DMS_GL_en_ta/translate/bita-part3/01.md

28 KiB
Raw Blame History

Description

ယဥ်ကျေးမှုဆိုင်ရာ စံပြများသည် ယဥ်ကျေးမှုတစ်ခု၏ လူများက တွေးရန်အတွက်  နှင့် ဘဝသို့မဟုတ် အပြုအမူ ၏ ရှူထောင့်တစ်ခုအား ပြောရန် အတွက် အသုံးပြုသော စိတ် နှင့် ဆိုင်သော ပုံရိပ်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ အမေရိကန်လူမျိုးများသည် များသောအားဖြင့် အကယ်၍ သူတို့သည် စက်ပစ္စည်းများ ဖြစ်သည်နှင့်အတူ အကြောင်းအရာများစွာ၊ လက်ထပ်မှု နှင့် ခင်မင်မှုများကိုပင် စဥ်းစားတတ်ကြသည်။ အမေရိကန်လူမျိုးများသည် “သူ၏ လက်ထပ်မှု သည် ပျက်စီးနေပြီ” သို့မဟုတ် “သူ တို့၏ ခင်မင် ရင်းနှီးမှုသည် အရှိန်အပြည့်ဖြင့်သွားနေသည်” ဟု ပြောနိုင်သည်။ ဤဥပမာတွင်၊ လူသားဆက်နွယ်မှုများအား စက်ပစ္စည်း အနေဖြင့် စံသတ်မှတ်ထား သည်။ ယဥ်ကျေးမှုဆိုင်ရာ စံပြများသည် ယဥ်ကျေးမှုတစ်ခု၏ လူများမှ အသုံးများသော ရှုပ်ထွေးသော ဥပစာများ ဟု ပြောနိုင်သည်။

သမ္မာကျမ်းစာထဲတွင် တွေ့ရသော အချို့  အသုံးများသော ယဥ်ကျေးမှုဆိုင်ရာ စံပြများအား အောက်တွင် စာရင်းပြုစုထားသည်။ ပထမဦးစွာ ထိုတွင် ဘုရားသခင်အတွက် စံပြများရှိပြီး ထို့နောက်တွင် လူများ၊ အရာများနှင့် အတွေ့အကြုံများအတွက် စံပြများရှိသည်။ စံပြပုံစံပါဝင်သော ခေါင်းကြီးပိုင်း တစ်ခုစီအား အက္ခရာ အကြီးဖြင့် ရေးသားထားသည်။ စကားလုံး သို့မဟုတ် စာပိုဒ်သည် အပိုဒ်တိုင်း တွင် လိုအပ်စွာမပေါ်ပေါက်သော်လည်း စိတ်ကူးသည် ပေါ်ပေါက်သည်။

ဘုရားသခင်အား ဘုရင် အနေဖြင့် စံပြထားသည်

အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။  (ဆာလံ 47:7 ULT)

အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။ (ဆာလံ 22:28 ULT)

 အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။ (ဆာလံ 45:6 ULT)

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ (အိရှာယ 66:1 ULT)

ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။ (ဆာလံ 47:8-9 ULT)

ဘုရားသခင်အား စစ်သူရဲ အနေဖြင့် စံပြထားသည်

ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။  ( ထွက်မြောက်ရာ 15:3 ULT)

ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။ (အိရှာယ 42:13 ULT)

အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။ (ထွက်မြောက်ရာ 15:6 ULT)

သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။ (ဆာလံ 65:7 ULT)

ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။ (ဆာလံ 21:12 ULT)

ခေါင်းဆောင်အား သိုးထိန်း အနေဖြင့် စံပြထားပြီး သူဦးဆောင်သောလူများအား သိုး အနေဖြင့် စံပြထားသည်

ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။ အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်။ (၂ ရာဇင်5:1-2 ULT)

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ (ယေရမိ 23:1 ULT)

ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။ (တမန်တော် 20:28-30 ULT)

ဘဝအား သွေး အနေဖြင့် စံပြထားသည်

ဤစံပြမှုတွင်၊ လူ၏ သို့မဟုတ် တိရစ္ဆာန် ၏ သွေးသည် သူ၏ ဘဝအား ကိုယ်စားပြုသည်

သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ (ကမ္ဘာဦး 9:4 ULT)

