DMS_GL_en_ta/translate/figs-123person/01.md

13 KiB

ပုံမှန်အားဖြင့် ပြောသူသည် မိမိကိုယ်မိမိ “ကျွန်တော်” ဟုအသုံးပြုပြီး ကြားနာသူကို “မင်း” ဟူ၍ သုံးသည်ကိုတွေ့ရမည်ဖြစ်သည်။ သမ္မာကျမ်းစာ ထဲ တွင် ပြောသူ သည် သူကိုယ့်သူ နှင့် ကြားနာသူ ကိုရည်ညွှန်းရာ၌ “ကျွန်တော်(သို့မဟုတ်)ကျွန်ုပ်” နှင့် “သင်၊ မင်း၊ ခင်ဗျား” တို့ကို အခြားသော နာမ်စားများထက် ပို၍ အသုံးပြုထားသည်ကိုတွေ့ရသည်။

ဖော်ပြချက်

  • ပြောသူနာမ်စား -ပြောသူနာမ်စားဆိုသည် မှာ ပြောသူမှ သူ့ကိုယ်သူ ရည်ညွှန်းသော            အသုံးအနှုန်းဖြစ်သည်။ ဉပမာအားဖြင့် - ကျွန်တော် ၊ ကျွန်တော်တို့။
  • ကြားနာသူနာမ်စား  — ပြောသူမှ ကြားနာသူအား ရည်ညွှန်းဖော်ပြလိုသောအခါ အသုံးပြုသည့် နာမ်စားဖြစ်သည်။ ဉပမာ သင်၊ ခင်ဗျား၊ မင်း။
  • အပြောခံနာမ်စား  — ပြောသူမှ အခြားတစ်ဉီးတစ်ယောက်သော သူကို ရည်ညွှန်းဖော်ပြလိုသောအခါ အသုံးပြုသည့် နာမ်စားဖြစ်သည်။ များသောအားဖြင့် သူ၊ သူမ၊ ထိုအရာ၊ သူတို့ အစရှိသောနာမ်စားများကိုအသုံးပြုလေ့ရှိပြီး ၊ ယောက်ျား၊ မိန်းမ အစရှိသော စကားလုံးများကို လည်း အပြောခံနာမ်စားအဖြစ် အသုံးပြုပါသည်။

ဘာသာပြန်ဆိုရာ၌ နာမ်စားအသုံးများ၏ အရေးပါပုံ

သမ္မာကျမ်းစာ၏ အချို့နေရာများတွင် ပြောသူ သည် မိမိကိုယ်ကိုနှင့် အခြားလူများကို ရည်ညွှန်း ပြောဆိုလိုသည့်အခါ အပြောခံနာမ်စားကို အသုံးပြုထားသည်ကို တွေ့ရသည်။ ထိုသို့အရေးအသားများကို တွေ့ရသောအခါ စာဖတ်သူသည် ပြောနေသောသူက မိမိကိုရည်ညွှန်းပြောဆိုနေကြောင်း မသိနိုင်ပဲ အခြားတစ်ယောက်အား ရည်ညွှန်းနေသည်ဟု ထင်နိုင်ပေသည်။ တစ်နည်းအားဖြင့် အသုံးပြုထားသောနာမ်စားသည် ပြောသူကိုရည်ညွှန်းခြင်းလား အပြောခံကိုရည်ညွှန်းခြင်းလား ရောထွေးသွားနိုင်ပါသည်။

သမ္မာကျမ်းစာထဲမှ အရေးအသားနမူနာများ

တစ်ခါတစ်ရံတွင် လူများသည် ကျွန်တော်၊ ကျွန်ုပ်အစား အပြောခံနာမ်စားကို အသုံးပြုကာ ရည်ညွှန်း ရေးသားထားတတ်ကြသည်။

