DMS_GL_en_ta/translate/grammar-connect-condition-fact/01.md

13 KiB

##အခြေအနေအရ ဆက်နွယ်မှုများ

အခြေအနေအရ ချိတ်ဆက်ပေးသော အရာများသည် ဝါကျပိုင်းနှစ်ခုအား ယင်းတို့ထဲမှ တစ်ခုသည် အခြားတစ်ခုဖြစ်ပေါ်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ညွှန်ပြရန် ချိတ်ဆက်ပေးသည်။ အင်္ဂလိပ်စာတွင် အခြေအနေအရ ဝါကျပိုင်းများအား ချိတ်ဆက်ရန် အသုံးများ သော နည်းလမ်းမှာ “ အကယ်၍…. နောက်” ဟူသော စကားလုံးဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် မည်သို့ပင်ဖြစ်စေ “နောက်” ဟူသော စကားလုံးသည် မတည်ရှိပါ။

###အဖြစ်မှန် အခြေအနေ

####အဓိပ္ပါယ်ဖွင့်ဆိုချက်

အဖြစ်မှန် အခြေအနေ ဆိုသည်မှာ စိတ်ကူးယဥ်ဆန်သည်ဟု ထင်ရသော်လည်း ပြောဆိုသူ၏ စိတ်ထဲတွင် သေချာပြီးသော သို့မဟုတ် မှန်ကန်ပြီးသော အခြေအနေဖြစ်သည်။   အင်္ဂလိပ်စာတွင် အဖြစ်မှန်အခြေအနေသည် “သော်လည်း” ၊ “ကတည်းက” သို့မဟုတ် “ ဤအကြောင်းမှာ” ဟူသော စကားလုံးများအား ဤအရာသည် အဖြစ်မှန်အခြေအနေ ဖြစ်ကြောင်းနှင့် စိတ်ကူးယဥ်အခြေအနေမဟုတ်ကြောင်း ညွှန်ပြရန် အသုံးပြုနိုင်သည်။

####ဘာသာပြန်ရာ၌အခက်အခဲဖြစ်ရခြင်းအကြောင်းအရင်း

အချို့ဘာသာစကားများတွင် တစ်စုံတစ်ခုအား အကယ်၍ မသေချာပါက သို့မဟုတ် မမှန်ကန်ပါက ယင်းအား အခြေအနေ အနေဖြင့် ဖော်ပြခြင်းမရှိပါ။ ယင်း ဘာသာစကားများမှ ဘာသာပြန်သူ များသည် မူရင်းဘာသာစကား များအား နားလည်မှုလွဲနိုင်ပြီး အခြေအနေအား မသေချာ ဟု ထင်နိုင်သည်။ ယင်းသည် သူတို့၏ ဘာသာပြန်မှုတွင် အမှားများပါဝင်စေနိုင်သည်။ အကယ်၍ ဘာသာပြန်သူသည် အခြေအနေများအား သေချာသည် သို့မဟုတ် မှန်ကန်သည်ဟု နားလည်ပါသော်လည်း၊ စာဖတ်သူများ နားလည်မှုလွဲနိုင်သည်။ ဤကိစ္စတွင်၊ ယင်းအား အခြေအနေအရ စာကြောင်းထက် အချက်အလက်၏ ဝါကျအနေဖြင့်ဘာသာပြန်ခြင်းသည် အကောင်းမွန်ဆုံး ဖြစ်သည်။

####OBS နှင့် သမ္မာကျမ်းစာမှဥပမာများ

"အကယ်၍ ထာဝရဘုရားရှင်သည် ဘုရားရှင်ဖြစ်ပါက သူ့အား ရှိခိုးပါ။"(Story 19 Frame 6 OBS)

ဧလိယသည် လူများရှိရာသို့ လာ၍၊ "သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားရှင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားရှင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့" ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။”(ဓမ္မရာဇဝင်တတိယကျမ်း 18:21)