အကယ်၍ သွေးသည် ဖိတ်ကျသောအခါ သို့မဟုတ် စီးကျသောအခါ၊ တစ်စုံတစ်ယောက်သည် သတ်ခြင်း ခံရသည်။

အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ (ကမ္ဘာဦး 9:6 ULT)

ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။ (ယောရှေ 20:9 ULT)

အကယ်၍ သွေးသည် ငိုပါက၊ တစ်စုံတစ်ယောက်အားသတ်ခဲ့သော လူအား လက်စားချေရန်အတွက် သဘာဝအတိုင်း သူကိုယ်တိုင်ပင်ငိုနေခြင်းဖြစ်သည်။ ( ဤတွင် လူပုဂ္ဂိုလ်အဖြစ် ခိုင်းနှိုင်းတင်စားမှု လည်းပါဝင်ပြီး အဘယ်ကြောင့်ဆိုသော် သွေးအား အော်ငိုနိုင်သော တစ်စုံတစ်ယောက်အဖြစ် ပုံဖော် နိုင်သည်။ ကြည့်ပါ: လူပုဂ္ဂိုလ်အဖြစ်ခိုင်းနှိုင်းတင်စားမှု)

ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။ (ကမ္ဘာဦး 4:10 ULT)

နိုင်ငံ အား မိန်းမ အနေဖြင့် စံပြထား ပြီး ယင်း၏ ဘုရားသခင်များအား သူမ၏ ယောက်ျား အနေဖြင့် စံပြထားသည်

ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။ (တရားသူကြီး 8:33 ULT)

Israel ၏ လူမျိုးအား ဘုရားသခင်၏ သား အနေဖြင့် စံပြထားသည်

ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။ (ဟောရှေ 11:1 ULT)

နေအား ယင်းကို မမြင်ရသောအခါ ကုန်သေတ္တာထဲတွင်ရှိနေခြင်း အနေဖြင့် စံပြထားသည်

သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်။ (ဆာလံ 19:4-5 ULT)

ဆာလံ 110 သည် နေအား ယင်းသည် မနက်တွင် ပေါ်ထွက်မလာခင်၌ သားအိမ်ထဲတွင် ရှိနေသည် ဟု ပုံဖော်ထားသည်

လူပျိုတော် တို့သည် နံနက် ဝမ်း ထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ (ဆာလံ 110:3 ULT)

လျင်မြန်စွာရွေ့နိုင်သောအရာများအား အတောင် အနေဖြင့် စံပြထားသည်

ဤသည်မှာ အထူးသဖြင့် လေထဲတွင် သို့မဟုတ် ကောင်းကင်ထဲတွင် ရွေ့လျားသော အရာများ၏ မှန်ကန်ခြင်း ဖြစ်သည်။

နေအား နေ့အချိန်တွင် အရှေ့မှ အနောက်သို့ လေကိုခွင်း၍ “ပျံသန်း” သွားရန် ခွင့်ပြုသော အတောင်နှင့် ချပ်ပြားဝိုင်းကဲ့သို့ စံပြထားသည်။ ဆာလံ 139 တွင်၊ “မနက်ခင်း၏အတောင်ပံ” သည် နေအား ရည်ညွှန်းသည်။ မာလခိ 4တွင် ဘုရားသခင်သည် သူ့ကိုသူ “မှန်ကန်ခြင်း နေမင်း” ဟုခေါ်၍ နေအား အတောင်ပံရှိသကဲ့သို့ ဆိုထားသည်။

နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌ နေလျှင်၊.. (ဆာလံ 139:9 ULT)

ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ ကား၊ တရားတောနေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ (မာလခိ 4:2 ULT)

လေသည် လျင်မြန်စွာ ရွေ့လျား၍ ယင်းအား အတောင်ရှိသကဲ့သို့ စံပြထားသည်။

ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။ ( 2 Sam 22:11 ULT)

ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။ (ဆာလံ 18:10 ULT)

လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊…(ဆာလံ 104:3 ULT)

အချည်းအနှီးအား လေတိုက်နိုင်သော တစ်စုံတစ်ခု အနေဖြင့် စံပြထားသည်

ဤစံပြမှုတွင်၊ လေသည် တန်ဖိုးမရှိသော အရာများအား တိုက်ထုတ်ပစ်၍ သူတို့သည် ပျောက်သွားကြသည်။

