DMS_GL_en_ta/translate/grammar-connect-exceptions/01.md

11 KiB

###ထူးခြားသော ဆက်နွယ်မှု

####အဓိပ္ပါယ်ဖွင့်ဆိုချက်

ထူးခြားသော ဆက်နွယ်မှု ဆက်စပ်ပေးသည့် အရာများသည် အရာတစ်ခု(များ) သို့မဟုတ် လူတစ်​ယောက်(များ) အား အစုအဝေးမှ ဖယ်ထုတ်ပေးသည်။

####ဘာသာပြန်ခြင်းကိစ္စဖြစ်ရသည့် အကြောင်းပြချက်

အင်္ဂလိပ်စာတွင် ထူးခြားသော ဆက်နွယ်မှုများအား ပထမဦးစွာ အစုအဝေးအားဖော်ပြခြင်း(အပိုင်း1)  ဖြင့် ညွှန်ပြပြီး ထို့နောက်တွင် အစုအဝေးထဲတွင် မပါဝင်သော အရာများ "မှတစ်ပါး” ၊ “ သို့သော်လည်း မဟုတ်” ၊ “ မှလွဲ၍”၊ “ထို့ပြင်”၊ “ခဲ့လျင်” ၊ “မည်သို့ပင်ဆိုစေကာမူ.. မဟုတ်ချေ” နှင့် “သာလျှင်” ကဲ့သို့သော စကားလုံးများအား ဖော်ပြခြင်း(အပိုင်း2)ဖြင့် ညွှန်ပြသည်။ အချို့ဘာသာစကားတို့သည် အစုအဝေးမှ ဖယ်ထုတ်ခြင်းခံရသော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရာများ သို့မဟုတ် လူများအား ထိုနည်းလမ်းဖြင့် ညွှန်ပြမရှိသော်လည်း ဤအရာအား ပြုလုပ်ရန် အခြားနည်းလမ်းများ ရှိကြသည်။ အချို့ဘာသာစကားများတွင် ဤ တည်ဆောက်ပုံ အမျိုးအစားသည်  အပိုင်း 2 တွင်ပါဝင်သော ခြွင်းချက်သည် အပိုင်း 1 မှဝါကျအား သွေဖယ်နေပုံ ပေါ်သောကြောင့် အဓိပ္ပါယ် မရှိချေ။ ဘာသာပြန်သူများသည် အစုအဝေးထဲတွင် မည်သူ(သို့မဟုတ် မည်သည့်အရာ) ပါဝင်သည်ကို နားလည်ရန်လိုအပ်ပြီး သူတို့၏ဘာသာစကားတွင်ယင်းတို့အား မှန်ကန်စွာ ဆက်သွယ်နိုင်ရန် မည်သူ(သို့မဟုတ် မည်သည့်အရာ)အား ဖယ်ထုတ်ထားသည်ကို နားလည်ရန်လိုအပ်သည်။

####OBS နှင့်သမ္မကျမ်းစာမှ ဥပမာများ

ဘုရားသခင်က အာဒံ အား ကောင်းခြင်းနှင့်ဆိုးခြင်း အသိဉာဏ်ရှိသော သစ်ပင်မှ လွဲ၍ ဥယျာဥ်ထဲရှိ  မည်သည့် သစ်ပင် ကို မဆို စားနိုင်သည်ဟု ဆို၏။ ( OBS Story 1 Frame 11)

အကယ် ၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။(ရုသ 4:4 ULT)

ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှတပါးလူတယောက်မှ မလွတ်။(ဓမ္မရာဇဝင်ပထမစောင် 30:17 ULT)

ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်သွားရဟုဆို၏။( ကမ္ဘာဦးကျမ်း 32:26 ULT)

####ဘာသာပြန်ခြင်းနည်းစနစ်များ(ဥပဒေသများ)

အကယ်၍ ထူးခြားသော ဝါကျပိုင်းများအား မူရင်းဘာသာစကားတွင် အမှတ်အသားပြုထားသည့် ပုံသည် သင်၏ ဘာသာစကား တွင်လည်းရှင်းလင်းပါက၊ ထူးခြားသော ဝါကျပိုင်းများအား တူညီသော နည်းလမ်းဖြင့် ဘာသာပြန်ပါ။

