DMS_GL_en_ta/translate/figs-imperative/01.md

83 lines
16 KiB
Markdown
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

### ဖော်ပြချက်
အမိန့်ပေးဝါကျများသည် ဆန္ဒများအား ဖော်ပြခြင်း သို့မဟုတ် တစ်စုံတစ်ယောက်မှ တစ်ခုခုလုပ်ရန် လိုအပ်ချက်များကို ဖော်ပြရာတွင် အဓိကအသုံးပြုသည်။ သမ္မကျမ်းစာထဲတွင် တစ်ခါတစ်ရံ အမိန့်ပေးဝါကျများ၌ အခြားအသုံးပြုပုံများရှိတတ်သည်။
### ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့်အကြောင်းပြချက်များ
 အချို့ဘာသာစကားများတွင် အမိန့်ပေးဝါကျများကို ၎င်းတို့အား.သမ္မကျမ်းစာထဲတွင် အသုံးပြုထား သည့် အသုံးပြုပုံအချို့အတိုင်း အသုံးပြုမည်မဟုတ်ချေ။
### သမ္မာကျမ်းစာမှဥပမာများ
 ပြောဆိုသူများသည် တစ်ခါတစ်ရံတွင် သူတို့၏နားထောင်သူများအား တစ်ခုခုလုပ်ရန်ကို ပြောပြရန် သို့မဟုတ် မေးရန် အမိန့်ပေးဝါကျများအား အသုံးပြုလေ့ရှိသည်။ ကမ္ဘာဦး ၂၆ တွင် ယေရှူသည် ဣဇာတ် အားစကားပြောခဲ့ပြီး သူ့အား  အဲဂုတ္တုပြည်သို့မသွားရန်ပြော၍ ဘုရားသခင်မှ သူ့အား နေစေချင်သောနေရာတွင်သာ နေရန် ပြောခဲ့သည်။
> ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။ ( ကမ္ဘာဦး ၂၆:၂ ULT)
တစ်ခါတစ်ရံတွင် သမ္မကျမ်းစာထဲရှိ အမိန့်ပေးဝါကျများတွင် အခြားအသုံးပြုပုံများ ရှိတတ်သည်။
#### အရာများအားဖြစ်ပေါ်လာအောင်ပြုလုပ်သော အမိန့်ပေးဝါကျများ
ဘုရားသခင်သည် အမိန့်ပေးခြင်းအားဖြင့် အရာများအား ဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်သည်။ ယေရှူသည် လူတစ်ယောက်သည် ပျောက်ကင်းလိမ့်မည် ဟု အမိန့်ပေးခြင်းအား ထိုသူအား ပျောက်ကင်းစေခဲ့သည်။ ထိုသူသည် အမိန့်အားနာခံခြင်းမှလွဲ၍ ဘာမှမလုပ်ရသော်လည်း ယေရှုသည် သူ့အား အမိန့်ပေးခြင်းဖြင့် ပျောက်ကင်းအောင်ပြုလုပ်ပေးခဲ့သည်။ ( ဤစာပိုဒ်တွင် “သန့်ရှင်းစေ” ဟူသောအမိန့်ပေးခြင်းသည် “ ပျောက်ကင်းစေ”ဟု အဓိပ္ပါယ်ရ၍ ပတ်ဝန်းကျင်မှလူများသည် ထိုသူအား အန္တရာယ်ကင်းစွာ ပြန်လည်ထိတွေ့လာနိုင်ပြီဖြစ်သည်။)
> ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။ (မဿဲ ၈:၃ ULT)
  ကမ္ဘာဦး ၁ တွင် ဘုရားသခင်သည် ထိုနေရာ၌အလင်းရှိသင့်သည်ဟု အမိန့်ပေး၍ ထိုအမိန့်ပေးခြင်း ဖြင့် ထိုနေရာ၌ အလင်းရှိလာအောင်ပြုလုပ်ခဲ့သည်။ သမ္မကျမ်းစာထဲမှ ဟီးဘရူးဘာသာ ကဲ့သို့သော အချို့ဘာသာစကားများတွင် တတိယလူ၌ဖြစ်သော အမိန့်ပေးခြင်းများရှိသည်။ အင်္ဂလိပ်စာတွင် ထိုကဲ့သို့မရှိသောကြောင့် တတိယလူ၏အမိန့်ကို ယေဘူယျ ဒုတိယ၏အမိန့် အဖြစ် ULT ထဲ၌ပါဝင်သော အတိုင်း ပြောင်းလဲရမည်ဖြစ်သည်။
