my_tn/2ti/04/09.md

2.4 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏အပေါ်တွင်လည်းကောင်း၊ လူအချို့၏ အပြုအမူကိုပြောခြင်းဖြစ်သည်။ ထို့နောက် လူအချို့၏ နှုတ်ဆက်စကားများနှင့် အဆုံးသတ်ခဲ့သည်။

မြန်မြန်လာ

"ဖြစ်နိုင်သမျှ အမြန်ဆုံး"

ဒေမ...... ကရက္ကေ..... တိတု

ဤအရာသည် အမျိုးသားများ၏ အမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ယခုဘဝကို

ဤနေရာတွင် "ဘဝ"သည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော လောကအရာများကို ဆိုလိုသည်။ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) "သူသည် ဤဘဝ၏ယာယီ စိတ်ချမ်းသာမှုကို သာနှစ်သက်သည်။" သို့မဟုတ် (၂) " အကယ်၍ သူသည် ရှင်ပေါလုနှင့်ဆက်၍ နေလျှင် သူသေမည်ကို စိုးရိမ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။

ထိုသူနှစ်ယောက်တို့သည် ရှင်ပေါလုကို ထားရစ်ခဲ့သည်၊ သို့သော် ရှင်ပေါလုက သူတို့သည် ဒေမကဲ့သို့ ဤဘဝကို ချစ်သည်ဟု ပြောဆိုခြင်းမရှိပေ။

ဒါလမာတိပြည်

ဤအရာသည် ကုန်းတွင်းပိုင်းနေရာ တစ်ခု၏ အမည်ဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/translate-names)