DMS_GL_en_ta/translate/translate-hebrewmonths/01.md

18 KiB

ဖော်ပြချက်

သမ္မာကျမ်းစာထဲတွင် အသုံးပြုသော   ဟေဗြဲ ပြက္ခဒိန်တွင် ဆယ့်နှစ်လပါဝင်သည်။ အနောက်တိုင်း ပြက္ခဒိန်များနှင့်မတူဘဲ၊ ယင်း၏ ပထမလသည် အရှေ့ပိုင်းစက်ဝိုင်းခြမ်း၏ နွေဦးဖြင့် စတင်သည်။ တစ်ခါတစ်ရံတွင် လသည် ယင်း၏ နာမည် (Abib၊ Ziv၊ Sivan) ဖြင့်ခေါ်ခံရပြီး၊တစ်ခါတစ်ရံတွင် ယင်းသည် ဟေဗြဲ ပြက္ခဒိန်နှစ်၏ အစီအစဥ် (ပထမလ၊ ဒုတိယလ၊ တတိယလ) ဖြင့် ခေါ်ခံရသည်။.

ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့်အကြောင်းပြချက်

  • စာဖတ်သူများသည် သူတို့ တစ်ခါမျှ မကြားဖူးသော လ များအား ဖတ်မိလျှင် အံ့သြသွားနိုင်ပြီး၊ သူတို့သည် သူတို့အသုံးပြုသော လများနှင့် ထိုလများသည် မည်ကဲ့သို့ ကိုက်ညီနေသည်ကို သိချင်နေလိမ့်မည်။

  • စာဖတ်သူများသည် ‘ပထမလ” သို့မဟုတ် “ဒုတိယလ” ကဲ့သို့သော ပုဒ်စုတို့သည် အခြား ပြက္ခဒိန်အချို့ကို မဟုတ်ဘဲ ဟေဗြဲ ပြက္ခဒိန်၏ ပထမ သို့မဟုတ် ဒုတိယလကို ရည်ညွှန်းကြောက်း သဘောပေါက်မည်မဟုတ်ပေ။

  • စာဖတ်သူတို့သည် ဟေဗြဲ ပြက္ခဒိန်၏ ပထမလ သည် မည်သည့်အချိန်တွင် စတင်သည်ကို သိမည်မဟုတ်ပေ။

  • သမ္မာကျမ်းစာသည် လတစ်ခုတွင် ဖြစ်ပေါ်သော တစ်စုံတစ်ခု အကြောင်း ပြောနိုင်သော်လည်း စာဖတ်သူတို့သည် အကယ်၍ သူတို့သည် ထိုမှာ နှစ်၏ မည်သည့် ရာသီဖြစ်သည်ကိုမသိပါက၊ ယင်းနှင့်ပတ်သတ်၍ ပြောသောအရာများကို အပြည့်အဝ သဘောပေါက်မည်မဟုတ်ပေ။

ဟေဗြဲလများ၏စာရင်း

ဤသည်မှာ ဟေဗြဲ လများကို ဘာသာပြန်ခြင်းတွင်.အကူအညီပေးနိုင်သော ယင်းတို့နှင့် ပတ်သတ်သည့် အချက်အလက်များကို ဖော်ပြထားသည့် စာရင်းဖြစ်သည်။

Aviv — (ဤလအား Babylonian exile ပြီးနောက်တွင် Nisan ဟုခေါ်သည်။) ဤသည်မှာ ဟေဗြဲ ပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ ဘုရားသခင်သည် အစ္စရေးမှလူများအား အီဂျစ်သို့ခေါ်လာသော အချိန်ကို အမှတ်အသားပြုထားသည်။ ဤသည်မှာ နောက်ကျသောမိုးရွာ၍ လူတို့သည် သူတို့၏ သီးနှံများကို ရိတ်သိမ်းသော နွေဦးရာသီ၏ အစတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်တွင် မတ်လ၏ နောက်ဆုံးပိုင်းနှင့် ဧပြီလ၏ ပထမပိုင်း ကြားတွင် ဖြစ်သည်။ ဘာသာရေးပွဲတော်သည် Abib ၁၀ရက်တွင်ဖြစ်၍ တစေးမပါသောပေါင်မုန့်များ၏ ပွဲတော်၏ ထိုပွဲ အပြီးတွင် ဖြစ်ပြီး၊ ကောက်ရိတ်သိမ်းပွဲတော်သည် ထိုပွဲပြီးနောက် ရက်သတ္တပတ် အနည်းငယ်တွင်ဖြစ်သည်။

