my_juds/28-HOS.usfm

335 lines
83 KiB
Plaintext

\id HOS Hosea
\ide UTF-8
\h ဟောရှေအနာဂတ္တိကျမ်း
\toc1 ဟောရှေအနာဂတ္တိကျမ်း
\toc2 Hosea
\toc3 hos
\mt1 ဟောရှေအနာဂတ္တိကျမ်း
\s5
\c 1
\p
\v 1 ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
\v 2 သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်း မူကား၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း၊
\s5
\v 3 ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဘွားမြင်လေ၏။
\v 4 ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံ ကို ဆုံးစေမည်။
\v 5 ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။
\s5
\v 6 တဖန်ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
\v 7 ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာ တွင် လေး၊ ထား၊ စစ်တိုက်၊ လက်နက်၊ မြင်း၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။
\s5
\v 8 လောရုဟာမာကို နို့ခွါသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဘွားမြင်လေ၏။
\v 9 ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည် လည်း သင်တို့၏ ဘုရားသခင်မဟုတ်။
\s5
\v 10 သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
\v 11 ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းတော်၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြ လိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
\s5
\c 2
\v 1 သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
\s5
\v 2 သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
\v 3 မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
\s5
\v 4 သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
\v 5 သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
\s5
\v 6 သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
\v 7 သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
\s5
\v 8 ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
\v 9 သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
\s5
\v 10 ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
\v 11 သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
\s5
\v 12 ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
\v 13 ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
\s5
\v 14 သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
\v 15 တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
\s5
\v 16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
\v 17 အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
\s5
\v 18 ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
\s5
\v 19 ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
\v 20 သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
\s5
\v 21 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
\v 22 မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
\s5
\v 23 ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။
\s5
\c 3
\v 1 တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော်၍၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊
\v 2 ထိုမိန်းမကို ငွေတဆယ်ငါးကျပ်၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ၊
\v 3 သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။
\s5
\v 4 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့ သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ် ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရကြလိမ့်မည်။
\v 5 ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်း ရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။
\s5
\c 4
\v 1 အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
\v 2 ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
\s5
\v 3 ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။
\s5
\v 4 သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ၏။
\v 5 ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညဉ့်အချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
\s5
\v 6 ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့်၊ သင်၏ သားသမီးတို့ကို ငါ့မေ့လျော့မည်။
\v 7 သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ ဘုန်းကို ငါအရှက်ကွဲ စေမည်။
\s5
\v 8 ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။
\v 9 ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။
\s5
\v 10 သူတို့သည် စား၍မဝရကြ။ မတရားသော မေထုန်ကိုပြု၍ သားသမီးကို မဘွားမြင်ရကြ။
\s5
\v 11 အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး၊ စေတတ် သော ကာမဂုဏ်၌ ပျောမွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ။
\v 12 ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။
\s5
\v 13 တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ၎င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနော ပင် အောက်မှာ၎င်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
\v 14 သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ၏။ သို့ဖြစ်၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
\s5
\v 15 အိုဣသရေလအမျိုး၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့်။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
\v 16 ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
\s5
\v 17 ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
\v 18 သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ။
\v 19 လေသည် မိမိ အတောင်တို့နှင့်တိုက်၍ ပါသွားမည်။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည်။
\s5
\c 5
\v 1 အို ယဇ်ပုရောဟိတ် တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော် သားတို့၊ နားထောင်ကြလော့။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ။
\v 2 ယဇ်ကောင် တို့ကိုသတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ၏။ ထိုကြောင့်၊ ငါသည် ထိုသူအပေါင်းတို့၌ အပြစ်ဒဏ် ပေးမည်။
\s5
\v 3 ဧဖရိမ်ကို ငါသိ၏။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင်၍ မနေနိုင်။ ယခုပင် အိုဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
\v 4 သူတို့သည်ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့် ထံတော်သို့ပြန်၍ မလာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကိုမသိကြ။
\s5
\v 5 ဣသရေလအမျိုး၏ မာနသည်သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ်၌လဲ၍၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည်။
\v 6 သိုးစု နွားစု ပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။
\v 7 သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။
\s5
\v 8 ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။
\v 9 ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ၏။
\s5
\v 10 ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။
