DMS_GL_en_ta/translate/figs-events/01.md

14 KiB

ဖော်ပြချက်

သမ္မာကျမ်းစာထဲတွင်၊ အကြောင်းအရာများသည် သူတို့ဖြစ်ပေါ်သည့် အစီစဥ်အတိုင်း အမြဲဖော်ပြခြင်းမခံရချေ။ တစ်ခါတစ်ရံတွင် စာရေးသူသည် သူယခုလေးတင် ပြောလိုက်သော အကြောင်းအရာ ထက် ယခင်အချိန်က ဖြစ်ခဲ့သော အကြောင်းအရာနှင့်ပတ်သတ်၍ ဆွေးနွေးချင်တတ်သည်။ ယင်းသည် စာဖတ်သူတို့အတွက် ရှုပ်ထွေးနိုင်သည်။

ဘာသာပြန်ခြင်း ကိစ္စဖြစ်ရသည့် အကြောင်းပြချက်

စာဖတ်သူတို့က အကြောင်းအရာများ သည် ယင်းတို့အား ပြောထားသော အစီစဥ်အတိုင်း ဖြစ်ပေါ်သည်ဟု ထင်နိုင်သည်။ သူတို့အား အကြောင်းအရာများ၏ စီစဥ်ပုံ အမှန်အား နားလည်စေရန် ကူညီပေးရန်မှာ အရေးကြီးသည်။

သမ္မာကျမ်းစာမှဥပမာများ

ဟေရုဒ်သည် ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။ လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သည်။(လုကာ 3:20:21 ULT)

ဤတွင် ယောဟန်သည် ထောင်ထဲ၌ လှောင်ခြင်းမခံရအချိန်တွင်၊ ယေရှုသည် ဗတ္တိဇံခံတော်မူသည်ဟု ထင်ရသော်လည်း ယောဟန်သည် ထောင်ထဲ၌ လှောင်ခြင်းခံပြီးချိန်မှ ယေရှုသည် ဗတ္တိဇံ ခံတော်မူခြင်းဖြစ်သည်။

ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယုဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် ထာဝရဘုရားရှေ့ တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။(ယောရှု 6:8-10 ULT)

ဤတွင် ယောရှုသည် မကြွေးကြော်ရန်ကို စစ်သားတို့ စစ်ပွဲကိုမစမှီအချိန်တွင် အမိန့်ပေးသည်ဟု ထင်ရသော်လည်း၊ သူသည် သူတို့စစ်ပွဲစပြီးမှ အမိန့်ပေးခြင်းဖြစ်သည်။

ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်း။ (ဗျာဒိတ် 5:2 ULT)

ဤတွင် လူတစ်ယောက်သည် စာစောင်ကိုပထမဦးစွာဖွင့်ပြီးမှ တံဆိပ်တို့ကိုခွာရမည်ဟု ထင်ရသော်လည်း စာစောင်အားမဖွင့်ခင် ထိုစာစောင်အားပိတ်ထားသော တံဆိပ်ကိုအရင်ခွာရမည်ဖြစ် သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

(1) အကယ်၍ သင်၏ ဘာသာစကားသည် ပုဒ်စုများနှင့် အချိန်ပြစကားလုံးများအား ဖော်ပြထားပြီးသောအရာ  မတိုင်ခင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာအား ပြသရန် အသုံးပြုလျှင်၊ ယင်းတို့မှ တစ်ခုအား အသုံးပြုရန် စဥ်းစားပါ။

(2) အကယ်၍ သင်၏ ဘာသာစကားသည် ကြိယာသဏ္ဍန် သို့မဟုတ် ကဏ္ဍတို့အား ဖော်ပြထား ပြီးသော အရာ မတိုင်ခင် ဖြစ်ပေါ်ခဲ့သောအကြောင်းအရာအားပြသရန်အသုံးပြုလျှင်၊ ယင်းအား အသုံးပြုရန် စဥ်းစားပါ။( ကြိယာ ၏ ကဏ္ဍများ အပိုင်းတွင် ကြည့်ပါ။)

(3)အကယ်၍ သင်၏ဘာသာစကားသည် အကြောင်းအရာများအား ယင်းတို့ဖြစ်ပေါ်သည့် အစီစဥ်တိုင်း ပြောပြရန် နှစ်သက်ပါက၊ အကြောင်းအရာများအား ထိုအစီစဥ်အတိုင်းဖြစ်စေရန် ပြန်လည်စီစဥ်ပါ။ ဤတွင် နှစ်ခုသို့မဟုတ် ပိုသော အပိုင်းများအား တူတူထားရန်လိုအပ်လိမ့်မည်။(5-6 ကဲ့သို့) ( Verse Bridges တွင်ကြည့်ပါ။)

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) အကယ်၍ သင်၏ ဘာသာစကားသည် ပုဒ်စုများနှင့် အချိန်ပြစကားလုံးများအား ဖော်ပြထားပြီးသောအရာ  မတိုင်ခင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာအား ပြသရန် အသုံးပြုလျှင်၊ ယင်းတို့မှ တစ်ခုအား အသုံးပြုရန် စဥ်းစားပါ။

20ဟေရုဒ်သည် ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။21 လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သည်။(လုကာ 3:20:21 ULT)

20 ဟေရုဒ်သည် ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။21 ယောဟန်သည် ထောင်ထဲ၌ လှောင်ခြင်းမခံရခင်အချိန်တွင်  လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သည်။(လုကာ 3:20:21 ULT)

ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်း။ (ဗျာဒိတ် 5:2 ULT)

တံဆိပ်တို့ကိုခွါ ပြီးနောက် ထိုစာအိတ်ကိုဖွင့်ခြင်းငှာ  အဘယ်သူထိုက် သနည်း။

(2) အကယ်၍ သင်၏ ဘာသာစကားသည် ကြိယာသဏ္ဍန် သို့မဟုတ် ကဏ္ဍတို့အား ဖော်ပြထား ပြီးသော အရာ မတိုင်ခင် ဖြစ်ပေါ်ခဲ့သောအကြောင်းအရာအားပြသရန်အသုံးပြုလျှင်၊ ယင်းအား အသုံးပြုရန် စဥ်းစားပါ။

ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။(ယောရှု 6:8-10 ULT)

8 ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ 10  ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာခဲ့လေပြီ။

(3) အကယ်၍ သင်၏ဘာသာစကားသည် အကြောင်းအရာများအား ယင်းတို့ဖြစ်ပေါ်သည့် အစီစဥ်တိုင်း ပြောပြရန် နှစ်သက်ပါက၊ အကြောင်းအရာများအား ထိုအစီစဥ်အတိုင်းဖြစ်စေရန် ပြန်လည်စီစဥ်ပါ။ ဤတွင် နှစ်ခုသို့မဟုတ် ပိုသော အပိုင်းများအား တူတူထားရန်လိုအပ်လိမ့်မည်။(5-6 ကဲ့သို့)

8 ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ 10  ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။(ယောရှု 6:8-10 ULT)

8-10 ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။   ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။(ယောရှု 6:8-10 ULT)

ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်း။ (ဗျာဒိတ် 5:2 ULT)

တံဆိပ်တို့ကိုခွာ၍ စာစောင်ကိုဖွင့်ခြင်းငှာ  အဘယ်သူထိုက် သနည်း။

သင်သည် http://ufw.io/figs_events မှ ဗီဒီယိုအားလည်း ကြည့်ချင်နိုင်ပါသည်။