DMS_GL_en_ta/translate/bita-farming/01.md

15 KiB

စိုက်ပျိုးမွေးမြူရေး နှင့် ဆက်စပ်နေသော သမ္မာကျမ်းစာထဲမှ အချို့ ပုံရိပ်များအား အောက်တွင် စာရင်းပြုစုထားသည်။ အက္ခရာစာလုံးအကြီးဖြင့် ရေးထားသော စကားလုံးများအားလုံးသည် စိတ်ကူး အား ကိုယ်စားပြုသည်။ စကားလုံးသည် ပုံရိပ်ရှိသော အပိုဒ်တိုင်းတွင် လိုအပ်စွာ ပေါ်ပေါက်လာခြင်းမရှိသော်လည်း စကားလုံးမှ ကိုယ်စားပြုသော ပုံရိပ်သည် ပေါ်ပေါက်သည်။

လယ်သမား သည် ဘုရားသခင်အား ကိုယ်စားပြု၍ စပျစ်ခြံသည် သူ၏ ရွေးချယ်ထားသော လူများအား ကိုယ်စားပြုသည်။

ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။ (အိရှာယ 5:1-2 ULT)

ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏။ (မဿဲ 20:1 ULT)

အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ (မဿဲ 21:33 ULT)

မြေကြီးသည် လူတို့၏ နှလုံးသားအား ကိုယ်စားပြုသည် (အတွင်း၌ဖြစ်တည်သော)

ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။ (Jeremiah 4:3 ULT)

လမ်း၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ နိုင်ငံတော်၏တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊ စိတ်နှလုံး၌ အမြစ်မစွဲခဏသာတည်သဖြင့်၊ တရားစကားကြောင့်အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍လောကီအမှု၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ ၏။ (မဿဲ 13:19-23 ULT)

မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။ (Hosea 10:12 ULT)

လယ်ထွန်ခြင်း သည် လုပ်ရပ်များ သို့မဟုတ် အပြုအမူများ အား ကိုယ်စားပြု ပြီး ရိတ်သိမ်းခြင်းသည် တရားစီရင်ခြင်း သို့မဟုတ် ဆု အား ကိုယ်စားပြုသည်

ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။ (  ယောဘ 4:8 ULT)

အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (ဂလာတိ 6:7-8 ULT)

ဆားနယ်ခြင်း သို့မဟုတ် စပါးလှေ့ခြင်းသည် ကောင်းသောလူများမှ ယုတ်မာသော လူများ အား ခွဲခြားခြင်း အား ကိုယ်စားပြုသည်

လယ်သမားများသည် ဂျုံပင်များနှင့် အခြား စပါးပင် အမျိုးအစားများအား ရိတ်သိမ်းသောအခါ၊ သူတို့သည် ယင်းတို့အား စပါးနယ်သောတလင်းပြင်၊ မာသောမြေကြီးရှိသည့်ပြန့်ပြူးသောနေရာ၊ သို့ ယူသွား၍၊ အသုံးမဝင်သော ဖွဲကြမ်းများမှ သုံး၍ရသော စပါးတို့အား ခွဲထုတ်ရန်၊ စပါးနယ်ရန် အတွက် စပါးတို့ပေါ်တွင် နွားထီးတို့ဆွဲသော လေးလံသည့်ဘီးလုံးဖြင့် လှည်းများ သို့မဟုတ် ဘီးလုံးမပါသည့် စွတ်ဖားလှည်းများရှိသည်။ ထို့နောက်တွင် သူတို့သည် ကြီးမားသော ခရင်းခွကြီးများအား ယူ၍ နယ် ထားသော စပါးများအား လေထဲကိုပစ်တင်ခြင်းဖြင့် လှေ့သောကြောင့် လေသည် ဖွဲကြမ်းများကို သယ်သွားစဥ်တွင် စပါးတို့သည် စပါးတို့သည် စပါးနယ်သောတလင်းပြင်ပေါ်သို့ ပြန်ကျကြပြီး ထိုတွင် ယင်းတို့အား စုဝေးပြီး အစားအစာအတွက် အသုံးပြုနိုင်သည်။ ( “ စပါးနယ်ခြင်း” နှင့် “ လှေ့ခြင်း” တို့အား ဘာသာပြန်ခြင်းအား ကူညီရန်အတွက်  unfoldingWord® Translation Words ရှိ စပါးနယ်ခြင်း နှင့် လှေ့ခြင်း စာမျက်နှာများတွင် ကြည့်ပါ။)

ပြည်တံခါးဝ၌ သူတို့ကို စံကောနှင့်ငါလှေ့မည်။ သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီးမည်။ (Jeremiah 15:7 ULT)

လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။ ( လုကာ 3:17 ULT)

ကိုင်းဆက်ကူးခြင်းသည် ဘုရားသခင်မှ ဂျူးလူမျိုးမဟုတ်သော လူများအား သူ၏ လူဖြစ်လာစေရန် ခွင့်ပြုခြင်းကို ကိုယ်စားပြုသည်

အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။ (ရောမ 11:24-25 ULT)

မိုးသည် ဘုရားသခင်မှ သူ၏လူများအတွက် လက်ဆောင်အား ကိုယ်စားပြုသည်

သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုးကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။ (Hosea 10:12 ULT)

ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။ (ဟေဗြဲ 6:7-8 ULT)

ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ (James 5:7 ULT)