> ဘုရားသခင်က အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ( ကမ္ဘာဦး ၁:၃ ULT)
တတိယလူ၏အမိန့်ပေးခြင်း ပါဝင်သော ဘာသာစကားများသည် “ အလင်းရှိသင့်သည်” စသော အချို့အရာများအား အင်္ဂလိပ်စာသို့ ဘာသာပြန်သော မူလ ဟီးဘရူးဘာသာ အား လိုက်နာနိုင်သည်။
#### ကောင်းချီးပေးခြင်းကဲ့သို့လုပ်ဆောင်သော အမိန့်ပေးဝါကျများ
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် အမိန့်ပေးဝါကျများအား အသုံးပြု၍ လူတို့အား ကောင်းချီးပေးခဲ့သည်။ ယင်းသည် သူတို့အတွက် သူ၏ လိုလားခြင်းကို ညွှန်ပြသည်။
> အချင်းတို့ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။
#### အခြေအနေပေါ်လိုက်၍လုပ်ဆာင်သော အမိန့်ပေးဝါကျများ
 အမိန့်ပေးဝါကျသည် တစ်ခုခုဖြစ်ပေါ်လာနိုင်သော အခြေအနေ အားပြောရန်လည်း အသုံးပြုနိုင်သည်။ ဆိုရိုးစကားများသည် ဘဝအကြောင်း နှင့် ဖြစ်ပေါ်လေ့ရှိသောအရာများ.အကြောင်း အဓိကပြောပြသည်။ အောက်ပါ သုတ္တံ  ၄:၆ ၏ရည်ရွယ်ချက်သည် အခြေခံအားဖြင့် အမိန့်ပေးရန် မဟုတ်သော်လည်း၊ လူတို့သည် ပညာရှိမှုကို နှစ်သက်သော အခါ ဖြစ်လာရန်မျှော်လင့် နိုင်သည့် အရာများအား သင်ကြားပေးသည်။
> ပညာကို**မစွန့်နှင့်**။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကို**ချစ်လော့**။ သင့်ကို စောင့်မလိမ့်မည်။ (သုတ္တံ ၄:၆ ULT)
အောက်ပါ သုတ္တံ ၂၂:၆ ၏ရည်ရွယ်ချက်သည် လူတို့သည် သူတို့၏ကလေးများအား နေထိုင်သွားသည့်ပုံစံများအား သင်ကြားပေးပါက ဖြစ်လာရန် မျှော်လင့်နိုင်သည့် အရာများအား သင်ကြာပေးသည်။
> သူငယ်သွားရာလမ်းဝ၌ **ဆုံးမသွန်သင်**လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။ (သုတ္တံ ၂၂:၆ ULT)
### ဘာသာပြန်ခြင်းနည်းစနစ်များ (ဥပဒေသများ)
(1) အကယ်၍လူတို့သည် သမ္မကျမ်းစာထဲတွင် အသုံးပြုပုံများထဲမှ တစ်ခုအတွက် အမိန့်ပေးဝါကျ အားအသုံးမပြုပါက ကြေညာချက်အား အစားသုံးကြည့်ပါ။
(2) အကယ်၍ လူတို့သည် တစ်ခုခုအားဖြစ်စေရန် စာကြောင်းအားအသုံးပြုထားသည်ကို နားမလည်ပါက “ ထို့ကြောင့်” ဟူသော စကားလုံးဆက်အား ပြောခဲ့သောအရာ၏ ရလဒ် အနေဖြင့် မည်သည်တို့ဖြစ်သွားသည်ကို ဖော်ပြရန် သုံးပါ။
