DMS_GL_en_ta/translate/translate-fraction/01.md

13 KiB

ဖော်ပြချက်

အပိုင်းဂဏန်းများ သည် လူသို့မဟုတ် အရာများ၏ ပို၍ ကြီးသော အဖွဲ့အတွင်းမှ အရာ တစ်ခု၏ ညီမျှသော အစိတ်အပိုင်း သို့မဟုတ် ညီမျှသော အဖွဲ့များသို့ ရည်ညွှန်းသော နံပါတ်အမျိုးအစား ဖြစ်သည်။အရာတစ်ခု သို့မဟုတ် အရာများ၏ အစုအဝေးသည် နှစ်ပိုင်း သို့မဟုတ် ပိုသော အပိုင်းများ သို့မဟုတ် အဖွဲ့များသို့ အခွဲခံရသောအခါ၊ အပိုင်းဂဏန်းများ သည် တစ်ခု သို့မဟုတ် ပိုသော အပိုင်းများ သို့မဟုတ် အဖွဲ့များကို ရည်ညွှန်းသည်။

သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် hin ၏ သုံးပုံတစ်ပုံ ကို ပူဇော်ရမည်။ (တောလည်ရာ ၁၅:၇ ULT)

Hin သည် ဝိုင် နှင့် အခြားအရည် များကို တိုင်းတာရန်အတွက် အသုံးပြုသော ကုန်သေတ္တာဖြစ်သည်။ သူတို့သည် ကုန်သေတ္တာ hin အား ညီမျှအပိုင်း သုံးပိုင်း ပိုင်း၍ ထိုအပိုင်းတစ်ခုစီတွင် ဖြည့်၍ ယင်းပမာဏအား ပူဇော်ရန် စဥ်းစားနေခြင်းဖြစ်သည်။

... သင်္ဘော သုံးစုတစု လည်းပျက်၏။ ( ဗျာဒိတ် ၈:၉ ULT)

ဤတွင် များစွာသော သင်္ဘော်များရှိသည်။ အကယ်၍ ထိုသင်္ဘော်များအားလုံးကို ညီမျှသော  သင်္ဘော်အစု သုံးစုခွဲပါက သင်္ဘော်အစုတစ်ခုသည် ဖျက်စီးခံရခြင်းဖြစ်သည်။

အင်္ဂလိပ်စာရှိ အပိုင်းဂဏန်းအများစုမှာ နံပါတ်၏အဆုံးတွင် ရိုးရှင်းစွာ  “th” ရှိကြသည်။

| တစ်ခုလုံးအား ခွဲလိုက်သော အပိုင်းများ၏ နံပါတ် | အပိုင်းဂဏန်း | | -------- | -------- | | လေး | လေးပုံ | | တစ်ဆယ်| ဆယ်ပုံ | | တစ်ရာ | တစ်ရာပုံ | | တစ်ထောင် | တစ်ထောင်ပုံ |

အင်္ဂလိပ်စာရှိ အပိုင်းဂဏန်းအချို့သည် ထိုပုံစံအား မလိုက်နာကြပေ။

| တစ်ခုလုံးအားခွဲလိုက်သောအပိုင်းများ၏နံပါတ် | အပိုင်းဂဏန်း | | -------- | -------- | | နှစ် | တစ်ဝက် | | သုံး | သုံးပုံ | | ငါး | ငါးပုံ |

ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့်အကြောင်းပြချက်

အချို့ဘာသာစကားများသည် အပိုင်းဂဏန်းများ အား အသုံးမပြုကြပေ။ သူတို့သည် အစိတ်အပိုင်းများနှင့် အဖွဲ့များ အကြောင်း ရိုးရှင်းစွာပြောနိုင် သော်လည်း အစိတ်အပိုင်းသည် မည်မျှ ကြီးသည် သို့မဟုတ် အဖွဲ့တစ်ခုတွင် မည်မျှပါဝင်သည်ကို ပြောရန် အပိုင်းဂဏန်းများ အား အသုံးမပြုကြပေ။

သမ္မာကျမ်းစာမှ ဥပမာများ

 မနာရှေအမျိုး တဝက် အား မောရှေသည် ဗာရှန် ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုး တဝက် အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။ (ယောရှု ၂၂:၇ ULT)

မနာရှေ၏ အမျိုးများသည် နှစ်ဖွဲ့သို့ ခွဲခြင်း ခံရသည်။ “မနာရှေ အမျိုးတဝက်” ဟူသော ပုဒ်စုသည် ထိုအဖွဲ့များမှ တစ်ခုကို ရည်ညွှန်းသည်။ “အခြားတဝက်” ဟူသော ပုဒ်စုသည် အခြား အဖွဲ့အား ရည်ညွှန်းသည်။

ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင်သောကောင်းကင်တမန်လေးပါးတို့ကိုလွှတ်လေ၏။(ဗျာဒိတ် ၉:၁၅ ULT)

ကယ်၍ ကမ္ဘာပေါ်ရှိလူများအားလုံးကို ညီမျှစွာ အဖွဲ့သုံးခုအားခွဲလိုက်ပါက၊ အဖွဲ့တစ်ခုမှ လူများသည် အသတ်ခံရမည်ဖြစ်သည်။

သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် hin ၏ လေးပုံတပုံကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။ (တောလည်ရာ ၁၅:၅ ULT)

သူတို့သည် စပျစ်ရည် hin အား ညီမျှသော အပိုင်းလေးပိုင်း ပိုင်း၍ ယင်းတို့မှ တစ်ခုနှင့် ညီမျှသော ဝိုင်အား ပြင်ဆင်ရန် စိတ်ကူးနေကြခြင်းဖြစ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များ

