DMS_GL_en_ta/translate/figs-personification/01.md

12 KiB

ဖော်ပြချက်

သက်ရှိပြယုဂ်အဖြစ် တင်စားမှုဆိုသည်မှာ အရာတစ်ခုအား တိရစ္ဆာန် သို့မဟုတ် လူများကဲ့သို့ ပြုမူသည့်နိုင်သည့်အသွင်ဖြင့် ပြောဆိုသည့် စကားပြောဟန်ဖြစ်သည်။ မမြင်တွေ့နိုင်သည့် အရာများအကြောင်းကို ပုံဖော်ရေးသားရာတွင် လွယ်ကူစေသဖြင့် ဤရေးသားဟန်ကိုအသုံးပြုကြသည်။

ဉာဏ်ပညာဆိုသည်ကို ဥပမာကြည့်ပါ၊

ဉာဏ်ပညာသည် အသံလွှင့်လျက်နေ၏။ (သုတ္တံ ၈း၁ ULT)

အကုသိုလ်၊ အပြစ်ဆိုသည်ကို ဥပမာကြည့်ပါ၊

အပြစ်တရားသည် သားရဲတိရစ္ဆာန်ကဲ့သို့ သင့်တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ (ကမ္ဘာဦး ၄း၇ ULT)

ဤရေးသားဟန်ကို လူတို့၏ အခြားသော လူပုဂ္ဂိုလ်မဟုတ်သည့် အရာများ (ဉပမာ ကြွယ်ဝမှု) နှင့် နှီးနွယ်ပတ်သက်ပုံကို တင်ပြရာတွင် လူအချင်းချင်းနှီးနွယ်ပတ်သက်သကဲ့သို့ လွယ်ကူမြင်သာစေသဖြင့်လည်း အသုံးပြုကြသည်။

ဘုရားသခင်၏ အစေနှင့် လောကစည်းစိမ်၏ အစေကိုမခံနိုင်ကြ။ (မဿဲ ၆း၂၄ ULT)

စာပုဒ်တိုင်းတွင် သက်ရှိပြယုဂ်အဖြစ် တင်စားမှု၏ ရည်ရွယ်ချက်သည် လူမဟုတ်သောအရာများ၏ ဝိသေသလက္ခဏာများကို ထင်ရှားစေလိုခြင်းဖြစ်သည်။ ဥပမာတင်စားချက်တွင်ကဲ့သို့ စာဖတ်သူသည် တင်စားခံရသောအရာကို တစ်စုံတစ်ဦးအဖြစ် နှလုံးသွင်းရန်လိုအပ်သည်။

ဘာသာပြန်ဆိုရာတွင် အခက်အခဲဖြစ်ရခြင်း အကြောင်းအရင်း

  • အချို့သောဘာသာစကားများတွင် သက်ရှိပြယုဂ်အဖြစ် တင်စားမှုမရှိပါ
  • အချို့သောဘာသာစကားများတွင် သက်ရှိပြယုဂ်အဖြစ် တင်စားမှုကို အချို့သောအခြေအနေများတွင်သာ အသုံးပြုကြသည်

သမ္မာကျမ်းစာပါ ဥပမာများ

ဘုရားသခင်၏ အစေနှင့် လောကစည်းစိမ်၏ အစေကိုမခံနိုင်ကြ။ (မဿဲ ၆း၂၄ ULT)

ကိုယ်တော်ယေရှုက ကြွယ်ဝချမ်းသာမှုကို လူတို့က ခစားအမှုထမ်းနိုင်သည့် အရှင်သခင်တစ်ဦးအဖြစ် တင်စားပြောဆိုသည့် စကားဖြစ်သည်။ ငွေကြေးကို ချစ်ခင်ခြင်းနှင့် ၄င်းအပေါ်တွင် အခြေခံ၍ စဥ်းစားဆုံးဖြတ်ချက်ချခြင်းတို့သည် ကျေးကျွန်တစ်ဦးက သူ၏အရှင်သခင်ပေါ်တွင် အမှုထမ်းခြင်းနှင့် တူညီသည်ဖြစ်ကြောင်းကို တင်စားထားခြင်းဖြစ်သည်။

ဉာဏ်ပညာသည် အသံလွှင့်လျက်နေ၏။ နားလည်နိုင်သောအသိသည် သူမ၏အသံကို လူတို့ကြားစေရန် ကြွေးကြော်လျက်နေ၏။ (သုတ္တံ ၈း၁ ULT)

ရေးသားသူသည် ဉာဏ်ပညာနှင့် နားလည်နိုင်သောအသိကို လူအများကြားနိုင်စေရန် အော်ဟစ်ကြွေးကြော်နေသည့် မိန်းမတစ်ဦးကဲ့သို့ တင်စားရေးဖွဲ့ထားသည်။ ထိုအရာတို့သည် ကွယ်ဝှက်နေသောအရာများ မဟုတ်ကြပဲ လူအများက ဂရုပြုအာရုံစိုက်ရမည့် ထင်ရှားသော အရာများဖြစ်ကြောင်းကို ဆိုလိုသည်။

