DMS_GL_en_ta/translate/translate-formatsignals/01.md

11 KiB

ဖော်ပြချက်

The unfoldingWord ® Literal Text (ULT) နှင့် unfoldingWord ® Simplified Text (UST) တို့သည် ellipsis အမှတ်အသားများ၊ မျဥ်းရှည်များ၊ စကားညှပ်များ နှင့် indentationများအား ဖတ်စာထဲမှ အချက်အလက်သည် ယင်းပတ်ဝန်းကျင်ရှိအရာများနှင့် မည်ကဲ့သို့ ဆက်နွယ်ပုံကိုပြရန် အသုံးပြုသည်။

Ellipsis အမှတ်အသားများ

Ellipsis အမှတ်အသားများကို တစ်စုံတစ်ယောက်က သူစတင်ခဲ့သော ဝါကျအား အဆုံးမသတ်သော အခါတွင်လည်းကောင်း သို့မဟုတ် စာရေးသူက တစ်စုံတစ်ယောက်ပြောခဲ့သောအရာ အားလုံးကို မကိုးကားသော အခါတွင် လည်းကောင်း ပြသရန် အသုံးပြုသည်ယာ။

မဿဲ ၉:၄-၆ တွင်၊ ellipsis အမှတ်အသားသည် ယေရှူသည် သွက်ချာပါဒရောဂါသည်သို့ သူ၏ အာရုံ အားပြောင်း၍ စကားပြောသောအခါ စာရေးသူများအတွက် သူ၏ ဝါကျအား အဆုံးမသတ်ခဲ့ကြောင်း ပြသသည်။

ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။ ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ 'သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။' 'သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။' 'လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့။' "ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။"(ULT)

မာကု ၁၁:၃၁-၃၃ တွင်၊ ellipsis အမှတ်အသားသည် ဘာသာရေးခေါင်းဆောင်များသည် သူတို့၏ ဝါကျများအား ပြီးဆုံးအောင်မပြောခြင်း သို့မဟုတ် မာကု သည် သူတို့ပြောဆိုသည်ကို ပြီးဆုံးအောင်မရေးခြင်း ကို ပြသသည်။

ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည်။ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ (ULT)

မျဥ်းရှည်များ

အဓိပ္ပါယ်ဖွင့်ဆိုချက် - မျဥ်းရှည် ( __ ) သည် ယင်းမတိုင်ခင်လာသော အရာနှင့် တိုက်ရိုက် သက်ဆိုင်နေသော အချက်အလက်အား မိတ်ဆက်ပေးသည်။ ဥပမာအားဖြင့်၊

ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင်**__**တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ (မဿဲ ၂၄:၄၀-၄၁ ULT)

စကားညှပ်များ

အဓိပ္ပါယ်ဖွင့်ဆိုချက် - စကားညှပ်များ “( )” သည် ယင်းပတ်လည်ရှိ ရုပ်ဝတ္ထုအား စာဖတ်သူတို့ နားလည်အောင် ကူညီပေးရန် စာရေးသူက ထိုနေရာတွင် ထည့်ထားသော ရှင်းလင်းချက်ဖြစ်သည့် သို့မဟုတ် နောက်ခံအချက်အလက် ဖြစ်သည့် အချို့အချက်အလက်ဖြစ်သည်။

ယောဟန် ၆:၆ တွင်၊ ယောဟန် သည် သူရေးနေသော ပုံပြင်အား ယေရှုသည် သူလုပ်မည့်အရာကို သိပြီးဖြစ်ကြောင်း ရှင်းပြရန် ရပ်နားခဲ့သည်။ ယင်းကို စကားညှပ်ကြားတွင် ထည့်ထားသည်။

၅ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကိုမြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကိုအဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။ ၆(ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။) ၇ဖိလိပ္ပုကလည်း၊ "ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့်မလောက်ပါ"ဟုလျှောက်၏။ (ယောဟန် ၆း၅-၇ ULT)

အောက်ပါ စကားညှပ်အတွင်းမှ စကားလုံးများသည် ယေရှုပြောနေသည်များ မဟုတ်သော်လည်း၊ မဿဲ က စာဖတ်သူများအား ယေရှုသည် သူတို့တွေးသင့်လောက်စကားလုံးများကို အသုံးပြု၍ရပ်နားနေခြင်းဖြစ်ကြောင်း သတိပေးရန် ပြောနေသည်များဖြစ်သည်။

"ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊" (ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။) ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။" (မဿဲ ၂၄:၁၅-၁၈ ULT)

Indentation

ဖတ်စာသည် ခိုနန်းချိုးပုံဖြစ်နေသောအခါ၊ ယင်းက ဖတ်စာ၏ မျဥ်းကြောင်းသည် အထက်ရှိ ဖတ်စာမျဥ်းကြောင်း၏ ညာဘက်အဝေးတွင် စထားပြီး ယင်းအောက်ရှိအရာများသည် ခိုနန်းချိုးပုံမဟုတ် ဟု အဓိပ္ပါယ်ရသည်။

ယင်းကို ကဗျာများနှင့် အချို့စာရင်းများတွင် ခိုနန်းချိုးပုံမျဥ်းကြောင်းများသည် ယင်းအထက်ရှိ ခိုနန်းချိုးပုံမဟုတ်သော မျဥ်းကြောင်းများ၏ အစိတ်အပိုင်းကို ဖွဲ့စည်းပေးကြောင်းပြသရန် အသုံးပြုသည်။ ဥပမာအားဖြင့်

၅ သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား

ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။ ၆ ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။ ၇ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။ (တောလည်ရာ ၁:၅-၇ ULT)