သို့ပေမယ့် ဒါဝိဒ်က ရှောလု ကို“ အရှင့်ကျွန်သည် သူ့ဖခင်၏ သိုးများကို ထိန်းကျောင်းခဲ့ဖူးသည်။ ”ဟုပြောခဲ့သည်။ (၁ ရှမွေလ ၁၇:၃၄ ULT)

အထက်ပါစာပိုဒ်တွင် “အရှင့်ကျွန်” ဟူသော အပြောခံနာမ်စားသည် ဒါဝိဒ်မှ မိမိကိုယ်ကို နှိမ့်ချပြောဆိုလို၍ ရည်ညွှန်းခြင်းဖြစ်သည်။ (ယောဘ ၄၀:၆,၉ ULT)

ထို့နောက်ထာဝရ ဘုရားသခင်သည် ယောဘအား မိုးသက်မုန်တိုင်းထဲမှ မိန့်တော်မူလေသည်။

“… အသင့်မှာ ဘုရားသခင်ကဲ့သို့ လက်ရုံးရှိသလော။ ဘုရားသခင်၏အသံကဲ့သို့ မိုးချုန်းသံနှင့်တူသော အသံရှိသလော။” (ယောဘ ၄၀ : ၆ ၊ ၉ ULT)

ဘုရားသခင်သည်မိမိကိုယ်မိမိ ရည်ညွှန်းရာတွင် အပြောခံနာမ်စားဖြစ်သော “ဘုရားသခင်” ကိုအသုံးပြုထားကြောင်းတွေ့ရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူသည် ဘုရားသခင်ဖြစ်ကြောင်းနှင့် တန်ခိုးရှိသောသူဖြစ်ကြောင်း ဒါဝိဒ်အား နားလည်သဘောပေါက်စေရန်ဖြစ်သည်။

တစ်ခါတစ်ရံတွင် လူများသည် သင်၊ သင်တို့၏ အစရှိသောနာမ်များအားမသုံးပဲ အပြောခံနာမ်စားကိုအသုံးပြုကာ သူတို့နှင့်စကားပြောနေသောသူ (သို့မဟုတ်) လူများကိုရည်ညွှန်းလေ့ရှိသည်။

အာဗြဟံက ” ငါဘာတွေလုပ်မိပြီလည်းကြည့်ပါဉီး၊ ငါဟာ မြေမှုန့်နှင့် ပြာသက်သက် ဖြစ်သော်လည်း အတင့်ရဲ၍ ဘုရားသခင်အားစကားပြောနေမိသည်။” (ကမ္ဘာဦး ၁၈:၂၇ ULT)

အထက်ပါစာဗိုဒ်တွင် အာဗြဟံ သည် ဘုရားသခင်နှင့် စကားပြောနေခြင်း ဖြစ်သော်လည်း မိမိကိုယ်ကို နှိမ့်ချခြင်းအားဖြင့်ဘုရားသခင်အား “My lord” ဟူသောအသုံး တစ်နည်းအားဖြင့် ဘုရားသခင်အား “သင်” ဟူ၍ တိုက်ရိုက်မပြောဘဲဘုရားသခင်ဟူ၍သာ အပြောခံနာမ်စားကိုအသုံးပြုထားသည်ကိုတွေ့ရမည်ဖြစ်သည်။

သင်တို့သည် သူ့၏ အစ်ကိုကို့ ခွင့်မလွှတ်နိုင်လျှင် ငါ၏အဖသည်လည်း သင်တို့ကို ခွင့်လွှတ်မည်မဟုတ်။ (မဿဲ ၁၈:၃၅ ULT)

အထက်ပါစာပိုဒ်တွင် ကိုယ်တော်ယေရှုမှ ညီအစ်ကိုများအားပြောသောစကားဖြစ်ပြီး သူ၏အစ်ကိုဆိုသည့် အပြောခံ နာမ်စားကို သင်တို့၏အစ်ကိုဟူသော ကြားနာသူနာမ်စားအစားအသုံးပြုထားပုံကိုတွေ့ရပါလိမ့်မည်။

