my_juds/18-JOB.usfm

1583 lines
284 KiB
Plaintext

\id JOB Job
\ide UTF-8
\h ယောဘဝတ္ထု။
\toc1 ယောဘဝတ္ထု။
\toc2 Job
\toc3 job
\mt1 ယောဘဝတ္ထု။
\s5
\c 1
\p
\v 1 ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
\v 2 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
\v 3 သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
\s5
\v 4 ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
\v 5 ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
\s5
\v 6 ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
\v 7 ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
\v 8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
\s5
\v 9 စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
\v 10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
\v 11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
\v 12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
\s5
\v 13 တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
\v 14 ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
\v 15 ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
\s5
\v 16 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
\v 17 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
\s5
\v 18 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
\v 19 တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
\s5
\v 20 ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
\v 21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
\v 22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
\s5
\c 2
\v 1 တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
\v 2 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
\s5
\v 3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
\s5
\v 4 စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
\v 5 ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
\v 6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
\s5
\v 7 စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
\v 8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
\s5
\v 9 ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
\v 10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
\s5
\v 11 ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
\s5
\v 12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
\v 13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။
\s5
\c 3
\v 1 ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍
\v 2 မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
\v 3 ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
\s5
\v 4 ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊
\v 5 မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
\s5
\v 6 ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊
\v 7 လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။
\s5
\v 8 နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
\v 9 ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
\v 10 ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
\s5
\v 11 ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
\v 12 ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။
\s5
\v 13 ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
\v 14 မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
\s5
\v 15 မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
\v 16 သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
\s5
\v 17 ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။
\v 18 အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကားသံကိုမကြားရကြ။
\v 19 ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။
\s5
\v 20 ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
\v 21 သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။
\v 22 သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
\s5
\v 23 မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
\v 24 အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
\s5
\v 25 ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
\v 26 ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။
\s5
\c 4
\v 1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
\v 2 ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
\v 3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
\s5
\v 4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
\v 5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
\v 6 သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
\s5
\v 7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
\v 8 ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
\v 9 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
\s5
\v 10 ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
\v 11 ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
\s5
\v 12 တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
\v 13 လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
\s5
\v 14 ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
\v 15 ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
\s5
\v 16 ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
\v 17 သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
\s5
\v 18 အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
\v 19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
\s5
\v 20 တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
\v 21 သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
\s5
\c 5
\v 1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
\v 2 ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
\v 3 မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
\s5
\v 4 သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
\v 5 သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
\s5
\v 6 မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
\v 7 မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
\s5
\v 8 ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
\v 9 ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
\v 10 မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
\s5
\v 11 ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
\v 12 ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
\v 13 ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
\s5
\v 14 ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
\v 15 ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
\v 16 ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
\s5
\v 17 အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
\v 18 ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
\v 19 သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
\s5
\v 20 အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
\v 21 သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
\v 22 ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
\s5
\v 23 အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
\v 24 သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
\v 25 သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
\s5
\v 26 အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
\v 27 ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။
\s5
\c 6
\v 1 တဖန်ယောဘမြွက်ဆိုသည်ကား၊
\v 2 ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
\v 3 သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
\s5
\v 4 အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
\v 5 တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။
\v 6 မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။
\s5
\v 7 လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
\v 8 ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
\v 9 တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။
\s5
\v 10 ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
\v 11 ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
\s5
\v 12 ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
\v 13 ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။
\s5
\v 14 ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
\v 15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
\v 16 ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊
\v 17 အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
\s5
\v 18 ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
\v 19 တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
\v 20 မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
\s5
\v 21 ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
\v 22 ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
\v 23 ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
\s5
\v 24 ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။
\v 25 မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။
\s5
\v 26 ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
\v 27 အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
\s5
\v 28 ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။
\v 29 ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
\v 30 ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။
\s5
\c 7
\v 1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
\v 2 ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊
\v 3 ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။
\s5
\v 4 အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။
\v 5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
\s5
\v 6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
\v 7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။
\s5
\v 8 ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။
\v 9 မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။
\v 10 မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
\s5
\v 11 ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
\v 12 ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
\s5
\v 13 ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
\v 14 ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
\v 15 ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
\s5
