DMS_GL_en_ta/translate/translate-alphabet/01.md

13 KiB

အက္ခရာဖန်တီးခြင်း

အကယ်၍၎င်းဘာသာစကားသည် ယခင်က ရေးသားခဲ့ခြင်းမရှိပါက သင်ရေးသားနိုင်ရန်အတွက် အက္ခရာများဖန်တီးရန်လိုအပ်ပါသည်။ အက္ခရာစာလုံးများဖန်တီးရာမှာ စဥ်းစားစရာများ အများအပြားရှိပြီး ကောင်းမွန်တဲ့ အက္ခရာစာလုံးများဖန်တီးမှုဟာ အလွန်ခက်ခဲပါသည်။ ၎င်းလုပ်ငန်းစဥ်သည် လုပ်ဆောင်ရန် အလွန်ခက်ခဲပါက သင့်အနေဖြင့် ရေးသားပြန်ဆိုခြင်းအစား အသံဘာသာပြန်ဆိုခြင်းကို ပြုလုပ်နိုင်ပါသည်။

ကောင်းမွန်တဲ့ အက္ခရာစာလုံးတစ်ခုရဲ့ ရည်ရွယ်ချက်သည် သင်၏ဘာသာစကားမှ အသံတစ်ခု ချင်းစီကို ကိုယ်စားပြုနိုင်စေရန်ပဲ ဖြစ်သည်။

အကယ်၍သင်ရဲ့ဘာသာစကားနှင့် အသံဆင်တူတဲ့ အိမ်နီးနားချင်းဘာသာစကားတစ်ခုမှာ အက္ခရာ စာလုံးများရှိပြီးဖြစ်နေပါက ၎င်းတို့မှ အက္ခရာစာလုံးများချီးငှား အသုံးပြုခြင်းဟာနည်းလမ်းကောင်းတစ်ခု ဖြစ်နေနိုင်ပါသည်။ အကယ်၍မရှိခဲ့လျှင် သင်ကျောင်းမှာသင်ကြားခဲ့ရသော သင်တို့၏ နိုင်ငံသုံးဘာသာစကားဆီမှ စကားလုံးများကို ချေးငှားရန်မှာ ဒုတိယအကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ နိုင်ငံသုံးဘာသာ စကားတွင် မရှိသည့်အသံမျိုး သင်၏ဘာသာစကားတွင် ရှိနေနိုင်သည့်အတွက် သင့်အနေနှင့် အက္ခရာစာလုံးများ သင့်ဘာသာစကား၏အသံအား ကိုယ်စားပြုနိုင်ရန်မှာ အလွန်ခက်ခဲပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သင့်အနေနှင့် သင့်ဘာသာစကားရှိ အသံထွက်တိုင်းကို စဥ်းစားခြင်းသည် ကောင်းမွန်သော နည်းလမ်းဖြစ်ပါသည်။ နိုင်ငံသုံးဘာသာစကားမှ အက္ခရာများကို အထက်မှအောက်သို့ စာရွတ်ပေါ်တွင် ချရေးပါ။ ပြီးနောက်သင်၏ ဘာသာ စကားမှ အသံတူသည် သို့မဟုတ် ၎င်းအသံပါသည့် စကားလုံးတစ်လုံးချင်းစီကို ၎င်းစာလုံး၏ဘေးတွင်ရေးပါ။ စာလုံးနှစ်လုံးတွင် တူညီသောအသံထွက်ရှိသည့် စာလုံးများကို မျဉ်းတားထားပါ။