\v 11 ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ၏။ တရား စီရင်ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။
\s5
\v 12 ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည်။
\v 13 ဧဖရိမ်သည် မိမိအပေါက်တို့ကို၎င်း၊ ယုဒသည် မိမိအနာကို၎င်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။
\s5
\v 14 အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနှုတ်ရ။
\v 15 သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည်။
\s5
\c 6
\v 1 လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။
\v 2 နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
\v 3 ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
\s5
\v 4 အိုဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့၎င်းဖြစ်၏။
\v 5 ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ။
\s5
\v 6 ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။
\v 7 သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
\s5
\v 8 ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
\v 9 ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း၍ ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက် ကို သတ်တတ်ကြ၏။
\s5
\v 10 အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်း တတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
\v 11 ထိုမှ တပါး အိုယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။
\s5
\c 7
\v 1 ဣသရေလ၏အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ၏။
\v 2 သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
\s5
\v 3 ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို၎င်း၊ မုသာစကားအားဖြင့် မင်းများကို၎င်း ဝမ်းမြောက်စေ ကြ၏။
\v 4 ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
\v 5 ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ်၏။
\s5
\v 6 အကယ်စင်စစ် သူတို့သည် ချောင်း၍ ကြည့် လျက်၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ၏။
\v 7 ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။
\s5
\v 8 ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သော မုန့်ပြား ဖြစ်၏။
\v 9 သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ၏ ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။
\s5
\v 10 ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
\v 11 ဧဖရိမ်သည် ဥာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။
\s5
\v 12 သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။
\v 13 သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။
\s5
\v 14 သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
\v 15 ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။
\s5
\v 16 အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။
\s5
\c 8
\v 1 တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
\v 2 သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
\v 3 ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
\s5
\v 4 သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
\v 5 အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
\s5
\v 6 ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။
\v 7 လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။
\s5
\v 8 ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည်။
\v 9 အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။
\v 10 တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
\s5
\v 11 ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏ အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
\v 12 ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။
\s5
\v 13 ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။
\v 14 ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။
\s5
\c 9
\v 1 အိုဣသရေလအမျိုး၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ၍မခုန်နှင့်။ ကိုယ်ဘုရား သခင်၌ မဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ် သက်တတ်၏။
\v 2 ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မြော်လင့်သည်အတိုင်း မထွက် ရ။
\s5
\v 3 ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား၏ မြေ တော်၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိ ပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။
\v 4 စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား ၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။
\s5
\v 5 ဓမ္မပွဲနေ့၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။
\v 6 ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ။ အဲဂုတ္တုပြည်၌စု၍ မင်ဖိမြို့၌ သင်္ဂြိုဟ်ကြလိမ့်မည်။ ငွေ တန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုး တို့သည် လွှမ်းမိုးကြလိမ့်မည်။
\s5
\v 7 စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ် ပေးရသောအချိန်ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆု ကျေးဇူးကို ခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ် ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။
\s5
\v 8 ဧဖရိမ်ကင်းစောင့်သည် မိမိဘုရား ဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသော သူဖြစ်၏။
\v 9 ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။
\s5
\v 10 တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား၍၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ၏။
\s5
\v 11 ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဘွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။
\v 12 သားသမီးတို့ကို ကျွေးမွေးသော်လည်း၊ တယောက်ကိုမျှ မကျန်စေခြင်းငှါ ငါလုယူမည်။ အကယ် ၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည်။
\s5
\v 13 ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက် သို့ အပ်ရလိမ့်မည်။
\v 14 အိုထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ် သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။
\s5
\v 15 ဂိလဂါလမြို့၌ သူတို့ပြုသမျှသော ဒုစရိုက်ရှိ၍၊ ထိုအရပ်၌ သူတို့ကို ငါမုန်း၏။ သူတို့ ဒုစရိုက်အပြစ် ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည်။ နောက်တဖန် သူတို့ကို မချစ်။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သော သူဖြစ်ကြ၏။
\s5
\v 16 ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့်၊ အမြစ်သွေ့ခြောက်လျက်ရှိ၍ အသီးကို မသီးနိုင်ရာ။ သားဘွားသော်လည်း၊ အချစ်ဆုံးသော သားတို့ကို ငါသတ်မည်။
\v 17 ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင် သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တပါးအမျိုး သားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်။
\s5
\c 10
\v 1 ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။
\v 2 သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည်။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။
