DMS_GL_en_ta/translate/translate-wforw/01.md

58 lines
13 KiB
Markdown
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

### အဓိပ္ပါယ်ဖွင့်ဆိုချက်
စကားလုံးအစားထိုးခြင်းဆိုသည်မှာ တိုက်ရိုက်ဘာသာပြန်ဆိုခြင်းနှင့် အသင့်တင့်ဆုံး ပုံစံဖြစ်ပါသည်။ ဤပုံစံသည် ကောင်းမွန်သော ဘာသာပြန်ဆိုမှုတစ်ခုအတွက် နည်းလမ်းကောင်းမဟုတ်ပါ။ ဤစကားလုံးအစားထိုးခြင်း သည် ရိုးရှင်းသော ပုံစံတစ်ခုဖြစ်ပြီး ပြန်ဆိုမည့်ဘာသာစကား မှ စကားလုံးကို မူရင်းဘာသာ၏ စကားလုံးနေရာတွင် အစားထိုးခြင်းဖြစ်သည်။
#### စကားလုံးဘာသာပြန်ဆိုမှု
*  တစ်ကြိမ်တွင် စကားလုံးတစ်လုံးအား အဓိကထားခြင်း။
* ပြန်ဆိုမည့်ဘာသာစကားတွင်ရှိသော ၀ါကျတည်ဆောက်ပုံ, စကားလုံးတည်ဆောက်ပုံ, စာပိုဒ်တည်ဆောက်ပုံ နှင့် စကားပြောဟန်တို့ကို ဥပက္ခာပြုထားသည်။
* စကားလုံးဘာသာပြန်ဆိုခြင်း လုပ်ငန်းစဥ်မှာ ရိုးရှင်းပါသည်။ 
* ပထမဆုံး မူရင်းစာအုပ်မှ စကားလုံးကို သက်ဆိုင်ရာစကားလုံးဖြင့် ဘာသာပြန်သည်။
* ပြီးနောက် နောက်တစ်လုံးကို ဆက်လုပ်သည်။ ဒီလုပ်ငန်းစဥ်အတိုင်းပင် စာကြောင်းတစ်ကြောင်း လုံးပြီးဆုံးသည်အထိ ဘာသာပြန်ဆိုပါသည်။
* စကားလုံးဘာသာပြန်ဆိုမှုသည် ရိုးရှင်းသော ပုံစံဖြစ်သည့်အတွက် ဆွဲဆောင်မှုရှိနေပါသည်။ သို့သော် ၎င်း၏ဘာသာပြန်အရည်အသွေးသည် ညံ့ဖျင်းပါသည်။
စကားလုံးအစားထိုးခြင်းရဲ့ ရလဒ်သည် ဖတ်ရူရန်အတွက် ကသိကအောက် ဖြစ်စေသည်။ ဤကဲ့သို ဘာသာပြန်ဆိုမှု များသည် ရူပ်ထွေးစေပြီး မှားယွင်းသောဆိုလိုရင်း သို့မဟုတ် မည့်သည်အဓိပ္ပာယ်မှမရှိခြင်းသည်ပင်လျှင် ဖြစ်နိုင်ပါသည်။ သင့်အနေနဲ့ ထိုသို့သော ဘာသာပြန်ဆိုမှုပုံစံမျိုးကို ရှောင်ရှားသင့်ပါသည် ၊ အချို့သော ဥပမာများကို အောက်တွင်ဖော်ပြထားပါသည်။
#### စကားလုံးအစီအစဉ်
ဖော်ပြမည့်အကြောင်းအရာသည် လုကာ ၃:၁၆ ULT မှ ဥပမာဖြစ်ပါသည်။
> ယောဟန်က “ငါသည် သင်တို့အားရေဖြင့် ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သူသည် ငါ့နောက်မှ ပေါ်ထွန်းလိမ့်မည်။ ငါသည် ထိုအရှင်၏ ဖိနပ်ကြိုးကိုမျှ မဖြည်ထိုက်။ ထိုအရှင်သည် သင်တို့အား ဘုရားရှင်၏သန့်ရှင်းသောဝိဉာဉ်တော်ဖြင့်သော်လည်းကောင်း မီးဖြင့်သော်လည်းကောင်း ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလိမ့်မည်”ဟုဖြေကြားခဲ့သည်။
