DMS_GL_en_ta/translate/grammar-connect-time-sequen.../01.md

14 KiB

အချိန်ဆက်နွယ်မှုများ

အချို့ ချိတ်ဆက်ပေးသောအရာများသည် ပုဒ်စုများ၊ ဝါကျပိုင်းများ၊ စာကြောင်းများနှင့် စာသား၏ အစိတ်အပိုင်းများ ကြား အချိန်ဆက်နွယ်မှုကို သက်သေပြသည်။

အစဥ်အလိုက်ဖြစ်ပေါ်သော ဝါကျပိုင်း

အစဉ်အလိုက်ဖြစ်ပေါ်သော ဝါကျပိုင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အစဥ်အလိုက်ဖြစ်ပေါ်သော ဝါကျပိုင်းသည် တစ်ခုပြီးမှ တစ်ခုဖြစ်ပေါ်သော အကြောင်းအရာနှစ်ခုအား ချိတ်ဆက်ပေးသော အချိန်ဆက်နွယ်မှု ဖြစ်သည်။

ဘာသာပြန်ခြင်းကိစ္စ ဖြစ်ရသည့် အကြောင်းပြချက်

ဘာသာစကားများသည် အ​ကြောင်းအရာများ၏ အကျိုးဆက်အား အချို့သည် အမိန့်ပေးခြင်းအား အသုံးပြု၍၎င်း၊ အချို့သည် စကားလုံးဆက်များအား အသုံးပြု၍၎င်း၊ အချို့သည် ဆက်စပ်သောအချိန်ကာလများ (relative tense) ကိုပါ အသုံးပြု၍၎င်း နည်းလမ်းအမျိုးမျိုးဖြင့် ညွှန်ပြကြသည်။ အကျိုးဆက်များအား ညွှန်ပြသည့် စကားလုံးဆက်များသည် “ထို့နောက်” ၊ “နောင်သောအခါ” ၊ “ထို့နောက်” ၊ “နောက်မှ” ၊ “မတိုင်ခင်” ၊ “ဦးစွာ” နှင့် “သောအခါ” ဟူသော စကားလုံးများဖြစ်ကြသည်။ ဘာသာပြန်သူများသည် သူတို့၏ ဘာသာစကားတွင် အကြောင်းအရာများ ၏ အစီအစဥ်အား သဘာဝကျသောနည်းလမ်းဖြင့် ဆက်သွယ်ထားသည်ကို ​သေချာရန်လိုအပ်သည်။ ဤအရာတွင် မူလဘာသာစကားမှ ကွဲပြားနေသော အမိန့်ပေးဝါကျပိုင်းများ လိုအပ်နိုင်သည်။

OBS နှင့် သမ္မာကျမ်းစာမှ ဥပမာများ

ယောသပ် သည် သူ့ညီအစ်ကိုများထံ သွားသောအခါ၊ သူတို့သည် သူ့အား ပြန်ပေးစွဲ၍ အစေခံရောင်းဝယ်သူများထံ ရောင်းစားလိုက်သည်။ (OBS Story ၈ Frame ၂)

ဦးစွာ ယောသပ် သည် သူ၏ညီအစ်ကိုများထံသွား၍ ထို့နောက် သူတို့သည် ပြန်ပေးစွဲ၍ သူ့အား ရောင်းစားခဲ့သည်။ ကျွန်ုပ်တို့သည် ဤအရာအား “ သောအခါ” ဟူသော စကားလုံးကြောင့်သိသည်။ ဘာသာပြန်သူများသည် ဤအကျိုးဆက်အား ရှင်းလင်းစွာနှင့် မှန်ကန်စွာ ဆက်သွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းအား ဆုံးဖြတ်ရန် လိုအပ်သည်။

ပါးစပ်၌ပျားရည်ကဲ့သို့ချို၏။ သို့သော် စားပြီး သောအခါ ဝမ်း၌ခါး၏။ (ဗျာဒိတ် ၁၀:၁၀ ULT)

ပထမဝါကျပိုင်း၏ အကြောင်းအရာသည် ဦးစွာ ဖြစ်ပေါ်၍ နောက်ဝါကျပိုင်း၏ အကြောင်းအရာသည် နောက်မှ ဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည် ဤအရာအား “သောအခါ” ဟူသော စကားလုံးကြောင့် သိခြင်းဖြစ်သည်။ ဘာသာပြန်သူသည် ဤအကျိုးဆက်အား ရှင်းလင်းစွာနှင့် မှန်ကန်စွာ ဆက်သွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းအားဆုံးဖြတ်ရန် လိုအပ်သည်။

 > ထိုသူငယ်သည် မကောင်းသောအရာကိုပယ်၊ ကောင်းသောအရာကို ရွေးယူတတ်ချိန် မတိုင်မှီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ်သော အရပ်ဖြစ်လိမ့်မည်။ (ဟေရှာယ ၇:၁၆ ULT)

