DMS_GL_en_ta/translate/figs-synecdoche/01.md

5.9 KiB

ဖော်ပြချက်

Synecdoche  ဆိုသည်မှာ ပြောဆိုသူက အရာတစ်ခုလုံးအား ရည်ညွှန်းရန် အစိတ်အပိုင်းအား အသုံးပြုသော သို့မဟုတ် အစိတ်အပိုင်းအား ရည်ညွှန်းရန် အရာတစ်ခုလုံးအား အသုံးပြုသော တင်စားချက် ဖြစ်သည်။

ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ (လုကာ 1:46 ULT)

Mary သည် ထာဝရဘုရား ပြုလုပ်နေသည်နှင့်ပတ်သတ်၍ အလွန်ပျော်ရွှင်သောကြောင့် သူမသည် သူမ တစ်ယောက်လုံး အား ရည်ညွှန်းရန် သူမ၏ အတွင်းပိုင်းရှိ စိတ်ခံစားချက်ဆိုင်ရာ အစိတ်အပိုင်း ဟု အဓိပ္ပါယ်ရသော  “ငါ့စိတ်နှလုံး” ဟု ပြောခြင်းဖြစ်သည်။

ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော်၊ (မာကု 2:24 ULT)

ထိုတွင် ရပ်နေသော ဖာရိရှဲတို့သည် တူညီသော အချိန်တွင် တူညီသော စကားလုံးများ အားလုံးအား ပြောခြင်းမဟုတ်ပေ။ ထို့အစား၊ အဖွဲ့အား ကိုယ်စားပြုသော တစ်ယောက်မှ ထိုစကားလုံးများအား ပြောသည်မှာ ပို၍ ဖြစ်နိုင်သည်။

ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်းအကြောင်းပြချက်

  • အချို့စာဖတ်သူများသည် Synecdoche များအား မှတ်မိခြင်းမရှိပဲ ယင်းတို့အား မူရင်းစာနှင့်တူသော ဝါကျ အဖြစ် အထင်မှားနိုင်ကြသည်။
  • အချို့စာဖတ်သူများက သူတို့သည် စကားလုံးများအား မူရင်းစာကဲ့သို့ နားမလည်သည်ကို သတိပြုမိနိုင်သော်လည်း ယင်းတို့၏ အဓိပ္ပါယ်အားမသိပဲ ရှိနေတတ်သည်။

သမ္မာကျမ်းစာမှဥပမာများ

ထိုအခါ ငါ၏လက် မှ စီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊  (Ecclesiastes 2:11 ULT)

“ငါ၏လက်” သည် ရှင်းလင်းစွာ ပင် လူတစ်ယောက်၏ လုပ်ဆောင်ချက်တွင် လက်မောင်းနှင့် ကျန်သော ခန္ဓာကိုယ်အစိတ်အပိုင်း နှင့် စိတ်များပါဝင်နေသောကြောင့် လူတစ်ယောက်လုံးအတွက် Synecdoche ဖြစ်သည်။ လက်များသည် အလုပ်လုပ်ရာတွင် တိုက်ရိုက်အကျဆုံး ပါဝင်သော ခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်သောကြောင့် သူတို့အား လူကို ကိုယ်စားပြုရန် ရွေးချယ်ထားခြင်း ဖြစ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

အကယ်၍ Synecdoche သည် သင်၏ ဘာသာစကားတွင် သဘာဝကျ၍ မှန်ကန်သော အဓိပ္ပါယ်အား ပေးပါက၊ ယင်းတို့အား အသုံးပြုရန် စဥ်းစားပါ။ အကယ်၍ မဟုတ်ပါက၊ ဤသည်မှာ နောက်ထပ် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။

(1) Synecdoche ရည်ညွှန်းသော အရာအား တိကျစွာ ဖော်ပြပါ။

ဘာသာပြန်ခြင်းနည်းနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) Synecdoche ရည်ညွှန်းသော အရာအား တိကျစွာ ဖော်ပြပါ။

ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ (လုကာ 1:46 ULT)

ငါ သည် ထာဝရဘုရားကို ချီးမွမ်း၏။ 

ဖာရိရှဲတို့ကလည်း၊ (မာကု 2:24 ULT)

ဖာရိရှဲတို့၏ ကိုယ်စားပြု ကလည်း…

ထိုအခါ ငါ၏လက် မှ စီရင်ပြုပြင်သမျှ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ (Ecclesiastes 2:11 ULT)

ထိုအခါ ငါစီရင်ပြုပြင်သမျှ ငါကြိုးစားအားထုတ်သမျှ တို့ကို ငါကြည့်ရှု၍…