နိုင်ငံသုံးဘာသာစကား၏ အက္ခရာများတွင် သင်၏ဘာသာစကား အသုံးမပြုရသည့် စာလုံးများရှိကောင်း ရှိနိုင်သည် သို့သော်၎င်းပြဿနာမဟုတ်ချေ။ ယခုသင်စာလုံးရှာမရသည့် အသံထွက်များ သို့မဟုတ် ၎င်းစကားလုံးများမှ ရေးသားရန်ခက်ခဲသော အသံထွက်များအကြောင်းတွေးတောကြည့်ပါ။ အကယ်၍ ၎င်းအသံထွက်က သင်စာလုံးရှာနိုင်သည့် အသံထွက်နှင့် ခပ်ဆင်ဆင်တူညီပါက သင့်အနေဖြင့် ၎င်းစာလုံးအား ပုံသဏ္ဍာန်ပြောင်းလဲကာ သုံးစွဲကောင်းသုံးစွဲနိုင်ပါလိမ့်မည်။ ဥပမာပြရမည်ဆိုပါက အကယ်၍ သင့်တွင် “s”  ဆိုတဲ့ စကားလုံးကို ကိုယ်ပြုသည့် အသံရှိပြီး ၎င်းအသံနှင့် ဆင်တူသည့် အသံတွင်စကားလုံး မရှိဟုဆိုပါစို့ ၎င်းအနေအထားတွင် သင့်အနေဖြင့် အက္ခရာနေရာ၌ အမှတ်အသားတစ်ခုခုထည့်ကာ ခပ်ဆင်ဆင်တူသည့် အသံထွက် အသုံးပြုခြင်း (*) နှင့် (^) စသည့် အမှတ်အသားသို့ စသည်ဖြင့် ၎င်းအက္ခရာပေါ်တွင် ထည့်သွင်း၍ အသုံပြုနိုင်သည်။ အကယ်၍သင့်အနေဖြင့် ၎င်းအထက်ဖော်ပြပါကဲ့သို့ တူညီသောအခြားနားချက်မျိုးရှိနေသည့် အသံထွက်များအား နိုင်ငံသုံးဘာသာစကားမှ အက္ခရာများကို ၎င်းကဲ့သို့ ပြောင်းလဲပြင်ဆင်ကာ (သို့) အဆင့်မြှင့်တင်ကာ သုံးစွဲခြင်းသည် ကောင်းမွန်သောနည်းလမ်း တစ်ခုဖြစ်ပေသည်။

သင့်အနေဖြင့် အထက်ဖော်ပြပါ လေ့ကျင့်ခန်းအားလုပ်ဆောင်ပြီးစီးမှ သင့်ဘာသာစကားတွင် တစ်ခြားအသံထွက်တစ်မှ မကျန်တော့သည့်အချိန်၌ ပုံပြင်တစ်ခု သို့မဟုတ် လက်တလောဖြစ်ပွားသည့် အကြောင်းအရာတစ်ခုကို ချပြီးရေးသားရန်ကြိုးစားကြည့်ပါ။ ထိုသို့ရေးသားရာတွင် အသင့်အနေနှင့် ရှေးကမတွေးမိခဲ့သည့် အသံထွက်များကို တွေးမိကောင်းတွေးမိပေလိမ့်မည်။ ၎င်းအသံထွက်များကို သင်ရှေးက ပြုလုပ်ခဲ့သော စာရင်းတွင် ပေါင်းထည့်လိုက်ပါ။

