DMS_GL_en_ta/translate/figs-you/01.md

3.5 KiB

Singular, Dual, and Plural

  အချို့ဘာသာစကားများတွင် “သင်”ဟူသော စကားလုံးသည် လူဘယ်နှယောက်အား ရည်ညွှန်းသည့် အပေါ် မူတည်၍ “ သင်” ဟူသော စကားလုံး တစ်လုံးထက်ပို၍ ရှိလေသည်။ တစ်ခုဆိုင် ပုံစံသည် လူတစ်ယောက်အား ရည်ညွှန်း၍ အများဆိုင် ပုံစံသည် တစ်ယောက်ထက်ပိုသောလူတို့အား ရည်ညွှန်းသည်။ အချို့ဘာသာစကားများတွင် လူနှစ်ယောက်အား ရည်ညွှန်းသော နှစ်ခုဆိုင် ပုံစံလည်းရှိပြီး၊ အချို့ဘာသာစကားများ တွင် လူသုံးယောက် သို့မဟုတ် လေးယောက် အားရည်ညွှန်းသော အခြား ပုံစံများလည်း ရှိသည်။

သင်သည် http://ufw.io/figs_younum ၌ ဗီဒီယို အားလည်း ကြည့်ချင်လိမ့်မည်။

သမ္မာကျမ်းစာထဲ၌ တစ်ခါတစ်ရံတွင် ပြောဆိုသူသည် လူအုပ်စုအား စကားပြောနေသော်လည်း “သင်” ၏ တစ်ခု ပုံစံအား အသုံးပြုတတ်သည်။

ယဥ်ကျေးသောနှင့် သာမာန်ဖြစ်သော

အချို့ဘာသာစကားများ တွင် ပြောဆိုသူနှင် သူစကားပြောနေသောသူတို့ကြား ဆက်နွယ်မှု ပေါ် မူတည်၍ “သင်” ၏ ပုံစံတစ်ခုထက်ပို၍ ရှိသည်။ လူတို့သည် မိမိထက်ကြီးသော သို့မဟုတ် ရာထူးအားဖြင့် ကြီးသော သို့မဟုတ် မိမိနှင့်သေချာမသိသော သူတို့နှင့် စကားပြောရာတွင် “သင်” ၏ ယဥ်ကျေးသော ပုံစံအား အသုံးပြုသည်။ လူတို့သည် မိမိထက် အသက်မကြီးသော သို့မဟုတ် ရာထူးအားဖြင့်မကြီးသော သို့မဟုတ် မိသားစုဝင်သို့မဟုတ် သူငယ်ချင်းဖြစ်သော သူတို့နှင့် စကားပြောရာတွင် သာမန်ဖြစ်သော ပုံစံအားအသုံးပြုသည်။

သင်သည် http://ufw.io/figs_youform မှ ဗီဒီယိုအား ကြည့်ချင်လိမ့်မည်။

ယင်းတို့အားဘာသာပြန်ခြင်းအတွက် အကူအညီအနေဖြင့်၊ ဖတ်ရန်အကြံပြုပါသည်။