ပထမဝါကျပိုင်း၏အကြောင်းအရာသည် ဒုတိယဝါကျပိုင်း၏ အကြောင်းအရာ နောက်မှ ဖြစ်ပေါ်သည်။ ဦးစွာ သူတို့ ကြောက်ရွံသော ပြည်သည် စွန့်ပစ်ခြင်း ခံရမည်ဖြစ်၍   ထို့နောက် သူငယ်သည် မကောင်းရော အရာကိုပယ်၍ ကောင်းသောအရာ အား ရွေးယူရန် သိသွားမည်။ ကျွန်ုပ်တို့သည် ဤအရာအား “မတိုင်မှီ” ဟူ သော စကားလုံးဆက်ကြောင့် သိခြင်းဖြစ်သည်။ သို့သော်လည်း၊ ဝါကျပိုင်းအား ဤအစီအစဥ်ဖြင့် စခြင်းသည် သင်၏ဘာသာစကား၌ အကြောင်းအရာတို့၏ ဖြစ်ပျက်ပုံအမှားဖြင့် ဆက်သွယ်သွားနိုင်သည်။ ဘာသာပြန်သူ သည် အစီအစဥ်အားပြောင်းရန်လိုအပ်ပြီး ထိုမှသာ ဝါကျပိုင်းများ သည် ဖြစ်ပျက်သည့် အစီစဥ်အတိုင်း လာမည် ဖြစ်သည်။ သို့မဟုတ် မူလဘာသာစကား စာသား ၏အစီအစဥ်တိုင်းထားရန်မှာ ဖြစ်နိုင်ချေရှိပြီး အကျိုးဆက်များ၏ စီစဥ်ပုံအား အမှတ်အသားပြုခြင်းဖြင့် စာဖတ်သူများအတွက် ရှင်းလင်းလိမ့်မည်။ သင်( ဘာသာပြန်သူ) သည် အကျိုးဆက်များအား ရှင်းလင်းစွာနှင့် မှန်ကန်စွာ ဆက်သွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းအား ဆုံးဖြတ်ရန်လိုအပ်သည်။

ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊ ဇာခရိအိမ်သို့ဝင်**၍** ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ (လုကာ ၁:၃၉-၄၀ ULT)

ဤတွင် ယေဘုယျဆက်စပ်ပေးသောအရာ “ထို့နောက်“ သည် အကြောင်းအရာလေးခုအား ဆက်စပ်ပေးသည်။ ဤအရာများသည် sequential events (အစီစဥ်ကျသော အကြောင်းအရာများ) ဖြစ်၍ တစ်ခုပြီးမှ တစ်ခုဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည် ဤအရာကို ဤအကြောင်းအရာများ ဖြစ်ပေါ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် သိကြသည်။ ထို့ကြောင့် အင်္ဂလိပ်စာတွင် ယေဘုယျဆက်စပ်ပေးသောအရာ “ထို့နောက်” သည် ဤကဲ့သို့သော အကြောင်းအရာ များ၏ အကျိုးဆက်ကို ရှင်းလင်းအောင်လုပ်ပေးနိုင်ရန် လုံလောက်သည်။ သင်သည် သင်၏ ဘာသာစကား၌ ဤအကျိုးဆက်အား ရှင်းလင်းစွာနှင့် မှန်ကန်စွာ ဖော်ပြနိုင်ကြောင်း ဆုံးဖြတ်ရန် လိုအပ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ (ဥပဒေသများ)

အကယ်၍ အကြောင်းအရာများ၏ အကျိုးဆက်သည် သင်၏ဘာသာစကား၌ ရှင်းလင်းပါက အကျိုးဆက်အား ယင်းအတိုင်းပင် ဘာသာပြန်ပါ။

(1) အကယ်၍ စကားလုံးဆက် သည်မရှင်းလင်းပါက၊ အကျိုးဆက်အား ပို၍ရှင်းလင်းစွာ ဆက်သွယ်ပေးနိုင်သော စကားလုံးဆက်အားအသုံးပြုပါ။

(2) အကယ်၍ စကားလုံးဆက်သည်မရှင်းလင်းပါက၊ အကျိုးဆက်အား ပို၍ရှင်းလင်းစွာ ဆက်သွယ်ပေးနိုင်သော စကားလုံးဆက်အားအသုံးပြုပါ။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) အကယ်၍ စကားလုံးဆက်သည်မရှင်းလင်းပါက၊ အကျိုးဆက်အား ပို၍ရှင်းလင်းစွာ ဆက်သွယ်ပေးနိုင်သော စကားလုံးဆက်အားအသုံးပြုပါ။

ထိုအခါမာရိသည်ထ**၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်**၊ဇာခရိအိမ်သို့ဝင်**၍** ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ (လုကာ ၁:၃၉-၄၀ ULT)

ထိုအခါ မာရိသည် ထ၏။ ထို့နောက် တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန်သွား၏။ ထို့နောက် ဇာခရိအိမ်သို့ဝင် ပြီးလျင် ဧလိရှဗက်ကို နှုတ်ဆက်လေ၏။

ထိုသူငယ်သည် မကောင်းသောအရာကိုပယ်၊  ကောင်းသောအရာကို ရွေးယူတတ်ချိန် မတိုင်မှီ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။ ( ဟေရှာယ ၇:၁၆ ULT)

ထိုသူငယ်သည် မကောင်းသောအရာကို ပယ်၊ ကောင်းသောအရာကို ရွေးယူတတ်သော အချိန် ရောက်လာမည် ဖြစ်ပြီး ထိုအချိန်မတိုင်ခင်တွင်ပင် သင်ကြောက်သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ်သော အရပ်ဖြစ်လိမ့်မည်။

(2) အကယ်၍ ဝါကျပိုင်းများသည် အကျိုးဆက်အား မရှင်းမလင်းဖြစ်စေသော အစီစဥ် အတိုင်း ရှိနေပါက၊ ဝါကျပိုင်းများအား ပို၍ ရှင်းလင်းသော အစီစဥ်တွင် ထားပါ။

သင်ကြောက်သော ရှင်သခင် နှစ်ဦး အစိုးရသော ပြည်သည် စွန့်ပစ်သောအရပ် မဖြစ်ခင် ထိုသူငယ် သည် မကောင်းသောအရာကိုပယ်၊ ကောင်းသောအရာကို ရွေးယူတတ်လာမည်ဖြစ်သည်။

အ​ကြောင်းအရာများ၏ အကျိုးဆက်များ အကြောင်းပိုသိရန်၊ အကြောင်းအရာများ၏  အကျိုးဆက် ကိုကြည့်ပါ။