ဘာသာပြန်နည်း ဥပဒေသများ

အကယ်၍ အပြောခံသူသည် ကျွန်ုပ်(သို့မဟုတ်)သင်ဟူ၍ အသုံးပြုခဲ့လျှင် သင်၏ဘာသာစကားတွင် ပုံမှန်ဖြစ် မည်မှန်သော်လည်ထိုသို့အသုံးမပြုလိုလျှင် အခြားနည်းလမ်းများအား အောက်တွင်နမူနာအဖြစ် ပြထားပါသည်။

(1) အပြောခံနာမ်အား သင်သို့မဟုတ် ကျွန်ုပ်ဟူသောစကားလုံး များနှင့်အတူတကွထားသင့်ပါသည်။

(2) ပြောသူအား ကျွန်ုပ်ဟူသော စကားလုံးဖြင့် ‌ရေးသားအသုံးပြုပြီး ကြားနာသူအား သင်ဟူသော  စကားလုံးဖြင့်ရည်ညွှန်းအသုံးပြုပါ။

ဘာသာပြန်နည်း ဥပဒေသများအား အသုံးပြုခြင်းနမူနာများ

(1) အပြောခံနာမ်အား သင်သို့မဟုတ် ကျွန်ုပ်ဟူသောစကားလုံး များနှင့်အတူတကွထားသင့်ပါသည်။

သို့ပေမယ့် ဒါဝိဒ်က ရှောလုကို “အရှင့်ကျွန်သည် သူဖခင်၏သိုးများကို ထိမ်းကျောင်းခဲ့ဖူသည်” ဟုပြောခဲ့သည်။ ( ၁ ရှမွေလ ၁၇ : ၃၄ )

သို့ပေမယ့် ဒါဝိဒ်က ဆောလုကို “ကျွန်တော်မျိုး အရှင့်ကျွန်သည် ကျွန်တော်မျိုး၏ ဖခင်တွင်ရှိသော သိုးများအား ထိမ်းကျောင်းခဲ့ဖူးပါသည်။

(2) ပြောသူအား ကျွန်ုပ် ဟူသောစကားလုံးဖြင့် ‌ရေးသားအသုံးပြုပြီး ကြားနာသူအား သင် ဟူသော  စ ကားလုံးဖြင့်ရည်ညွှန်းအသုံးပြုပါ။

ထို့နောက်ထာဝရဘုရားသခင်သည် ယောဘအား မိုးသက်မုန်တိုင်းထဲမှ မိန့်တော်မူလေသည်။ “…အသင့်မှာ ဘုရားရှင်ကဲ့သို့ လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့ မိုးချုန်းသံနှင့်တူသော အသံရှိသလော။” (ယောဘ ၄၀း၆ ၊ ၉ ULT)

ထို့နောက် ဘုရားရှင်သည် ယောဘအား မိုးသက်မုန်တိုင်းထဲမှ မိန့်တော်မူလေသည်။ “…အသင့်မှာ ငါကိုယ်တော် ကဲ့သို့ လက်ရုံးရှိသလော။ **ငါကိုယ်တော် ၏ **အသံကဲ့သို့ မိုးချုန်းသံနှင့်တူသော အသံရှိသလော။”

သင်တို့သည် သင်တို့၏ အစ်ကိုတို့ကိုခွင့်မလွှတ်နိုင်လျှင် ငါ၏အဖသည် လည်း သင်တို့ကို ခွင့်လွှတ်မည်မဟုတ်။ (မဿဲ ၁၈:၃၅ ULT)

သင်တို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် သင်တို့၏အစ်ကိုအား ခွင့်မလွှတ်နိုင်ခဲ့လျှင် ငါ၏ ဖခင်လည်း သင်တို့ကိုခွင့်လွှတ်မည်မဟုတ်။