DMS_GL_en_ta/translate/figs-infostructure/01.md

15 KiB

ဖော်ပြချက်

ဘာသာစကားအမျိုးမျိုးတို့တွင် ဝါကျ အစိတ်အပိုင်းများအား ပုံစံအမျိုးမျိုးတို့ဖြင့် စီစဥ်လေ့ရှိသည်။ အင်္ဂလိပ်၌ ဝါကျတစ်ကြောင်းတွင် ပြုလုပ်သူ သည် အရင်လာ၍ ထို့နောက် ကြိယာ၊ ပြုလုပ်ခံရသူ နှင့် အခြားအထူးပြုများကို အောက်ပါအတိုင်းစီစဥ်ထားသည်။ပီတာသည် သူ၏အိမ်အား မနေ့က ဆေးသုတ်ခဲ့သည်။

အခြားသောဘာသာစကားများတွင် ထိုအရာများအား တခြားနည်းဖြင့် ပုံမှန်ကဲ့သို့ ထားသိုထားသည်။ ဥပမာဆေးသုတ်ခဲ့ မနေ့က ပီတာသည် သူ၏အိမ်ကို

ဘာသာစကားတိုင်းတွင် ဝါကျတစ်ကြောင်း၏ အစိတ်အပိုင်းများအတွက် ပုံမှန် အစီအစဥ် ရှိသော်ငြားလည်း၊ ထိုအစီအစဥ်သည် ပုံပြောသူ သို့မဟုတ် စာရေးသူက အရေးပါဆုံးဟု ယူဆသော အချက်အလက်ပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။

“ ပီတာ မနေ့က မည်သည့်အရာ ကို ဆေးသုတ်ခဲ့သနည်း။” ဟူသောမေးခွန်းကို တစ်စုံတစ်ယောက်မှဖြေသည်ဟု ယူဆပါ။ မေးခွန်းအား မေးသောသူ သည် “သူ၏အိမ်”ဟူသော ပြုလုပ်ခံမှ လွဲ၍ အထက်ပါ ဝါကျတွင် ပါဝင်သော အချက်အလက်အားလုံးအား သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ထိုအရာသည် အချက်အလက်၏ အဓိက အစိတ်အပိုင်းဖြစ်လာပြီး၊ အင်္ဂလိပ်လိုဖြေသော သူသည် ဤကဲ့သို့ ဖြေနိုင်၏။ပီတာဆေးသုတ်ခဲ့သောအရာသည် သူ၏အိမ်ဖြစ်သည်။ (မနေ့က)

 အရေးပါဆုံးသောအချက်အလက်အား ရှေ့တွင်ထားခြင်းသည် အင်္ဂလိပ်စာ၌ သာမာန်ပင်ဖြစ်သည်။ အခြားသောဘာသာစကားများတွင် သာမန်အတိုင်းပင် အရေးပါဆုံးသော အချက်အလက်အား နောက်ဆုံးတွင် ထားတတ်သည်။ စာ၏အရှိန်တွင် အရေးပါဆုံးသော အချက်အလက်သည် စာရေးသူမှ စာဖတ်သူတို့အတွက် အချက်အလက်အသစ်ဖြစ်မည် ဟု ယူဆသော အရာများ ဖြစ်တတ်သည်။ အချို့သောဘာသာစကားများတွင် အချက်အလက်အသစ်သည် အရင်လာ၍ အခြားဘာသာစကားများတွင်မူ နောက်မှလာတတ်သည်။

ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်းအကြောင်းပြချက်များ

  • ဘာသာစကားအမျိုးမျိုးတို့တွင် ဝါကျ အစိတ်အပိုင်းများအား ပုံစံအမျိုးမျိုးတို့ဖြင့် စီစဥ်လေ့ရှိသည်။ အကယ်၍ သင်(ဘာသာပြန်သူ) သည် ဝါကျ၏ အစိတ်အပိုင်းများအား စီစဥ်ပုံကို မူရင်းစာအုပ်မှ ကူးယူထားပါက၊ သင်၏ဘာသာစကား၌ အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။
  • ဘာသာစကားအမျိုးမျိုးတို့တွင် ဝါကျထဲ၌ အရေးကြီးသော သို့မဟုတ် အသစ်ဖြစ်သော အချက် အလက်များကို နေရာအမျိုးမျိုးတို့တွင် ထားလေ့ရှိ၏။ အကယ်၍ သင်သည် အရေးကြီး သော သို့မဟုတ် အသစ်ဖြစ်သော အချက်အလက်များကို မူရင်းဘာသာစကား တွင် ထားသည့်အတိုင်း ထားပါက၊ သင်၏ဘာသာစကားတွင် ရှုပ်ထွေးခြင်းများ သို့မဟုတ် သတင်း အမှား ပေးခြင်းများ ဖြစ်လာနိုင်သည်။

သမ္မာကျမ်းစာထဲမှ ဥပမာများ

လူအပေါင်းတို့သည် ကျေနပ်ထိသည် စားသုံးပြီးမှ (မာကု ၆:၄၂ ULT)

ဤစာကြောင်း၏ အစိတ်အပိုင်းသည် မူလဂရိဘာသာစကားထဲတွင် အခြားပုံစံဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ဤကဲ့သို့ဖြစ်၏။ လူတို့သည် အကုန်စားပြီးသဖြင့် ကျေနပ်သွားကြသည်။

အင်္ဂလိပ်စာ၌ ဤအရာသည် လူတို့အကုန်စားလိုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ နောက်စာပိုဒ်တွင် သူတို့သည် စားကြွင်းစားကျန်များဖြင့်ပြည့်နေသော ခြင်း ဆယ့်နှစ်လုံးအား ယူသွားကြသည်ဟု ဆို၏။ အလွန်ရှုပ်ထွေးခြင်း မရှိစေရန် အလို့ငှာ ULT အားဘာသာပြန်သူသည် အင်္ဂလိပ်စာတွင် စာကြောင်း၏ အစိတ်အပိုင်းများအား မှန်ကန်သော ပုံစံဖြင့် ထားသိုထားသည်။

မိုးချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ ဟု လျှောက်ကြ၏။ (လုကာ ၉:၁၂ ULT)

ဤစာပိုဒ်တွင် လူအုပ်အားအဝေးသို့ပို့သင့်သည်ဟူသော ယေရှုကို သူ၏တပည့်များမှပြောသော စကား တွင် အရေးကြီးသောအချက်အလက်ကို ရှေ့၌ထားထားသည်။ သို့သော် အရေးကြီးသော အချက်အလက်များကို နောက်၌ထားတတ်သောဘာသာစကားများတွင်၊ ယေရှုကို ပြောသောစကားတွင် “တောအရပ်ဖြစ်၏”ဟူသော စကားသည် အရေးပါဆုံးသောအစိတ်အပိုင်းဖြစ်သည် ဟု လူများထင်မှတ်နိုင်သည်။တပည့်တော်တို့သည် ထိုနေရာတွင်ရှိသော အရာတို့ကို ကြောက်ရွံသဖြင့် လူတို့ကိုစားစရာ သွားဝယ်စေ ခြင်း သည် ထိုအရာတို့မှ ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု လူတို့ ထင်ကောင်းထင်နိုင်သည်။ ဤသည်မှာ ယူဆချက် အမှားဖြစ်သည်။

လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။(လုကာ ၆:၂၆ ULT)

ဤစာပိုဒ်တွင်၊ “အမင်္ဂလာ” သည် လူများလုပ်နေသောအရာအတွက် ရောက်လာတတ်သည် ဟူသော အရေးပါဆုံးသော အချက်အလက်ကို ရှေ့၌ထားထားသည်။ သတိပေးချက်အား ကူညီပေး သော အကြောင်းပြချက်သည် နောက်မှလာ၏။ ဤအရာသည် အရေးကြီးသော အချက်အလက်အား နောက်မှ လာရန် မျှော်လင့်ထားသူတို့အတွက် ရှုပ်ထွေးနိုင်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