\s5
\v 3 ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သော ကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ခြင်း ဆိုရကြမည်။
\v 4 သူတို့ ကျိန်ဆိုသော စကားသည် စကားသက် သက်ဖြစ်၍၊ မိဿဟာယဖွဲ့သောအခါ မုသာစကားကို သာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည်။
\s5
\v 5 ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ် အဘို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအ တွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူ ကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊
\v 6 နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။
\s5
\v 7 ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။
\v 8 ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင်များ တို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
\s5
\v 9 ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေ ကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။
\s5
\v 10 ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမ မည်။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသော အခါ၊ သူတို့တဘက်၌ လူများစည်းဝေးရကြလိမ့်မည်။
\v 11 ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည်။
\s5
\v 12 ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။
\v 13 သင်တို့သည် ဒုစရိုက်မျိုးစေ့ကို ကြဲလို၍ လယ် ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသာ အသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံ စည်ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသော သူရဲတို့ကို၎င်း ကိုးစားတတ်၏။
\s5
\v 14 ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။
\v 15 ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များ ကြောင့် သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်း ကွယ်ပျောက်ရလိမ့်မည်။
\s5
\c 11
\v 1 ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။
\v 2 သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။
\s5
\v 3 ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ၏။
\v 4 လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။
\s5
\v 5 အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့်၊ အဲဂုတ္တုပြည်သို့ ပြန်၍မသွားရ။ အာရှုရိ မင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည်။
\v 6 ထားဘေးသည် သူ့နေရာမြို့တို့ အပေါ်သို့ ရောက်၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည်။ သူတို့ ကြံစည်ခြင်း အားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည်။
\v 7 ငါ၏လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ၏။ အမြင့် ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို။
\s5
\v 8 အိုဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း။ အိုဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာ သော စိတ်ရှိ၏။
\v 9 ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ်မဖျက်ဆီးလို။ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသော မြို့သားမဟုတ် သော်လည်း၊ သင်တို့တွင်နေ၍ သန့်ရှင်းသော ဘုရား ဖြစ်၏။
\s5
\v 10 သူတို့သည် ထာဝရဘုရား၏နောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက် မျက်နှာမှအလျင်အမြန် ပြေးကြလိမ့်မည်။
\v 11 စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှ၎င်း၊ ချိုးကဲ့သို့ အာရှု ရိပြည်မှ၎င်း အလျင်အမြန်ပြေးကြ၍၊ သူတို့ကို နေရင်း အရပ်၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
\s5
\v 12 ဧဖရိမ်သည် မုသာစကားနှင့်၎င်း၊ ဣသရေလ သည် လှည့်စားခြင်းနှင့်၎င်း ငါ့ကို နှောင့်ရှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍ သစ္စာစောင့် တော်မူသော ဘုရားသခင့်ထံမှ လွှဲ၍ လှည့်လည်တတ်၏။
\s5
\c 12
\v 1 ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
\v 2 ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
\s5
\v 3 ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
\v 4 ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။
\s5
\v 5 ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
\v 6 သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။
\s5
\v 7 သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
\v 8 သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
\s5
\v 9 ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။
\v 10 ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
\s5
\v 11 ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
\v 12 ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
\s5
\v 13 ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။
\v 14 ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။
\s5
\c 13
\v 1 ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့် မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ၏။
\v 2 ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
\s5
\v 3 ထိုကြောင့်၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့၎င်း ဖြစ်ရကြလိမ့် မည်။
\s5
\v 4 သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ။
\v 5 အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြော စွာ စားရကြ၏။
\v 6 ဝသောအခါ ဝါကြွားသော စိတ်ရှိ၍ ငါ့ကို မေ့ လျော့ကြ၏။
\s5
\v 7 ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
\v 8 သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။
\s5
\v 9 အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
\v 10 သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
\v 11 ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
\s5
\v 12 ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
\v 13 သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
\s5
\v 14 သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။
\s5
\v 15 မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏ လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည်။
\s5
\v 16 ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။
\s5
\c 14
\v 1 အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။
\v 2 ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည်။
\s5
\v 3 အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တဖန် မဆိုပါ။ အ ကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
\s5
\v 4 ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်။
\v 5 ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။
\v 6 အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
\s5
\v 7 ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။
\v 8 ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။
\s5
\v 9 အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ အဘယ်သူသည် ဖြောင့်ကြ၏။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။