DMS_GL_en_ta/translate/figs-extrainfo/01.md

8.2 KiB

ဖော်ပြချက်

တစ်ခါတစ်ရံတွင် အသိပညာယူဆချက် သို့မဟုတ် သွယ်ဝိုက်အချက်အလက် အား တိုက်ရိုက် မဖော်ပြသည်မှာ ပို၍ ကောင်းသည်။ ဤစာမျက်နှာသည် မည်သည့်အချိန်တွင် ယင်းအား မပြုလုပ်ရန် အကြောင်း ညွှန်ပြချက် အချို့ အားပေးသည်။

ဘာသာပြန်ခြင်းနိယာမများ

  • အကယ်၍ ပြောဆိုသူ သို့မဟုတ် စာရေးသူသည် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်စုံတစ်ခုအား မရှင်းလင်းစွာ ချန်ထားခဲ့ပါက၊ ယင်းအား ရှင်းလင်းအောင် ပြုလုပ်ရန် မကြိုးစားပါနှင့်။
  • အကယ်၍ မူရင်းပရိတ်သတ်သည် ပြောဆိုသူ ဆိုလိုသည်ကို နားမလည်ပါက၊ စာဖတ်သူတို့က မူရင်းပရိတ်သတ်တို့ နားမလည်သည်ကို ထူးဆန်းသည်ဟု ထင်နိုင်သောကြောင့် အလွန်ရှင်းလင်းအောင် မပြုလုပ်ပါနှင့်။
  • အကယ်၍ သင်သည် အသိပညာယူဆချက် နှင့် သွယ်ဝိုက်အချက်အလက် အချို့တို့ကို တိုက်ရိုက် ဖော်ပြရန် လိုအပ်ပါက၊ သင်၏ စာဖတ်သူများက မူရင်းစာဖတ်သူများအား ယင်းအရာများကို ပြောရန် လိုအပ်သည်ဟု မထင်စေနိုင်သော နည်းလမ်းဖြင့် ပြုလုပ်ရန် ကြိုးစားပါ။ 
  • အကယ်၍ သွယ်ဝိုက်အချက်အလက် သည် သတင်းစကားအား ရှုပ်ထွေးစေခြင်း သို့မဟုတ် စာဖတ်သူများအား အဓိကအကြောင်းအရာအား မေ့သွားစေရန် ဦးဆောင်ပေးပါက၊ ယင်းအား တိုက်ရိုက်ဖြစ်အောင် မပြုလုပ်ပါနှင့်။
  • အကယ်၍ သင်၏ စာဖတ်သူများသည် နားလည်ပြီးဖြစ်ပါက၊ အသိပညာယူဆချက် သို့မဟုတ် သွယ်ဝိုက်အချက်အလက် တို့အား တိုက်ရိုက်ဖြစ်အောင် မပြုလုပ်ပါနှင့်။

သမ္မာကျမ်းစာမှဥပမာများ

စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွ (တရားသူကြီး ၁၄:၁၄ ULT)

 ဤသည်မှာ ပဟေဋ္ဌိ ဖြစ်သည်။ ဆမ်ဆန် သည် ဤသည်ကို  သူ၏ရန်သူများအတွက်ဘာကိုဆိုလို သည် ကို  သိရန် ခက်ခဲသော နည်းလမ်းဖြင့် ရည်ရွယ်ချက်ရှိစွာပြောခြင်းဖြစ်သည်။ စားသုံးသူနှင့် သန်စွမ်းသောသူသည် ခြင်္သေ့ နှင့် ချိုသောကိုစားရန်မှာ ပျားရည်ဖြစ်ကြောင်း ရှင်းလင်းအောင် မပြုလုပ်ပါနှင့်။

ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ (မဿဲ ၁၆:၆,၇)

  ဤတွင် ဖြစ်နိုင်သော သွယ်ဝိုက်အချက်အလက် အချို့မှာ တပည့်တော်တို့သည် ဖာရိရှဲနှင့် ဇဒ္ဒုကဲ တို့၏ မှားယွင်းစွာ သင်ကြားခြင်းကို သတိပြုရန် ဖြစ်သည်။ သို့သော် ယေရှု၏ တပည့်တော်များသည် ဤသည်ကို နားမလည်ကျချေ။ သူတို့သည် ယေရှုက တကယ့် တစေးနှင့် ပေါင်မုန့်အကြောင်း ပြောနေကြသည်ဟု ထင်ကြသည်။ ထို့ကြောင့် ဤတွင် “တစေး” သည် မှားယွင်းစွာသင်ကြားခြင်းကို ရည်ညွှန်းသည်ဟု တိုက်ရိုက်ဖော်ပြရန်မှာ မသင့်တော်ပေ။ တပည့်တော်တို့တွင် မဿဲ ၁၆:၁၁ တွင် ယေရှုပြောသည်ကို ကြားရချိန် မတိုင်ခင်ထိ ယေရှုဘာကို ဆိုလိုသည်ကို နားမလည်ကြပေ။

ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကိုကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။ (မဿဲ ၁၆:၁၁,၁၂ )

ယေရှုက သူသည် ပေါင်မုန့်အကြောင်း ပြောနေခြင်းမဟုတ်ကြောင်း ရှင်းပြပြီးမှသာလျှင် သူတို့က သူသည် ဖာရိရှဲ၏ မှားယွင်းစွာ သင်ကြားခြင်းအကြောင်း ပြောနေခြင်းမှန်း သဘောပေါက်ကြသည်။ ထို့မတိုင်ခင်တွင် မဿဲ ၁၆:၆ မှ သွယ်ဝိုက်အချက်အလက် အား တိုက်ရိုက်ဖော်ပြခဲ့လျှင် မှားမည် ဖြစ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

ဤစာမျက်နှာတွင် မည်သည့် ဘာသာပြန်ခြင်းနည်းစနစ် မှမရှိပါ။

ဘာသာပြန်ခြင်နည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

 ဤစာမျက်နှာတွင် ဘာသာပြန်ခြင်း နည်းစနစ်အား အသုံးပြုထားခြင်း မရှိပါ။