Ziv — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ ဤလသည် ကောက်ရိတ်သိမ်းရာသီ၏ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်း ပြက္ခဒိန်၏ ဧပြီလနောက်ဆုံးပိုင်းနှင့် မေလ ပထမပိုင်း ကြားတွင် ဖြစ်သည်။

Sivan — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ တတိယလဖြစ်သည်။ ဤသည်မှာ ကောက်ရိတ်သိမ်းရာသီ၏ အဆုံးဖြစ်၍ ခြောက်သွေ့ရာသီ၏ အစဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ မေလနောက်ဆုံးပိုင်းနှင့် ဂျွန်လပထမပိုင်းကြားတွင် ဖြစ်သည်။ ရက်သတ္တပတ်၏ စားသောက်ပွဲတော် အား Sivan ၆ ရက်တွင် ကျင်းပသည်။

Tammuz — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ လေးလမြောက်ဖြစ်သည်။ ဤသည်မှာ ခြောက်သွေ့ရာသီ၏ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ ဂျွန်လ နောက်ဆုံးပိုင်းနှင့် ဂျုလိုင်လ၏ ပထမပိုင်းကြားတွင်ဖြစ်သည်။

Ab — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ငါးလမြောက်ဖြစ်သည်။ ဤသည်မှာ ခြောက်သွေ့ရာသီ၏အတောတွင်းတွင်ဖြစ်သည်။ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ ဂျွန်လနောက်ဆုံးပိုင်းနှင့် သြဂုတ်လပထမပိုင်းကြားတွင်ဖြစ်သည်။

Elul — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ခြောက်လမြောက်ဖြစ်သည်။ ဤသည်မှာ ​ခြောက်သွေ့ရာသီ၏ အဆုံးတွင်ဖြစ်၍ မိုးရာသီ၏ အစတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ သြဂုတ်လ နောက်ဆုံးပိုင်းနှင့် စက်တင်ဘာလ၏ ပထမပိုင်းကြားတွင်ဖြစ်သည်။

Ethanim — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ခုနှစ်လမြောက်ဖြစ်သည်။ ဤသည်မှာ မျိုးစေ့ကြဲရန်အတွက် မြေများကို ပျော့ပျောင်းစေသော မိုးရာသီအစပိုင်း၏ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်၏ စက်တင်ဘာလ အဆုံးပိုင်းနှင့် အောက်တိုဘာလ၏ ပထမပိုင်း ကြားတွင်ဖြစ်သည်။ ကောက်ရိတ်သိမ်ခြင်း စားသောက်ပွဲနှင့် ကျေနပ်ခြင်းနေ့ အား  ဤလတွင် ကျင်းပသည်။

Bul — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ရှစ်လမြောက်ဖြစ်သည်။ ဤသည်မှာ လူတို့သည် သူတို့၏ လယ်ကွက်များအား ထယ်ထိုး၍ မျိုးစေ့ကြဲသော မိုးရာသီ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ အောက်တိုဘာလအဆုံးပိုင်းနှင့် နိုဝင်ဘာလ၏ ပထမပိုင်း ကြားတွင်ဖြစ်သည်။

Kislev — ဤသည်မှာ ဟေဗြဲ ပြက္ခဒိန်၏ ကိုးလမြောက်ဖြစ်သည်။ ဤသည်မှာ မျိုးစေ့ကြဲသော ရာသီ၏ အဆုံးတွင်ဖြစ်၍ ဆောင်းရာသီ၏အစပိုင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ နိုဝင်ဘာလအဆုံးပိုင်းနှင့် ဒီဇင်ဘာလ ပထမပိုင်းကြားတွင်ဖြစ်သည်။

Tebeth — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ဆယ်လမြောက်ဖြစ်သည်။ ဤသည်မှာ မိုးနှင့် နှင်းမျ ရှိနိုင်သော ဆောင်းရာသီ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ ဒီဇင်လာလ အဆုံးပိုင်းနှင့် ဇန်နဝါရီလ၏ ပထမပိုင်း ကြားတွင်ဖြစ်သည်။