ဘာသာပြန်ခြင်း နည်းပရိယာယ်များ

သက်ရှိပြယုဂ်အဖြစ် တင်စားမှုကို ထင်ရှားစွာနားလည်နိုင်ပါက ၄င်းရေးသားမှုကို အသုံးပြုနိုင်ပါသည်။ အကယ်၍ ထိုသို့နားလည်ရန် မလွယ်ကူပါက အောက်ပါ ဘာသာပြန်နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

(1) လူ (သို့မဟုတ် တိရစ္ဆာန်) ဥပမာများကို ရှင်းလင်းသွားစေရန် စကားလုံးများထည့်သွင်းခြင်း

(2) နည်းလမ်း (၁) အပြင် ရေးသားထားသောစာကြောင်းသည် စာသားအတိုင်းနားလည်ရန် မလွယ်ကူကြောင်းကို ‘သကဲ့သို့’၊ ‘လိုပင်’ စသည့် စကားလုံးများဖြင့် ရှင်းပြခြင်း

(3) သက်ရှိပြယုဂ်အဖြစ် တင်စားမှုကို အသုံးမပြုပဲ ဘာသာပြန်နိုင်သည့် နည်းလမ်းများကိုရှာဖွေခြင်း

ဘာသာပြန်ခြင်း နည်းပရိယာယ်များကိုအသုံးချသည့် ဥပမာများ

(1) လူ (သို့မဟုတ် တိရစ္ဆာန်) ဥပမာများကို ရှင်းလင်းသွားစေရန် စကားလုံးများထည့်သွင်းခြင်း

အပြစ်တရားသည် သားရဲတိရစ္ဆာန်ကဲ့သို့ သင့်တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ (ကမ္ဘာဦး ၄း၇ ULT) - ဘုရားရှင်က အပြစ်တရားကို တိုက်ခိုက်ရန် ချောင်းမြောင်းနေသည့် သားရဲကောင်ကဲ့သို့ ညွှန်းဆိုခြင်းဖြစ်သည်။ ထိုအရ အပြစ်တရားသည် မည်မျှအန္တရာယ်ကြီးကြောင်းကို ပြသနေသည်။ ထိုအန္တရာယ်ကြီးပုံကို စာကြောင်းတိုတစ်ခု ထပ်မံထည့်သွင်းလျက် ရှင်းလင်းပြနိုင်သည်။ ၄င်းကို

သင်၏တံခါးအနီးတွင်ရှိသော အပြစ်တရားသည် သင့်အားတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည် ဟူ၍ပြန်ဆိုနိုင်သည်။

(2)  နည်းလမ်း (၁) အပြင် ရေးသားထားသောစာကြောင်းသည် စာသားအတိုင်းနားလည်ရန် မလွယ်ကူကြောင်းကို ‘သကဲ့သို့’၊ ‘လိုပင်’ စသည့် စကားလုံးများဖြင့် ရှင်းပြခြင်း

အပြစ်တရားသည် သားရဲတိရစ္ဆာန်ကဲ့သို့ သင့်တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ (ကမ္ဘာဦး ၄း၇ ULT) ၄င်းကို

အပြစ်တရားသည် သင့်အားတိုက်ခိုက်ခါနီးတွင်း စောင့်ဆိုင်းနေတတ်သည့် သားရဲတိရစ္ဆာန်ကဲ့သို့ တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏ ဟူ၍ပြန်ဆိုနိုင်သည်။

(3) သက်ရှိပြယုဂ်အဖြစ် တင်စားမှုကို အသုံးမပြုပဲ ဘာသာပြန်နိုင်သည့် နည်းလမ်းများကိုရှာဖွေခြင်း

လေနှင့်လှိုင်းများပင်လျှင် သူ၏အမိန့်ကိုလိုက်နာကြပါတကား။ (မဿဲ ၈း၂၇ ULT) — လေနှင့်လှိုင်းများသည် သက်ရှိလူများကဲ့သို့ပင် ကိုယ်တော်ယေရှုကို နာခံလိုက်နာကြသည့် အဖြစ်ကို လူအများကပြောဆိုကြခြင်းကို ရေးသားထားခြင်းဖြစ်သည်။ ၄င်းစာပိုဒ်ကို အထက်ပါအတိုင်း နာခံလိုက်နာသည့် သဘောမပါဝင်ပဲ ကိုယ်တော်ယေရှုက လေနှင့်လှိုင်းများကို ထိန်းချုပ်ပြောဆိုသည့် ပုံစံဖြင့် အောက်ပါအတိုင်း ဘာသာပြန်နိုင်သည်။

ကိုယ်တော်သည် လှိုင်းနှင့်လေကို ထိန်းချုပ်စေစားနိုင်ပါပေ၏။

**မှတ်ရန်။   ။**ကျွန်ုပ်တို့သည် သက်ရှိပြယုဂ်အဖြစ် တင်စားမှုတွင် တိရစ္ဆာန်အဖြစ် တင်စားချက်နှင့် အရာဝတ္ထုအဖြစ်တင်စားချက်တို့ ပါဝင်အောင် ထည့်သွင်းထားသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတင်စားချက်နှစ်မျိုးလုံးအတွက် ဘာသာပြန်နည်းလမ်းမှာ တူညီသည်ဖြစ်သောကြောင့် ဖြစ်သည်။