ဤစာကြောင်းသည် စိတ်ကူးယဥ်အခြေအနေကဲ့သို့ တူညီသော တည်ဆောက်ပုံရှိသည်။ “အကယ်၍ ထာဝရဘုရားရှင် သည် ဘုရားရှင် ဖြစ်ပါက“ ဟူသည်မှာ အခြေအနေဖြစ်သည်။ အကယ်၍ ယင်းသည် မှန်ကန်ပါက၊ ဣသရေလ များသည်ထာဝရဘုရားရှင် အား ရှိခိုးသင့်သည်။ သို့သော် ​ရှေ့ဖြစ်ဟောသူ ဧလိယသည် ထာဝရဘုရားရှင် ဘုရားဖြစ်ခြင်း မဖြစ်ခြင်းနှင့် ပတ်သတ်၍ မေးခွန်းထုတ်ခြင်း မရှိချေ။ အချက်အလက်အရ၊ သူသည် ထာဝရဘုရားရှင် ဘုရားဖြစ်ခြင်းနှင့် ပတ်သတ်၍ သေချာနေပြီး ထို့နောက် စာပိုဒ်တွင် သူ၏ယဇ်ပူဇော်ခြင်းတွင် ရေများအားလုံး လောင်းချခဲ့သည်။ သူသည် ဘုရားရှင်သည် စစ်မှန်ကြောင်းနှင့် လုံးဝစိုစွတ်နေသော အရာအားလုံးအား သူသည် လောင်ကျွမ်းပြာကျ စေမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိလေ၏။ ထပ်ခါ ထပ်ခါပင် ​ရှေ့ဖြစ်ဟောသူ သည် ထာဝရဘုရားရှင် သည် ဘုရားဖြစ်ကြောင်း လူတို့ရှိခိုးစေရန် သင်ကြားပေးခဲ့သည်။ သူသည် ဘုရား ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ လူတို့သည် ထာဝရဘုရားရှင်အား မရှိခိုးခဲ့ပါ။ အဖြစ်မှန်အခြေအနေ၏ ပုံစံအား ဝါကျသို့မဟုတ် ညွှန်ကြားချက် အနေဖြင့်ပြောင်းလဲ ခြင်းဖြင့် ၊ ဧလိယသည် ဣသရေလ များအား သူတို့လုပ်သင့်သည်ကို ပို၍ ရှင်းလင်းစွာ နားလည်လာရန် ကြိုးစားနေခြင်းဖြစ်သည်။

"သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ အကယ်၍  ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ အကယ်၍ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်း" ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။(မာလခိ 1:6 ULT)

ထာဝရဘုရားရှင် သည် သူသည် Israel ၏ အဘနှင့်သခင် ဖြစ်သည်ဟုပြောခဲ့ပြီး ဤအရာသည် “ အကယ်၍ ဟူသော စကားလုံးဖြင့် စသောကြောင့် စိတ်ကူးယဥ်အခြေအနေဟု ထင်ရသော်လည်း မဟုတ်ပါ။ ဤ အပိုဒ်သည် သားသည် သူ၏အဘကို ရိုသေ၏ ဟူသော စကားပုံဖြင့် စတင်သည်။ ဤအရာသည် မှန်ကန်ကြောင်း လူအားလုံး သိ၏။ သို့သော်လည်း ဣသရေလ များသည် ထာဝရဘုရားရှင် အားမရှိသောကြောင့် သူ၏ သူတို့၏ သခင် မဟုတ်ဟုထင်ရသည်။ သို့သော် ထာဝရဘုရားရှင် သည်သခင်ဖြစ်၏။ ထာဝရဘုရားရှင် သည် စိတ်ကူးယဥ်အခြေအနေ၏ ပုံစံအား ဣသရေလ များအား သူတို့မှားနေသည်ကို ပြသရန် အသုံးပြုသည်။ အခြေအနေအရဝါကျသည် မှန်ကန်သော်လည်း အခြေအနေ၏ ဒုတိယအပိုင်းသည် သဘာဝကျစွာ ဖြစ်ပေါ်လာခြင်း မရှိပါ။

####ဘာသာပြန်ခြင်း နည်းစနစ်များ(ဥပဒေသများ)

အကယ်၍ စိတ်ကူးယဥ်အခြေအနေ၏ ပုံစံအား အသုံးပြုခြင်းသည် ရှုပ်ထွေးခြင်း သို့မဟုတ် ပြောဆိုသူသည် ပထမပိုင်းတွင် သူပြောသောအရာများအား သံသယရှိသည်ဟု စာဖတ်သူများအား ထင်စေပါက၊ ကြေညာချက်အား အသုံးပြုပါ။ “ကတည်းက” သို့မဟုတ် “သိပါသလား” သို့မဟုတ် “မှန်ကန်ပါသလား” ဟူသော စကားလုံးများသည် အဓိပ္ပါယ်အား ရှင်းလင်းအောင် လုပ်ရာတွင် ကူညီပေးနိုင်သည်။

ဘာသာပြန်ခြင်းနည်းစနစ်အား အသုံးပြုထား   သည့် ဥပမာများ

"အကယ်၍ ထာဝရဘုရားရှင် သည် ဘုရားရှင်ဖြစ်ပါက၊ သူ့အားရှိခိုးပါ။" ( Story 19 Frame 6 OBS)

"ထာဝရဘုရားရှင် သည် ဘုရားရှင်ဖြစ်သည်မှာ မှန်ကန်ပါသည် ထို့ကြောင့် သူ့အား ရှိခိုးပါ။"

"သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။အကယ်၍  ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ အကယ်၍  သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်း" ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။(မာလခိ 1:6 ULT)

"သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။  ငါသည် အဘဖြစ် ကတည်းက ၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်ဖြစ် ကတည်းက  အဘယ်သူ ကြောက်ရွံ့သနည်း" ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။