(1) အလွန် မကြာခဏပင် အပိုင်း 2 မှခြွင်းချက်သည် အပိုင်း1 တွင် ငြင်းဆိုခြင်း ခံထားရသော တစ်စုံတစ်ခုအား ဆန့်ကျင်နေတတ်သည်။ ဤကိစ္စတွင်၊ ဘာသာပြန်သူသည် ငြင်းဆိုခြင်းအား ပယ်ဖျက်ပြီး “သာလျှင်” ဟူသော စကားလုံး အသုံးပြု၍ ဆန့်ကျင်ခြင်းမပါပဲ တူညီသော အကြံဉာဏ်အား ပုဒ်စုဖွဲ့နိုင်သည်။

(2) ဝါကျပိုင်းများ၏ အစီစဥ်အား ပြောင်းပြန်ထားပါ၊ ထိုမှသာ ခြွင်းချက်သည် ပထမဦးစွာ ဖော်ပြခြင်း ခံရပြီး၊ ပို၍ကြီးသော အစုအဝေးသည် နောက်မှ အမည်ပေးခြင်းခံရမည်ဖြစ်သည်။

ဘာသာပြန်ခြင်းနည်းစနစ်အား အသုံးပြုထားသည့် ဥပမာများ

(1) အလွန် မကြာခဏပင် အပိုင်း 2 မှခြွင်းချက်သည် အပိုင်း1 တွင် ငြင်းဆိုခြင်း ခံထားရသော တစ်စုံတစ်ခုအား ဆန့်ကျင်နေတတ်သည်။ ဤကိစ္စတွင်၊ ဘာသာပြန်သူသည် ငြင်းဆိုခြင်းအား ပယ်ဖျက်ပြီး “သာလျှင်” ဟူသော စကားလုံး အသုံးပြု၍ ဆန့်ကျင်ခြင်းမပါပဲ တူညီသော အကြံဉာဏ်အား ပုဒ်စုဖွဲ့နိုင်သည်။

ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော **လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်**။(ဓမ္မရာဇဝင်ပထမစောင် 30:17 ULT)

  • အပိုင်း1: (လူတစ်ယောက် မှ မလွတ်)
  • အပိုင်း2: ( လုလင်လေးရာ မှတစ်ပါး)

ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာ သာလျှင် လွတ်၏။

အကယ်၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။(ရုသ 4:4 ULT)

အကယ်၍ သင်သည် မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်သည် ရွေးရန် ပထမဆုံး လူ ဖြစ်သည်။ [သင်သာလျှင် ရွေးနိုင်၏။] သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆို၏။

ထိုသူကလည်း၊ "ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ" ဟုဆိုလျှင်၊ ယာကုပ်က၊ "ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်သွားရ" ဟုဆို၏။( ကမ္ဘာဦးကျမ်း 32:26 ULT)

ထိုသူကလည်း၊ "ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ" ဟုဆိုလျှင်၊ ယာကုပ်က၊ "ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးပေး မှသာလျှင် သွားရမည်" ဟုဆို၏။

(2)ဝါကျပိုင်းများ၏ အစီစဥ်အား ပြောင်းပြန်ထားပါ၊ ထိုမှသာ ခြွင်းချက်သည် ပထမဦးစွာ ဖော်ပြခြင်း ခံရပြီး၊ ပို၍ကြီးသော အစုအဝေးသည် နောက်မှ အမည်ပေးခြင်းခံရမည်ဖြစ်သည်။

ဘုရားသခင်က အာဒံ အား ကောင်းခြင်းနှင့်ဆိုးခြင်း အသိဉာဏ်ရှိသော သစ်ပင်မှ လွဲ၍ ဥယျာဥ် ထဲရှိမည်သည့် သစ်ပင် ကို မဆို စားနိုင်သည်ဟု ဆို၏။ ( OBS Story 1 Frame 11)

ဘုရားသခင်က အာဒံအား ကောင်းခြင်းနှင့်ဆိုးခြင်းအသိဉာဏ်ရှိသောသစ်ပင်ကို စားခွင့်မရှိ သော်လည်း ဥယျာဥ်ထဲတွင်ရှိသော အခြားမည်သည့်အပင်ကိုမဆို စားနိုင်သည်ဟုဆို၏။