ်းစာလာ ဟီးဘရူး ဘာသာစကားတွင်၊ တစ်စုံတစ်ခုအား မီးဖြင့်ရှို့သည်ဟု ပြောခြင်းမှာ သာမန်ပင်ဖြစ်သည်။ အင်္ဂလိပ်စာတွင်၊ မီး၏ စိတ်ကူးသည် ရှို့ခြင်း၏ လုပ်ရပ်တွင်ပါဝင်ပြီး ထို့ကြောင့် စိတ်ကူးနှစ်ခုလုံးအား တိုက်ရိုက်ဖော်ပြရန်မှာ သဘာဝမကျပေ။ တစ်စုံတစ်ခုသည် ရှို့ခြင်းခံရသည်ဟုပြော၍ မီး၏စိတ်ကူးအား သွယ်ဝိုက်သည့်အတိုင်းချန်ထားရန်မှာ လုံလောက်သည်။

တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါဟု ဖြေ၍ ဆို၏။ (မဿဲ ၈:၈ ULT)

သမ္မာကျမ်းစာလာ ဘာသာစကားများတွင်၊ ပြောဆိုခြင်း၏ ကြိယာနှစ်ခုနှင့်အတူ တိုက်ရိုက်ပြောစကား အား မိတ်ဆက်ပေးရန်မှာ သာမန်ပင်ဖြစ်သည်။ ကြိယာတစ်ခုသည် လုပ်ရပ်ကို ညွှန်ပြ၍ အခြားတစ်ခုသည် ပြောဆိုသူ၏ စကားလုံးများအား မိတ်ဆက်ပေးသည်။ အင်္ဂလိပ်စကား ပြောဆိုသူတို့အတွက်၊ ပြောဆိုခြင်းအတွက် စိတ်ကူးသည် ဖြေခြင်း၏ စိတ်ကူးတွင် ပါဝင်ပြီးဖြစ်သည်။ အင်္ဂလိပ်စာ၌ ကြိယာနှစ်ခု အသုံးပြုခြင်းသည် ပြောစကားတစ်ခုထက် ကွဲပြားသောနှစ်ခုအား သွယ်ဝိုက်ညွှန်းဆိုသည်။ ထို့ကြောင့် အင်္ဂလိပ်စာတွင်၊ ပြောဆိုခြင်း၏ ကြိယာတစ်ခုကိုသာ အသုံးပြုရန် မှာ ပို၍ကောင်းသည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

(1) အကယ်၍ မူရင်းဘာသာစကား၏ တိုက်ရိုက်အချက်အလက်သည် အဓိကဘာသာစကားတွင် သဘာဝကျပါက၊ ယင်းအား တိုက်ရိုက်အချက်အလက်ကဲ့သို့ ဘာသာပြန်ပါ။

(2) အကယ်၍ တိုက်ရိုက်အချက်အလက်သည် အဓိကဘာသာစကားတွင် သဘာဝမကျခြင်း သို့မဟုတ် မလိုအပ်ခြင်း သို့မဟုတ် ရှုပ်ထွေးခြင်းတို့ရှိပါက၊ တိုက်ရိုက်အချက်အလက် အား သွယ်ဝိုက်၍သာ ထားခဲ့ပါ။ ဤသည်ကို အကယ်၍ စာဖတ်သူတို့သည် ဤအချက်အလက်အား စာထဲမှ နားလည်မှသာလျှင် ပြုလုပ်ပါ။ သင်သည် ဤသည်ကို စာဖတ်သူအား စာပိုဒ်နှင့်ပတ်သတ်သော မေးခွန်းမေးခြင်းဖြင့် စမ်းသပ်နိုင်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) အကယ်၍ မူရင်းဘာသာစကား၏ တိုက်ရိုက်အချက်အလက်သည် အဓိကဘာသာစကားတွင် သဘာဝကျပါက၊ ယင်းအား တိုက်ရိုက်အချက်အလက်ကဲ့သို့ ဘာသာပြန်ပါ။

  • ဤနည်းနစ်အားအသုံးပြုခြင်းဖြင့် စာထဲတွင် ပြောင်းလဲခြင်းမရှိနိုင်ပါ ထို့ကြောင့် ဤတွင် ဥပမာ ပေးထားခြင်းမရှိပါ။

(2) အကယ်၍ တိုက်ရိုက်အချက်အလက်သည် အဓိကဘာသာစကားတွင် သဘာဝမကျခြင်း သို့မဟုတ် မလိုအပ်ခြင်း သို့မဟုတ် ရှုပ်ထွေးခြင်းတို့ရှိပါက၊ တိုက်ရိုက်အချက်အလက် အား သွယ်ဝိုက်၍သာ ထားခဲ့ပါ။ ဤသည်ကို အကယ်၍ စာဖတ်သူတို့သည် ဤအချက်အလက်အား စာထဲမှ နားလည်မှသာလျှင် ပြုလုပ်ပါ။ သင်သည် ဤသည်ကို စာဖတ်သူအား စာပိုဒ်နှင့်ပတ်သတ်သော မေးခွန်းမေးခြင်းဖြင့် စမ်းသပ်နိုင်သည်။

ထို့နောက် အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်ခဲ့သည်။ (တရားသူကြီး ၉:၅၂ ESV)

ထို့နောက် အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ရန် သို့မဟုတ် မီး၌လောင်ကျွမ်း စေရန်  ချဉ်းကပ်ခဲ့သည်။