(3)  အကယ်၍ လူတို့သည် အခြေအနေအရ အမိန့်ပေးခြင်း အား အသုံးမပြုလျင်၊ “အကယ်၍ “ သို့မဟုတ် “ထို့နောက်” ဟူသောစကားလုံးများပါဝင်သော ကြေညာချက် အနေဖြင့် ဘာသာပြန်ပါ။
### ဘာသာပြန်ခြင်းနည်းစနစ်များအားအသုံးပြုထားသည့်ဥပမာများ
(1)  အကယ်၍လူတို့သည် သမ္မကျမ်းစာထဲတွင် အသုံးပြုပုံများထဲမှ တစ်ခုအတွက် အမိန့်ပေးဝါကျ အားအသုံးမပြုပါက ကြေညာချက်အား အစားသုံးကြည့်ပါ။
> **သန့်ရှင်းစေ** (မဿဲ၈:၃ ULT)
>
> > “ယခု သင်သည် သန့်ရှင်းသွားပြီ။”
> > “ငါယခု သင့်အား သန့်ရှင်းစေခဲ့ပြီ။”
>
> “**အလင်းရစေ**” ထို့နောက်တွင် အလင်းရခဲ့သည်။ ( ကမ္ဘာဦး ၁:၃ ULT)
>
> > ဘုရားသခင်သည် “**အလင်းရစေ**” ဟုဆိုပြီးနောက်တွင် အလင်းရခဲ့သည်။
>
> အချင်းတို့ **များပြားစွာ**မွေးဘွားကြလေ၊ မြေကြီးကို **ပြည့်စေ**၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ **အသက်ရှင်**၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း **အုပ်စိုးကြ**လော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။ (ကမ္ဘာဦး ၁:၂၈ ULT)
>
> > သင်တို့်အတွက်ငါ၏ လိုလားခြင်းသည်ကား အချင်းတို့ များပြားစွာမွေးဘွားကြလေ၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြရန်အလိုရှိသည် ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
(2) အကယ်၍ လူတို့သည် တစ်ခုခုအားဖြစ်စေရန် စာကြောင်းအားအသုံးပြုထားသည်ကို နားမလည်ပါက “ ထို့ကြောင့်” ဟူသော စကားလုံးဆက်အား ပြောခဲ့သောအရာ၏ ရလဒ် အနေဖြင့် မည်သည်တို့ဖြစ်သွားသည်ကို ဖော်ပြရန် သုံးပါ။
> ဘုရားသခင်ကလည်း  **အလင်းရစေဟု** အမိန့်တော်ရှိ၍ အလင်းရလေ၏။  (ကမ္ဘာဦး ၁:၃ ULT)
>
> >   ဘုရားသခင်သည် “အလင်းရစေ” ဟု **ဆိုသော**ကြောင့် အလင်းရလေ၏။    
> > ဘုရားသခင်သည် “အလင်းရစေ” ဟု ဆိုခြင်း၏ **ရလဒ်အနေဖြင့်** အလင်းရလေ၏။
(3)  အကယ်၍ လူတို့သည် အခြေအနေအရ အမိန့်ပေးခြင်း အား အသုံးမပြုလျင်၊ “အကယ်၍” သို့မဟုတ် “ထို့နောက်” ဟူသောစကားလုံးများပါဝင်သော ကြေညာချက် အနေဖြင့် ဘာသာပြန်ပါ။
> သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။ (သုတ္တံ ၂၂:၆ ULT)
ဤကဲ့သို့ ဘာသာပြန်ပါ၊
> **အကယ်၍** သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်ပါက **ထို့နောက်တွင်** သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။