သင်ရဲ့ အသံထွက်စာရင်းကို သင်ရဲ့ဘာသာပြန်ဆိုသူ နိုင်ငံသုံးဘာသာစကားလည်း အသုံးပြုသူ လူတစ်ယောက်ဆီသို့ ယူဆောင်ပြသကာ ၎င်းမည်သို့ထင်မည်သနည်းကို ကြည့်ရူလေ့လာပါ။ ၎င်းတို့က သင့်ကိုပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့စာလုံး (အက္ခရာ)များကို တစ်ချို့စာလုံးများတွင် ပြောင်းလဲအသုံးပြုနိုင်ရန် ကူညီနိုင်ကောင်း နိုင်ပေလိမ့်မည်။ ပြီးနောက် ၎င်းပုဂ္ဂိုလ်များအား သင်ရေးသားထာသည့် ပုံပြင် (ဇာတ်လမ်း)အားပြသပြီး ၎င်းပုဂ္ဂိုလ်တို့ဖတ်ရူနိုင်စေရန် သင်၏စကားလုံးစာရင်းနှင့် အက္ခရာများကို ပြသကြည့်ရူစေပါ။ အကယ်၍၎င်းတို့ အနေဖြင့် အလွယ်တကူဖတ်ရူနိုင်ပါက သင်ရဲ့ အက္ခရာများဟာကောင်းမွန်သည်ဟုဆိုနိုင်သည်။ အကယ်၍ ခက်ခဲနေပါက သင့်ရဲ့ အက္ခရာများထဲမှ တစ်ချို့သည်ပိုမိုရှင်းလင်းအောင် ပြုလုပ်ရန် သို့မဟုတ် တူညီသောအက္ခရာတစ်ခုမှ ကိုယ်စားပြုသည့် မတူသည့်အသံထွက်များရှိနေခြင်း (သို့) စာလုံး (အက္ခရာ)များရှာရန် လိုအပ်နေသည့် အသံထွက်များရှိနေသေးခြင်းတို့ကြောင့်ဖြစ်ပါသည်။

ကောင်းမွန်တဲ့ နိုင်ငံသုံးဘာသာစကားဖတ်ရူသူ (အသုံးပြုနိုင်စွမ်းရှိသူ) သင်ရဲ့ဘာသာစကား အသုံးပြုသူများနှင့်အတူ အက္ခရာလုပ်ငန်းကို ဆောင်ရွတ်ခြင်းဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။ သင်တို့အနေဖြင့် မတူညီသောအသံများကို ဆွေးနွေးနိုင်ကြပြီး ၎င်းအသံထွက်များကို ကိုယ်စားပြုနိုင်သည့် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ရှာဖွေနိုင်ကြပေသည်။

အကယ်၍ နိုင်ငံသုံးဘာသာစကားသည် ရောမအက္ခရာမှအပ တစ်ခြားသောစာရေးသားရေးစနစ်များကို အသုံးပြုသည်ဆိုပါက သင့်အနေဖြင့် သင့်ဘာသာစကား၏အသံကို ကိုယ်စားပြုနိုင်မည့် သင်္ကေတများကို စာလုံးများကို အဆင့်မြှင့်တင် အသုံးပြုရာ၌ အသုံးပြုရန် အတွက် စဥ်းစားရန်လိုအပ်ပါသည်။ သင့်ကွန်ပျူတာပေါ်တွင် အသုံးပြုနိုင်သော အမှတ်သင်္ကေတများကို အသုံးပြုနိုင်ပါက အကောင်းဆုံးဖြစ်သည်။ သင့်အနေဖြင့် စာရေးသားခြင်းစနစ်များကို သုံး၍ စမ်းသပ်ချက်ပြုလုပ်နိုင်ပါသည်။ word processor အား အကယ်၍သင့်အနေဖြင့် keyboard ဖန်တီးရန်အကူအညီလိုအပ်ပါက help@door43.org သို့ email ပို့၍ အကူအညီတောင်းနိုင်ပါသည်။ သင့်အနေဖြင့် ကွန်ပျူတာ keyboard ဖြင့်ရိုက်နိုင်သည့် အမှတ်အသားများဖန်တီးနိုင်ပါက သင်ရဲ့ ဘသာပြန်ဆိုမှုကို နည်းပညာသုံး၍ သိမ်းဆည်းနိုင်၊ ပွားများနိုင်ခြင်းနှင့် ဖြန့်ချီနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ပြီးနောက် လူအများအနေဖြင့် ၎င်းပြန်ဆိုမှုကို Tablets သို့မဟုတ် Cell phone တွင် အခမဲ့ ဖတ်ရူနိုင်ပါသည်။