# ရှိလောမြို့သား အဟိယ "ရှိလောမြို့ မှ အဟိယ" # ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း ၁၄:၉ တွင် ထာဝရဘုရားသည် သူ၏ ပရောဖက်ဖြစ်သော အဟိယအားဖြင့် စကားမိန့်တော်မူပြီး ယေရောဗောင်သည် သူ၏မိသားစုကို ဖျက်ဆီးမည်အကြောင်း ပြောကြားခဲ့သည်။ # ယေရောဗောင်အမျိုး ယေရောဗောင်သည် ရှင်ဘုရင် နာဒဒ်၏ ဖခင်ဖြစ်သည်။ # အမျိုးကို "ယေရောဗောင်၏ တော်ဝင်မျိုးနွယ်" # အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား အသက်ရှူခြင်းသည် ဤနေရာတွင် အသက်ရှင်ခြင်းကို ရည်ရွယ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယေရောဗောင်၏ မျိုးဆက်တစ်ယောက်ကိုမျှ အရှင်မထားပါ" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား ဤဝါကျနှစ်မျိုးလုံး၏ အဓိပ္ပာယ်သည် အတူတူပင်ဖြစ်သည်။ သူ၏ မျိုးဆက်များ အသတ်ခံရခြင်းနှင့် ပတ်သက်၍ အထူးပြုလိုသောကြောင့် အတူပေါင်းရေးထားခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-parallelism]]) # ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့် "အပြစ်" ဟူသော စိတ္တဇနာမ်ကို "အပြစ်ပြုသည်" ဆိုသော ကြိယာအနေဖြင့်လည်း လှဲလှယ်အသုံးပြုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယေရောဗောင်သည် အပြစ်ပြု၍ ဣသရေလများကိုလည်း ထိုနည်းတူ အပြစ်ပြုရန် သွေးဆောင်သည်" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]]) # ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့် တစ်စုံတစ်ခု ပြုလုပ်ရန် ဉီးဆောင်သည်ဆိုရာတွင် ထိုသူများအပေါ် ဩဇာလွှမ်းမိုးသက်ရောက်သည်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဣသရေလများ အပြစ်ပြုရန် သွေးဆောင်လွှမ်းမိုးသည်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])