ဤဘာသာပြန်ဆိုမှုသည် ရှင်းလင်း၍ နားလည်ရလွယ်ကူပါသည်။ သို့သော် ဘာသာပြန်သူမှ စကားလုံးအစားထိုးခြင်းကို အသုံးပြုပြီး ဘာသာပြန်မည်ဆိုပါက မည်သို့ရှိမည်နည်း။
အောက်ဖော်ပြပါအချက်သည် မူရင်းဂရိဘာသာစကား၏ အစီအစဥ်အတိုင်း အင်္ဂလိပ်ဘာသာသို့တိုက်ရိုက် ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။
> ဂျွန်အားလုံးဆီသို့ အဖြေကို ဖြေသည်။ ကျွန်ုပ်ရေထဲကို နှစ်ပြီး နှစ်ခြင်းမင်္ဂလာပြုမည် သင့်ကို သူလာသည် သို့သော် ကျွန်ုပ်ထက်မြင့်မြတ်ပြီး ကျွန်ုပ်သည် ကျွန်ုပ်ခြေညပ်ဖိနပ်ကို ချွတ်ရန် ထိုက်တန်ပြီး သူရဲ့ ဖိနပ်ကြိုးကို သူ သင့်ကို နှစ်ခြင်းပုမည် ၀ိဥာဥ်မြင့်မြတ်သူနှင့် မီးနှင့်၊
ဤဘာသာပြန်ဆိုမှုသည် ကသိကအောက်ဖြစ်စေပြီး အင်္ဂလိပ်ဘာသာတွင်လည်း အဓိပ္ပာယ်မရှိပေ။
ဤဘာသာပြန်ဆိုမှု၏အထက်မှ UTL ၏ဘာသာပြန်ဆိုမှုကို ကြည့်ရူလေ့လာကြည့်ပါ။ အင်္ဂလိပ် UTL အား ဘာသာပြန်သူက မူရင်းဂရိစာ၏ အစီအစဥ် အထားအသိုအတိုင်း ဘာသာမပြန်ခဲ့ပါ။ သူတို့သည် စကားလုံးများကို အင်္ဂလိပ်သဒ္ဒါစည်းမျဥ်းအတိုင်း အံ၀င်ခွင်ကျရှိစေရန် ရွေ့ပြောင်းနေရာချခဲ့သည်။ အချို့သော စကားစုများကိုလည်း အပြောင်းအလဲပြုခဲ့ကြသည်။ ဥပမာအနေဖြင့် အင်္ဂလိပ် UTL “John answerd to all saying” ဟုမသုံးဘဲ “John answered by saying to them all” ဟုသုံးနှုန်းသည်။ သူတို့သည် မတူညီသော စကားလုံးများကို မတူညီသည့် အစီအစဥ်ဖြင့် အစဥ်အတိုင်းဖြစ်အောင်စီမံပြီး စာကြောင်း၏ ပုံစံကို ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဆောင်သည်။ ဒါကြောင့်ပင် မူရင်းအဓိပ္ပာယ်ဖြင့် အောင်မြင်စွာဆက်သွယ်နိုင်ပြီး စာဖတ်သူများကိုလည်း နားလည်စေသည်။
ဘာသာပြန်ဆိုခြင်းသည် ဂရိစာအုပ်၏ဆိုလိုရင်းအား မပျက်အောင် ဆက်သွယ်နိုင်စွမ်းရှိရမည် ဖြစ်သည်။ အထက်ဖော်ပြပါ ဥပမာများတွင် ULT ၏ဘာသာပြန်ဆိုမှုသည် စကားလုံးဘာသာပြန်ဆိုမှုပုံစံထက် ပိုမိုကောင်းမွန်သော အင်္ဂလိပ်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းတွေ့ရသည်။
