DMS_GL_en_ta/translate/writing-quotations/01.md

9.9 KiB

ဖော်ပြချက်

တစ်စုံတစ်ယောက်သည် တစ်ခုခုပြောခဲ့ကြောင်း ပြောသောအခါ၊ ကျွန်ုပ်တို့သည် မကြာခဏ မည်သူပြောခဲ့သည်၊ မည်သူ့အားပြောခဲ့သည် နှင့် မည်သည်အကြောင်းကိုပြောခဲ့သည် တို့ကို ပြောကြသည်။ မည်သူပြောခဲ့သည်နှင့် မည်သူ့အားပြောခဲ့သည် နှင့်ပတ်သတ်သော အချက်အလက်ကို quote margin ဟု ခေါ်သည်။ မည်သည့်အကြောင်းပြောခဲ့သည်မှာ ကိုးကားချက်ဖြစ်သည်။ (ကိုးကားခြင်း ဟူ၍လည်းခေါ်သည်။) အချို့ဘာသာစကားများ တွင်၊ quote margin သည် ​ရှေ့ဆုံးတွင်၊ နောက်ဆုံးတွင် သို့မဟုတ် ကိုးကားချက်၏ အစိတ်အပိုင်းနှစ်ခုကြားတွင်ပင် လာတတ်သည်။

Quote margins များအား အောက်တွင် စာလုံးမဲထားသည်။

  • သူမသည်, “စားစရာများအဆင်သင့်ဖြစ်ပြီ။ လာ၍စားပါ” ဟု ပြောသည်
  • “စားစရာများ အဆင်သင့်ဖြစ်ပြီ။ လာ၍စားပါ” ဟု သူမက ပြောသည်
  • “စားစရာများ အဆင်သင့်ဖြစ်ပြီ။” သူမက ပြောသည် “လာ၍စားပါ။”

ထို့အတူ အချို့ဘာသာစကားများတွင်၊ quote margin တွင် “ပြောခဲ့သည်” ဟုအဓိပ္ပါယ်ရသော တစ်ခုထက် ပိုသည့် ကြိယာများ ရှိနိုင်သည်။

သို့သော် သူ၏အမေက "မဟုတ်၊ ယောဟန်အမည်ဖြင့် မှည့်ရမည်" ဟု ဖြေကြားဆို၏။ (လုကာ 1:60 ULT)

တစ်စုံတစ်​ယောက်သည် တစ်ခုခုပြောခဲ့သည် ဟုရေးသောအခါ၊ အချို့ဘာသာစကားများ သည် ကိုးကားခြင်း(ပြောခဲ့သည့်အရာ) အား မျက်တောင်အဖွင့်အပိတ်ဟုခေါ်သော အဖွင့်အပိတ် သင်္ကေတ  (“ “) တွင်ထည့်သည်။ အချို့ဘာသာစကားများ သည် ကိုးကားချက်၏ ပတ်ဝန်းကျင်တွင် ဤangel quote marks ( << >>) သို့မဟုတ် အခြားတစ်ခု ကဲ့သို့ အခြား သင်္ကေတများအား အသုံးပြုသည်။

ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့် အကြောင်းပြချက်

  • ဘာသာပြန်သူများသည် quote margin အား သူတို့၏ ဘာသာစကားတွင် အရှင်းလင်းဆုံး နှင့် သဘာဝအကျဆုံးနေရာတွင် ထားရန် လိုအပ်သည်။
  • ဘာသာပြန်သူများသည် သူတို့သည် quote margin အား “ပြောခဲ့သည်” ဟု အဓိပ္ပါယ်ရသော ကြိယာ တစ်ခုရှိစေလိုသည် သို့မဟုတ် နှစ်ခု ရှိစေလိုသည်အား ဆုံးဖြတ်ရန် လိုအပ်သည်။
  • ဘာသာပြန်သူများသည် ကိုးကားချက်၏ ပတ်ဝန်းကျင်တွင် မည်သည့် အမှတ်အသားအား အသုံးပြုမည်ကို ဆုံးဖြတ်ရန် လိုအပ်သည်။

သမ္မာကျမ်းစာမှ ဥပမာများ

ကိုးကားချက်မတိုင်ခင်လာသော quote margins များ

ဇာခရိကလည်း၊ "ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီ" ဟု ကောင်းကင်တမန်အား ပြောဆို၏။ (လုကာ 1:18 ULT)

အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ၍၊ သူတို့သည်သူ့အား  "အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်း" ဟု မေးလျှောက်ကြ၏။ (လုကာ 3:12ULT)

သူက သူတို့အား သတို့သခင်သည် ခွဲဝေစီမံသည် ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။ (လုကာ 3:13 ULT)

ကိုးကားချက်ပြီးမှလာသော quote margins များ

ထာဝရဘုရားသည် နောင်တရ၍၊ "ဤသို့မဖြစ်ရ" ဟု မိန့်တော်မူ၏။ (အာမုတ် 7:3 ULT)

ကိုးကားခြင်း နှစ်ခုကြားရှိ quote margins များ

“ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။” သူကဆို၏။ “သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသောအမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ၏။” (တရားဟောရာ 32:20 ULT)

“ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော” ဟု ထာဝဘုရား မိန့်တော်မူသည်အချိန်ကာလသည် ရောက်လိမ့်မည်။ (ယေရမိ 30:3 ULT)

ဘာသာပြန်ခြင်းနည်းစနစ်များ (ဥပဒေသများ)

(1) quote margins များအား မည်သည့်နေရာတွင် ထားမည်ကို ဆုံးဖြတ်ပါ။

(2) “ပြောခဲ့သည်” ဟုအဓိပ္ပါယ်ရသော ကြိယာတစ်ခု အသုံးပြုမည် သို့မဟုတ် ကြိယာ နှစ်ခု အသုံးပြုမည် ကို ဆုံးဖြတ်ပါ။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(1) quote margins များအား မည်သည့်နေရာတွင် ထားမည်ကို ဆုံးဖြတ်ပါ။

သင်တို့သည် တတ်နိုင်သောသူတို့သည်” သူကဆို၏ “ငါနှင့်အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေ။” (တမန်တော် 25:5 ULT)

သူကဆို၏ "သင်တို့သည် တတ်နိုင်သောသူတို့သည်”  “ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေ။”

"သင်တို့သည် တတ်နိုင်သောသူတို့သည်”  “ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေ” ဟု သူကဆို၏

"သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်ပါ။” သူက ဆို၏ “ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေ။”

(1) “ပြောခဲ့သည်” ဟုအဓိပ္ပါယ်ရသော ကြိယာတစ်ခု အသုံးပြုမည် သို့မဟုတ် ကြိယာ နှစ်ခု အသုံးပြုမည် ကို ဆုံးဖြတ်ပါ။

သို့သော် သူ၏အမေက "မဟုတ်၊ ယောဟန်အမည်ဖြင့် မှည့်ရမည်" ဟု ဖြေကြားဆို၏။(လုကာ 1:60 ULT)

သို့သော် သူ၏အမေကပြန်ဖြေ၏  “မဟုတ်၊ ယောဟန်အမည်ဖြင့် မှည့်ရမည်။”

သို့သော် သူ၏အမေကဆို၏ “မဟုတ်၊ ယောဟန်အမည်ဖြင့် မှည့်ရမည်။”

သို့သော် သူ၏အမေကဤကဲ့သို့ဖြေ၏ “မဟုတ်၊ ယောဟန်အမည်ဖြင့် မှည့်ရမည်”