(1) သင်၏ဘာသာစကားတွင် ဝါကျ၏ အစိတ်အပိုင်းများအား စီစဥ်ပုံကို လေ့လာ၍ ထိုစီစဥ်ပုံကို သင်၏ဘာသာပြန်ခြင်းတွင် အသုံးပြုပါ။

(2) သင်၏ဘာသာစကားတွင် အသစ် သို့မဟုတ် အရေးပါသော အချက်အလက်များအား မည်သည့် နေရာတွင် ထားသည်ကို လေ့လာ ပြီး အချက်အလက်အစီစဥ်များကို ပြန်လည် စီစဥ် ပါ၊ ထိုမှသာ သင်၏ဘာသာစကားတွင် ထိုအရာများ ပြီးမြောက်ပုံသည် အစဥ်လိုက်ဖြစ်မည် ဖြစ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များအားအသုံးပြုထားသည့်ဥပမာများ

(1) သင်၏ဘာသာစကားတွင် ဝါကျ၏ အစိတ်အပိုင်းများအား စီစဥ်ပုံကို လေ့လာ၍ ထိုစီစဥ်ပုံကို သင်၏ဘာသာပြန်ခြင်းတွင် အသုံးပြုပါ။

ဤစာပိုဒ်သည် မူရင်းဂရိ၏ အစီစဥ်တိုင်းဖြစ်၏။

ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။ (မာကု ၆:၁ULT)

ULTတွင် အင်္ဂလိပ်စာအတွက် ထားရန် ပုံမှန်အစီစဥ် ရှိသည်။

သူသည် ထိုအရပ်မှထွက်၍ သူ၏မြို့သို့သွားရာ တပည့်တော်တို့သည် နောက်မှ လိုက်ကြလေ၏။ (မာကု ၆:၁ ULT)

(2)  သင်၏ဘာသာစကားတွင် အသစ် သို့မဟုတ် အရေးပါသော အချက်အလက်များအား မည်သည့် နေရာတွင် ထားသည်ကိုလေ့လာ ပြီး အချက်အလက်အစီစဥ်များကို ပြန်လည် စီစဥ် ပါ၊ ထိုမှသာ သင်၏ဘာသာစကားတွင် ထိုအရာများ ပြီးမြောက်ပုံသည် အစဥ်လိုက်ဖြစ်မည် ဖြစ်သည်။

မိုးချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ ဟု လျှောက်ကြ၏။ (လုကာ ၉:၁၂ ULT)

အကယ်၍သင်၏ဘာသာစကားတွင် အရေးကြီးသောအချက်အလက်သည် နောက်မှလာလျှင် စာပိုဒ်၏ အစီစဥ် အား ပြောင်းလဲနိုင်သည်။

မိုးချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ ကျွန်ုပ်တို့သည် တောအရပ်၌ ရောက်နေသောကြောင့် လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ ဟူ လျှောက်၏။ 

လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။(လုကာ ၆:၂၆ULT)

 အကယ်၍သင်၏ဘာသာစကားတွင် အရေးကြီးသောအချက်အလက်သည် နောက်မှလာလျှင် စာပိုဒ်၏ အစီစဥ် အား ပြောင်းလဲနိုင်သည်။

လူတို့သည် သင့်အားချီးမွမ်းကြသောအခါ ထိုအရာသည် ရှေ့ဖြစ်ဟောသူအတု အား လူတို့၏ ဘိုးဘွားဘီဘင် တို့မှ ဆက်ဆံနည်းဖြစ်သာဖြစ်၍ သင့်၌ အမင်္ဂလာရှိ၏။