my_juds/34-NAM.usfm

86 lines
20 KiB
Plaintext

\id NAM Nahum
\ide UTF-8
\h နာဟုံအနာဂတ္တိကျမ်း
\toc1 နာဟုံအနာဂတ္တိကျမ်း
\toc2 Nahum
\toc3 nam
\mt1 နာဟုံအနာဂတ္တိကျမ်း
\s5
\c 1
\p
\v 1 ဧလကောရှရွာသား နာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊
\s5
\v 2 အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။
\v 3 ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုး လည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူ တို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေ ဘွေ၌၎င်း၊ မိုဃ်းသက်မုန်တိုင်း၌၎င်း ကြွတော်မူ၍၊ မိုဃ်း တိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။
\s5
\v 4 ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
\v 5 ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ် လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီး နှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။
\s5
\v 6 အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချ တော်မူ၏။
\s5
\v 7 ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ၏။
\v 8 ရန်သူနေရာကို လွှမ်းမိုးသော မြစ်ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။
\s5
\v 9 ထာဝရဘုရားတဘက်၌ အဘယ်သို့ ကြံစည်ကြ သနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။
\v 10 သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ် လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့် မည်။
\v 11 ထာဝရဘုရားတဘက်၌ မကောင်းသော အကြံ ကို ကြံစည်သောအဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။
\s5
\v 12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ။
\v 13 ယခုမှာ သင်၌ သူတင်သော ထမ်းဘိုးကို ငါချိုး ပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။
\s5
\v 14 သင်၏အမှု၌ ထာဝရဘုရားစီရင်တော်မူသည် ကား၊ သင်၏အမျိုးမဆက်မနွှယ်ရ။ ထုသော ရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏ သင်္ချိုင်းကို ငါလုပ်မည်။
\s5
\v 15 ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသိတင်း စကားကို ကြားပြောသော သူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အိုယုဒအမျိုး၊ သင်၏ဓမ္မပွဲကို ခံလော့။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တဖန်သင့်ကို မကျော်မနင်းရ။
\s5
\c 2
\v 1 ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့် လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။
\v 2 အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသ ရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
\s5
\v 3 သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
\v 4 ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
\s5
\v 5 စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
\s5
\v 6 မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
\v 7 အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
\s5
\v 8 ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။
\v 9 ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
\v 10 မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။
\s5
\v 11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
\v 12 ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ်၏။
\s5
\v 13 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင်၏ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည်။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ။
\s5
\c 3
\v 1 လူအသက်ကို သတ်တတ်သော မြို့၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဘမ်းမိသောအရာကို မလွှတ်တတ်။
\v 2 နှင်တံနှင့်ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။
\s5
\v 3 မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။
\v 4 အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊
\s5
\v 5 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။
\v 6 သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတပါး တို့ကြည့်စရာထားမည်။
\v 7 သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။
\s5
\v 8 သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း။
\v 9 အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ၏ လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။
\s5
\v 10 သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။
\v 11 သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။
\s5
\v 12 သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပစပ်ထဲသို့ ကျလိမ့်မည်။
\v 13 သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။
\s5
\v 14 ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွံ့ထဲသို့ ဝင်၍ အုတ် မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။
\v 15 ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။
\s5
\v 16 မိုဃ်းကောင်းကင်ကြယ်များသည်ထက်၊ သင်၏ ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။
\v 17 သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့၎င်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့၎င်းဖြစ်၍၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ၏။ နေထွက်သော အခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။
\s5
\v 18-19 အိုအာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။ သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။