အကယ်၍ အပိုင်းဂဏန်းသည် သင်၏ ဘာသာစကားတွင် မှန်ကန်သော အဓိပ္ပါယ်အား ပေးပါက၊ ယင်းကို အသုံးပြုရန်စဥ်းစားပါ။ အကယ်၍ မဟုတ်ပါက၊ သင်သည် ဤနည်းနစ်များကို စဥ်းစားနိုင်ပါသည်။

(၁) အရာတစ်ခုအား ခွဲလိုက်သော အစိတ်အပိုင်းများ သို့မဟုတ် အဖွဲ့များ၏ နံပါတ်ကိုပြောပြ၍ ရည်ညွှန်းခြင်းခံထားရသော အစိတ်အပိုင်းများ သို့မဟုတ်အဖွဲ့များ၏နံပါတ်ကိုပြောပါ။

(၂) အလေးချိန် နှင့် အလျားအတွက် ကဲ့သို့ တိုင်းတာမှုများအတွက်၊ သင်လူ့များသိနိုင်သော ယူနစ် သို့မဟုတ် UST ထဲမှ ယူနစ်အား အသုံးပြုပါ။

(၃) တိုင်းတာမှုများအတွက်၊ သင်၏ ဘာသာစကားတွင် အသုံးပြုသော တစ်ခုအား အသုံးပြုပါ။ ယင်းအား ပြုလုပ်ရန်အတွက် သင်၏တိုင်းတာမှုသည် metric စနစ်အား မည်ကဲ့သို့ ဆက်နွယ်ပုံကိုသိရန်လိုအပ်ပြီး တိုင်းတာမှုတစ်ခုစီအား ရှာဖွေတွေ့ရှိရန်လိုအပ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်များအား အသုံးပြုထားသည့် ဥပမာများ

(၁) အရာတစ်ခုအား ခွဲလိုက်သော အစိတ်အပိုင်းများ သို့မဟုတ် အဖွဲ့များ၏ နံပါတ်ကိုပြောပြ၍ ရည်ညွှန်းခြင်းခံထားရသော အစိတ်အပိုင်းများ သို့မဟုတ်အဖွဲ့များ၏နံပါတ်ကိုပြောပါ။

ပင်လယ်သုံးစုတစုသည် ​​သွေးများဖြစ်၏။ (ဗျာဒိတ် ၈:၈ ULT)

ဤသည်မှာ သူတို့သည် ပင်လယ်အား အစိတ်အပိုင်းသုံးခု ပိုင်း၍ ပင်လယ်၏ တစ်ပိုင်းသည် သွေးများဖြစ်လာသည်နှင့် တူ၏။

ထို့နောက်သင်သည် နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ hin ၏ တစ်ဝက်ရောသော ဂျုံမှုန့် ephah ၏  ဆယ်ပုံ သုံးပုံပါသော မုန့်ညက် ၎င်း၊ ပြင်ဆင်ရမည်။ (တောလည်ရာ ၁၅:၉ UST)

… ထို့နောက် သင်သည် ဂျုံမှုန့် ephah အား ဆယ်ပိုင်းခွဲ၍ ဆီ hin အား နှစ်ပိုင်း ခွဲ ရမည်။ ထို့နောက် ဂျုံမှုန့် ထိုအပိုင်းများ၏ သုံးပိုင်းနှင့် ဆီ ထိုအပိုင်းများ၏ တစ်ပိုင်း အား ရောရမည်။ ထို့နောက် နွားနှင့်တကွ ဆန်မှုန့်အား ပြင်ဆင်ရမည်။

(၂) အလေးချိန် နှင့် အလျားအတွက် ကဲ့သို့ တိုင်းတာမှုများအတွက်၊ သင်လူ့များသိနိုင်သော ယူနစ် သို့မဟုတ် UST ထဲမှ ယူနစ်အား အသုံးပြုပါ။

Shekel ၏ သုံးပုံ နှစ်ပုံ ( ၁ ရာဇဝင် ၁၃:၂၁ ULT)

ငွေရှစ်ဂရမ် (၁ ရာဇဝင်၁၃:၂၁ULT)

… ဆီ hin ၏ တစ်ဝက်ရောသော ဂျုံမှုန့် ephah ၏  ဆယ်ပုံ သုံးပုံပါသော မုန့်ညက် (တောလည်ရာ ၁၅:၉ UST)

... ဂျုံမှုန် ခြောက်လီတာနှင့်တစ်ဝက်အား ဆီ နှစ်လီတာ ဖြင့်ရောထားသည်။(တောလည်ရာ၁၅:၉UST)

(၃) တိုင်းတာမှုများအတွက်၊ သင်၏ ဘာသာစကားတွင် အသုံးပြုသော တစ်ခုအား အသုံးပြုပါ။ ယင်းအား ပြုလုပ်ရန်အတွက် သင်၏တိုင်းတာမှုသည် metric စနစ်အား မည်ကဲ့သို့ ဆက်နွယ်ပုံကိုသိရန်လိုအပ်ပြီး တိုင်းတာမှုတစ်ခုစီအား ရှာဖွေတွေ့ရှိရန်လိုအပ်သည်။

… ဆီ hin ၏တစ်ဝက်ရောသော ဂျုံမှုန့် ephah ၏  ဆယ်ပုံသုံးပုံ ပါသော မုန့်ညက် (တောလည်ရာ ၁၅:၉ UST)

 ဂျုံမှုန့်၏ ခြောက်quarts နှင့် ဆီ နှစ်quarts တို့အားရောထားသည်။