#### စကားလုံး၏အဓိပ္ပါယ်များ
အပိုဆောင်းအနေနှင့် စကားလုံးဘာသာပြန်ဆိုမှု (အစားထိုးမှု)တွင် ပုံမှန်အားဖြင့် ဘာသာစကားတိုင်း၏ စကားလုံးများ တွင် မတူညီသော အဓိပ္ပာယ်များရှိသည်ကို လျစ်လျူရူထားလေသည်။ ပုံမှန်အားဖြင့် စာပိုဒ်တစ်ခု တွင် စာရေးဆရာသည် စကားလုံး၏ တစ်ခုတည်းသော အဓိပ္ပာယ်ကိုသာ အသုံးပြုရန် စိတ်ထဲရှိပြီး မတူညီသော စာပိုဒ်များတွင်မူ သူ့အနေဖြင့် စကားလုံး၏အခြားသော ဆိုလိုရင်း (အဓိပ္ပာယ်)များကိုပါ အသုံးပြုရန် ကြံစည်ကောင်း ကြံစည်နိုင်ပါသည် ။ စကားလုံးဘာသာပြန်ဆိုမှုတွင်ပုံမှန်အားဖြင့် စကားလုံး၏ တစ်ခုထဲသော အဓိပ္ပာယ်ကိုသာ ဘာသာပြန်ခြင်းလုပ်ငန်းစဥ်တစ်လျှောက် သုံးနှုန်းကြပါသည်။
ဥပမာအနေဖြင့် ဂရိစကားလုံး “aggelos” သည် လူသားတမန်တော် သို့မဟုတ် တမန်တော်ကိုရည်ညွှန်းရာတွင် သုံးနိုင်သည်။
> ကျမ်းစာတော်တွင် “နားထောင်လော့၊ သင်၏လမ်းကိုအသင့်ဖြစ်စေရန် ငါ၏**စေတမန်**ကို သင့်အရင်စေလွတ်မည်” ဟုဖော်ပြထားသည်။ (လုကာ ၇:၂၇ ULT)
ဤဥပမာတွင် “aggelos” အား လူသားတမာန်အဖြစ် ရည်းညွှန်းသုံးစွဲထားခြင်းဖြစ်သည်။ Jesus သည် Baptist John အကြောင်းပြောဆိုခြင်းဖြစ်ပေသည်။
> ... **ကောင်းကင်တမန်များ** ကောင်းကင်ဘုံသို့ပြန်သွားကြသည့်အခါ(လုကာ ၂:၁၅ ULT)
ဤဥပမာတွင်မူ “aggelos” စာလုံးသည် ကောင်းကင်ဘုံရှိ တမာန်တော်များကို ရည်ညွှန်းခြင်းဖြစ်သည်။
စကားလုံးဘာသာပြန်ဆိုမှုလုပ်ငန်းစဥ်တွင် စာပိုဒ်ခွဲတိုင်း၌ တူညီသော အဓိပ္ပာယ်ဖြင့်သာ စကားလုံးများကို မှတ်ယူသုံးစွဲကြသည်။ ၎င်းတို့သည် မတူညီသော ဖြစ်တည်မှုနှစ်ခုကို ရည်ညွှန်းရာတွင်လည်း ထိုသို့ပင် အသုံးပြုလေသည်။ ထိုကဲ့သို့ သုံးစွဲခြင်းသည် စာဖတ်သူများကို နားလည်ရန်မလွယ်ကူဘဲ ရူပ်ထွေးစေမည်ဖြစ်သည်။
#### Figures of Speech
Finally, figures of speech are not conveyed correctly in a word-for-word translation. As a whole expression, a figure of speech has a meaning that is different from the individual words. When they are translated word-for-word, the meaning of the figure of speech is lost. Even if they are translated so that they follow the normal word order of the target language, readers will not understand their meaning. See the [Figures of Speech](../figs-intro/01.md) page to learn how to correctly translate them.