DMS_GL_en_ta/translate/figs-orderHeb/01.md

6.2 KiB

သမ္မာကျမ်းစာလာ Hebrew အတွက် သာမာန် စကားလုံး အစီအစဥ်မှာ သမ္ဗန္ဓ-ကြိယာ-ပြုလုပ်သူ- ခံရသူ ဖြစ်သည်။

သို့သော်လည်း သမ္မာကျမ်းစာလာ Hebrew ၏ စာရေးသူ/ပြောဆိုသူများသည် ကွဲပြားသော စကားလုံးအစီအစဥ် အား ရွေးနိုင်သည့် များစွားသော အကြောင်းပြချက် အမျိုးမျိုးရှိသည်။ အချို့သော အမျိုးကွဲများမှာ Hebrew စာ အား နားလည်ခြင်းနှင့် ဘာသာပြန်ခြင်းအတွက် အရေးကြီးသော်လည်း အချို့မှာ အရေးမကြီးပေ။ ဤ module သည် Hebrew စကားလုံးအစီအစဥ် တွင် အရေးပါဆုံးသော အမျိုးကွဲအချို့ နှင့် ထိုအမျိုးကွဲများသည် စာအား မည်ကဲ့သို့သက်ရောက်နိုင်ပုံ တို့အား အသေးစိတ် ရှင်းလင်းပေးလိမ့်မည်။

ပစ္စည်း-ကြိယာ- ပြုလုပ်သူ - ခံရသူ

တစ်ခါတစ်ရံတွင် ပစ္စည်းသည် သမ္ဗန္ဓ၏ နေရာအား ယူသည်။ မကြာခဏ (သို့သော် အမြဲတမ်းမဟုတ်) ဤကိစ္စများတွင်၊ ပစ္စည်းသည် ပစ္စည်းမလာခင် အပိုင်းနှင့် ပစ္စည်းလာပြီး အပိုင်းနှစ်ခုကြား ကျိုးကြောင်းသင့်သော ဆက်နွယ်မှု ပုံစံအချို့အား ဖော်ပြပေးသည့် စကားလုံးဆက် အနေဖြင့် လုပ်ဆောင်သည်။

သမ္ဗန္ဓ-ပြုလုပ်သူ-ကြိယာ-ခံရသူ

တစ်ခါတစ်ရံတွင် ဝါကျ၏ ပြုလုပ်သူ သည် ကြိယာ၏ နောက်တွင် အစား ကြိယာမတိုင်ခင် ပေါ်လာသည်။ များစွာသော ဤဖြစ်စဥ်များတွင် ဝါကျ၏ သို့မဟုတ် စာပိုဒ်၏ အဓိပ္ပါယ် အပေါ် အကျိုးသက်ရောက်မှု အလွန်အနည်းငယ်သာ ရှိသည်။ သို့သော်လည်း၊ တစ်ခါတစ်ရံတွင် စာရေးသူ/ ပြောဆိုသူသည် [ပုံပြင်သစ် သို့မဟုတ် အကြောင်းအရာအသစ် စတင်ရန်(../writing-newevent/01.md) ၊ နောက်ခံအချက်အလက်ပေးရန်ပါဝင်သူအသစ်အား မိတ်ဆက်ရန်](../writing-participants/01.md)သို့မဟုတ် ပုံပြင်အား အဆုံးသတ်ရန် ပြုလုပ်သူကို ရှေ့တွင်ထားလေ့ရှိသည်။

[သမ္ဗန္ဓ]- ယာယီပုဒ်စု- ကြိယာ-ပြုလုပ်သူ- ခံရသူ

ယာယီပုဒ်စုသည် ကြိယာမတိုင်ခင် ပေါ်လာသောအခါ၊ မကြာခဏ(သို့သော် အမြဲတမ်းမဟုတ်) ယာယီပုဒ်စုသည် ပုံပြင်အတွင်း၌ ပုံပြင်အသစ် သို့မဟုတ် အကြောင်းအရာအား မိတ်ဆက်ပေးသည်။ တစ်ခါတစ်ရံတွင် သမ္ဗန္ဓသည် ယာယီပုဒ်စုမတိုင်ခင် ပေါ်လာတတ်ပြီး၊ တစ်ခါတစ်ရံတွင် မပေါ်ချေ။

သမ္ဗန္ဓများ- အခြားမည်သည့်ဝါစင်္ကမဆို- ကြိယာ-ပြုလုပ်သူ-ခံရသူ

နောက်ထပ်ဝါစင်္ကသည်( ယာယီပုဒ်စု သို့မဟုတ် အငြင်းပစ္စည်းထက်) ကြိယာမတိုင်ခင် ပေါ်လာသော အခါ၊ များသောအားဖြင့်(သို့သော် အမြဲတမ်းမဟုတ်) ဤသည်မှာ စာရေးသူ/ပြောဆိုသူ သည် အရာတစ်ခုအား ဝါကျတွင် အရေးအကြီးဆုံးအချက်အလက်အဖြစ် အသားပေးနေသော ကြောင့်ဖြစ်သည်။

သမ္မာကျမ်းစာလာ Aramaic တွင် စကားလုံးအစီအစဥ်

ကျမ်းတတ်ပုဂ္ဂိုလ် အများစုသည် သမ္မာကျမ်းစာလာ Aramaic တွင် စံပြစကားလုံးအစီအစဥ် ၏ ကွဲပြားသော ပုံစံသည် ရှာဖွေ၍ မရနိုင်သောကြောင့် စကားလုံး အစီအစဥ် မှာ လွတ်လပ်သည်ဟု ထောက်ခံကြသည်။ ထို့ကြောင့်၊ Aramaic တွင် စကားလုံးအစီအစဥ် သည် ဝါကျ၏ အဓိပ္ပါယ်အပေါ်တွင် သက်ရောက်မှု မရှိပါဟု ယူဆရန်မှာ အကောင်းဆုံးဖြစ်သည်။