အင်္ဂလိပ်စာတွင်၊ ဤစာပိုဒ်၏ လုပ်ရပ်သည် ယခင်စာပိုဒ်၏လုပ်ရပ်အား အစတွင် စကားဆက် “ထို့နောက်” အား အသုံးပြုခြင်းမရှိပဲ ကပ်၍ လိုက်သည်မှာ ရှင်းလင်းသောကြောင့် ဤသည်မှာ ချန်ခဲ့ခြင်း ခံရခြင်း ဖြစ်သည်။ ထို့အတူ “မီးဖြင့်” ဟူသော စကားလုံးများသည် ချန်ထားခြင်း ခံရပြီး၊ ဤအချက်အလက်သည် “ရှို့” ဟူသော စကားလုံးဖြင့် သွယ်ဝိုက်စွာ ချိတ်ဆက်ထားသောကြောင့် ဖြစ်သည်။ “ယင်းအားမီးရှို့ရန်” အတွင် သမာရိုးကျမဟုတ်သော ဘာသာပြန်ခြင်းမှာ “ မီး၌လောင်ကျွမ်းစေရန် “ ဖြစ်သည်။ အင်္ဂလိပ်စာတွင် “ရှို့သည်” နှင့် “မီး” နှစ်ခုလုံးအား သုံးရန်မှာ သဘာဝမကျသောကြောင့် အင်္ဂလိပ်ဘာသာပြန်သူသည် ယင်းတို့ထဲမှ တစ်ခုကိုသာ ရွေးရန် လိုအပ်သည်။ သင်သည် “တံခါးသည် မည်ကဲ့သို့ မီးလောင်သွားသနည်း'' ဟု မေးခြင်းဖြင့် စာဖတ်သူတို့သည် သွယ်ဝိုက်အချက်အလက်ကို နားလည်ကြောင်း သိရန် စမ်းသပ်နိုင်သည်။ အကယ်၍ သူတို့သည် မီးဖြင့် ဖြစ်သည်ကို သိပါက၊ သူတို့သည် သွယ်ဝိုက်အချက်အလက်အား သိပြီးဖြစ်သည်။ သို့မဟုတ်၊ အကယ်၍ သင်သည် ဒုတိယရွေးချယ်စရာအား ရွေးချယ်ပါက၊ သင်သည် “မီး၌ လောင်ကျွမ်းခြင်း ခံရသော တံခါးသည် မည်ကဲ့သို့ ဖြစ်သွားသနည်း” ဟုမေးနိုင်သည်။ အကယ်၍ စာဖတ်သူတို့သည် “မီးလောင်သွားသည်” ဟုဖြေပါက၊ သူတို့သည် သွယ်ဝိုက်အချက်အလက်အား နားလည်ပြီးဖြစ်သည်။

တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါဟု ဖြေ၍ ဆို၏။ (မဿဲ ၈:၈ ULT)

တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါဟု ဖြေ၏။

အင်္ဂလိပ်စာတွင်၊ တပ်မှူးက ပြောခြင်းဖြင့် ဖြေလိုက်သည်ဟူသော အချက်အလက်သည် “ဖြေသည်” ဟူသော ကြိယာတွင် ပါဝင်ပြီးဖြစ်သောကြောင့် “ပြောသည်” ဟူသော ကြိယာအား သွယ်ဝိုက်စွာ ချန်ထားခဲ့နိုင်သည်။ သင်သည် “တပ်မှူးက မည်ကဲ့သို့ဖြေသနည်း။” ဟုမေးခြင်းဖြင့် စာဖတ်သူများသည် သွယ်ဝိုက်အချက်အလက်အား နားလည်ကြောင်း စမ်းသပ်နိုင်သည်။ အကယ်၍ သူတို့သည် ပြောဆိုခြင်းဖြင့် ဖြစ်ကြောင်းသိပါက၊ သူတို့သည် သွယ်ဝိုက်အချက်အလက်ကို နားလည်သောကြောင့် ဖြစ်သည်။

ထိုအခါ နှုတ်တော်ကိုဖွင့်၍ ဆုံးမဩဝါဒပေးတော်မူသည်မှာ၊ (မဿဲ ၅:၂ ULT)

**သူသည်စတင်၍**သင်ရန် ဆုံးမသြဝါဒပေးတော်မူသည်မှာ.. သို့မဟုတ် သူသည် သင်၍ ဆုံးမသြဝါဒပေးတော်မူသည်မှာ..

အင်္ဂလိပ်စာတွင်၊ ယေရှုသည် စကားပြောသောအခါ ပါးစပ်ကိုဖွင့်သည်ဟုသော အချက်အလက်ကို ထည့်ရန်မှာ အလွန်ပင်ထူးဆန်းနေလိမ့်မည်။ ထိုအချက်အလက်သည် “သင်သည်” နှင့် “ပြောသည်” ဟူသော ကြိယာတွင် ပါဝင်ပြီးဖြစ်သောကြောင့် ထိုပုဒ်စုအား ချန်ထားခဲ့နိုင်၍ ထိုအချက်အလက်အား သွယ်ဝိုက်စွာပင် ထားခဲ့နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ “နှုတ်တော်ကိုဖွင့်၍” သည် ပြောစကား၏ အစအား ညွှန်ပြသော ဒေသိယစကား ဖြစ်သောကြောင့် အချက်အလက်အား ပါဝင်ထားနိုင်သည် သို့မဟုတ် ယင်းအား သွယ်ဝိုက်စွာပင်ချန်ထားခဲ့နိုင်သည်။