ဆာလံ 1 နှင့် ယောဘ 27 တွင် ကောက်ကျစ်သောလူများသည် တန်ဖိုးမရှိပြီး ကြာရှည်စွာ မနေ နိုင်ကြောင်း ပြသထားသည်။

မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏။ (ဆာလံ 1:4 ULT)

အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။ (ယောဘ 27:21 ULT)

ဒေသနာ ၏ စာရေးသူသည် အရာအားလုံးသည် တန်ဖိုးမရှိကြောင်း ပြောထားသည်။

အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။ (ဒေသနာ 1:2-3 ULT)

ယောဘ 30:15 တွင်၊ ယောဘ သည် သူ၏ ဂုဏ် နှင့် ကြီးပွားချမ်းသာခြင်းတို့သည် ပျောက်ဆုံးသွားကြောင်း ညည်းညူထားသည်။

ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။ ( ယောဘ 30:15 ULT)

လူတို့စစ်ဖြစ်ခြင်း အား ဘုရားသခင်စစ်ဖြစ်ခြင်း အား စံပြထားသည်

လူမျိုးများကြားတွင် စစ်ပွဲရှိသောအခါ၊ လူတို့သည် ထိုဒေသများ၏ စစ်ပွဲတွင်ရှိသော ဘုရားများအား ယုံကြည်ကြသည်။

အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။ (တောလည်ရာ 33:4 ULT)

နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။ (၂ ရာဇင်7:23 ULT)

ရှုရိရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ သူတို့၏ဘုရား သည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ၏။ ငါတို့သည် လွင်ပြင်၌ တခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည်။ (၃ ရာဇင်20:23 ULT)

ဘဝမှ အကန့်အသတ်များအား ခန္ဓာကိုယ် နယ်နိမိတ်များအနေဖြင့် စံပြထားသည်

အောက်ပါ အပိုဒ်များသည် ခန္ဓာကိုယ် နယ်နိမိတ်များ အစစ်အကြောင်း မဟုတ်သော်လည်း ဘဝမှ အခက်အခဲများနှင့် အခက်အခဲလိုအပ်မှုများ အကြောင်းဖြစ်သည်။

ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ (ယေရမိ 3:7 ULT)

ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ (ယေရမိ 3:9 ULT)

ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။ (ဆာလံ 16:6 ULT)

အန္တရာယ် ရှိသောအရပ်များအား ကျဥ်းမြောင်းသောအရပ်များအနေဖြင့် စံပြထားသည်

ဆာလံ 4 တွင် ဒါဝိဒ်သည် ဘုရားကို သူ့အားကယ်ရန် မေးမြန်းခဲ့သည်။

အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။ (ဆာလံ 4:1 ULT)

စိတ်ဖိစီးဖွယ်ကောင်းသောအခြေအနေအား ကြမ်းတမ်းမှု အနေဖြင့် စံပြထားသည်

ယောဘ သည့် သူ့အား ဖြစ်ပျက်ခဲ့သော ဝမ်းနည်းစရာကောင်းသော အရာများ အားလုံးကြောင့် စိတ်ဖိစီးနေသောအခါ၊ သူသည် ကြမ်းတမ်းမှုအလယ်တွင် ရောက်နေသကဲ့သို့ ပြောခဲ့သည်။ ခွေးအ နှင့် ငှက်ကုလားအုပ်များသည် ကြမ်းတမ်းမှုများကြားတွင်နေသော တိရစ္ဆာန် များဖြစ်ကြသည်။

ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။ နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။ မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။ (ယောဘ 30:27-29 ULT)

ကောင်းမွန်စွာဖြစ်တည်ခြင်းသည် ခန္ဓာကိုယ်ဆိုင်ရာသန့်ရှင်းမှု အနေဖြင့် စံပြထားပြီး လူယုတ်မာ အား ခန္ဓာကိုယ်ဆိုင်ရာ ညစ်ပတ်မှု အနေဖြင့် စံပြထားသည်

အနာကြီးရောဂါသည် ကပ်ရောဂါတစ်ခုဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် ထိုရောဂါ ရှိပါက၊ သူသည် မသန့်ရှင်းသောကြောင့်ဟုဆိုနိုင်သည်။

ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။ (မဿဲ 9:2-3 ULT)

“မသန့်ရှင်းသော စိတ်”သည် ယုတ်မာသော စိတ်ဖြစ်သည်။

ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာ တတ်၏။ (မဿဲ 12:43 ULT)