Shebat — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ဆယ့်တစ်လမြောက်ဖြစ်သည်။ ဤသည်မှာ နှစ်၏ အအေးဆုံးလ ဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းတတ်သည်။ ဤသည်မှာ အနောက်ပိုင်းပြက္ခဒိန်များ၏ ဇန်နဝါရီလအဆုံးပိုင်းနှင့် ဖေဖော်ဝါရီလ၏ ပထမပိုင်း ကြားတွင်ဖြစ်သည်။

Adar — ဤလသည် ဟေဗြဲ ပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်နှင့် နောက်ဆုံးလဖြစ်သည်။ ဤသည်မှာ ဆောင်းရာသီ အတောတွင်းတွင်ဖြစ်သည်။ ဤသည်မှာအနောက်ပိုင်းပြက္ခဒိန်များ၏ ဖေဖော်ဝါရီလ အဆုံးပိုင်းနှင့် မတ်လ၏ ပထမပိုင်း ကြားတွင်ဖြစ်သည်။ Purim ဟုခေါ်သော စားသောက်ပွဲတော် အား Adar တွင် ကျင်းပသည်။

သမ္မာကျမ်းစာမှဥပမာများ

Abib လ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။(ထွက်မြောက် ၁၃:၄ ULT)

နှစ်၏ ပထမလ လဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည်။(ထွက်မြောက် ၁၂:၁၈ ULT)

ဘာသာပြန်ခြင်းနည်းစနစ်များ

သင်သည် လများနှင့် ပတ်သတ်သော အချက်အလက်များအား တိုက်ရိုက်ဖြစ်အောင် ပြုလုပ်ရန် လိုအပ်နိုင်သည်။ (Assumed Knowledge and Implicit Information ကိုကြည့်ပါ)

(၁) ဟေဗြဲ လ၏ နံပါတ်အား ပြောပြပါ။

(၂) လူတို့သိသော လူများအား အသုံးပြုပါ။

(၃) လတွင် မည်သည့်ရာသီ ဖြစ်ပေါ်သည်ကို ရှင်းလင်းစွာ ဖော်ပြပါ။

(၄) အချိန်များကို လ၏အသုံးအနှုန်းထက် ရာသီ၏ အသုံးအနှုန်းဖြင့် ရည်ညွှန်းပါ။ ( အကယ်၍ ဖြစ်နိုင်ပါက၊ ဟေဗြဲ လနှင့် ရက်များအား ပြသရန် စာမျက်နှာအောက်ခြေရှိ မှတ်စုအား အသုံးပြုပါ။)

ဘာသာပြန်ခြင်းနည်းစနစ်များအားအသုံးပြုထားသည့်ဥပမာများ

အောက်ပါ ဥပမာများတွင် ဤ အပိုဒ်နှစ်ခုအား အသုံးပြုထားသည်။

Aviv လ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနှစ်ရက်ပတ်လုံးတဆေးမဲ့သောမုန့်ကိုစားရမည်။ အကြောင်းမူကကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ (ထွက်မြောက် ၂၃း၁၅ ULT)

သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ ခုနှစ်​လမြောက် ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။ (ဝတ်ပြု ၁၆:၂၉ ULT)

(၁) ဟေဗြဲ လ၏ နံပါတ်အား ပြောပြပါ။

နှစ်၏ပထမလချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနှစ်ရက်ပတ်လုံးတဆေးမဲ့သောမုန့်ကိုစားရမည်။ အကြောင်းမူကကား ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။

(၂) လူတို့သိသော လူများအားအသုံးပြုပါ။

မတ်လချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနှစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကိုစားရမည်။ အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။

သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ စက်တင်ဘာလ၏ နောက်ပိုင်းနေ့၌အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။

(၃) လတွင် မည်သည့်ရာသီ ဖြစ်ပေါ်သည်ကို ရှင်းလင်းစွာ ဖော်ပြပါ။

သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ ဆောင်းဦးရာသီ  ခုနှစ်​လမြောက် ဆယ်ရက်နေ့၌အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။

(၄) အချိန်များကို လ၏အသုံးအနှုန်းထက် ရာသီ၏ အသုံးအနှုန်းဖြင့် ရည်ညွှန်းပါ။

သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ ငါရွေးချယ်သောဆောင်းဦးရာသီ နောက်ပိုင်းနေ့ ၌အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။

မှတ်စုသည်အောက်ပါအတိုင်းဖြစ်မည်

[၁] ဟေဗြဲတို့သည်“ ခုနှစ်လမြောက်၊ လ၏ ဆယ်ရက်နေ့ “ ဟုပြောကြသည်။