\v 16 ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
\v 17 ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
\v 18 သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။
\s5
\v 19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
\v 20 လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
\s5
\v 21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
\s5
\c 8
\v 1 ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား၊
\v 2 သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
\v 3 ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
\s5
\v 4 သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
\v 5 သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊
\s5
\v 6 စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊
\v 7 သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။
\s5
\v 8 လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
\v 9 ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
\v 10 ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
\s5
\v 11 ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
\v 12 ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။
\s5
\v 13 ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
\v 14 ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
\v 15 ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
\s5
\v 16 သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
\v 17 အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
\v 18 သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
\s5
\v 19 ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
\v 20 စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
\s5
\v 21 ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
\v 22 သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
\s5
\c 9
\v 1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
\v 2 မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။
\v 3 ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
\s5
\v 4 ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
\v 5 ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။
\v 6 မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။
\s5
\v 7 နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
\v 8 မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
\v 9 အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
\s5
\v 10 စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
\v 11 ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
\v 12 သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
\s5
\v 13 ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
\v 14 ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍ လျှောက်ရအံ့နည်း။
\v 15 ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
\s5
\v 16 ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
\v 17 အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။
\v 18 ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
\s5
\v 19 တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
\v 20 ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။
\s5
\v 21 တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
\v 22 ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။
\v 23 ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
\v 24 မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
\s5
\v 25 တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
\v 26 လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။
\s5
\v 27 ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
\v 28 ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော် မမူကြောင်းကို ငါသိ၏။
\v 29 ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း။
\s5
\v 30 ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
\v 31 ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည်။
\s5
\v 32 ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
\v 33 ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။
\s5
\v 34 ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။
\v 35 သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။
\s5
\c 10
\v 1 ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
\v 2 ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
\v 3 ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။
\s5
\v 4 ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။
\v 5 ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။
\v 6 အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း။
\v 7 အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
\s5
\v 8 အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
\v 9 သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
\s5
\v 10 အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော။
\v 11 အရေအသားဖြင့်ဖုံးလွှမ်း၍၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။
\s5
\v 12 အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ်၏ဝိညာဉ်ကိုမစပါပြီ။
\v 13 ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။
\v 14 အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ်။
\s5
\v 15 အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
\v 16 အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
\s5
\v 17 အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။
\s5
\v 18 အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
\v 19 ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။
\s5
\v 20 အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။
\v 21 မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊
\v 22 သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။
\s5
\c 11
\v 1 နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
\v 2 စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
\v 3 သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
\s5
\v 4 သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
\v 5 ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
\v 6 နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
\s5
\v 7 သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
\v 8 မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
\v 9 အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
\s5
\v 10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
\v 11 ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
\v 12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
\s5
\v 13 သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
\v 14 သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊
\s5
\v 15 အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
\v 16 ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
\v 17 သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
\s5
\v 18 မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
\v 19 အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
\s5
\v 20 ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
\s5
\c 12
\v 1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
\v 2 သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
\v 3 သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
\s5
\v 4 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
\v 5 ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
\v 6 ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
\s5
\v 7 သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
\v 8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
\s5
\v 9 ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
\v 10 အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
\s5
\v 11 ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
\v 12 အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
\s5
\v 13 ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
\v 14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
\v 15 ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
\s5
\v 16 တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
\v 17 တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
\v 18 ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
\s5
\v 19 ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
\v 20 နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
\v 21 မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
\s5
\v 22 မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
\v 23 တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
\s5
\v 24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
\v 25 သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။
\s5
\c 13
\v 1 ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
\v 2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
\s5
\v 3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
\v 4 သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
\v 5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
\s5
\v 6 ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
\v 7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
\v 8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
\s5
\v 9 သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
\v 10 သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။
\s5
\v 11 သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
\v 12 သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
\s5
\v 13 တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
\v 14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
\v 15 ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
\s5
\v 16 ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
\v 17 ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့။
\s5
\v 18 ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
\v 19 ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
\s5
\v 20 ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
\v 21 လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
\v 22 ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။
\s5
\v 23 အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။
\v 24 ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
\v 25 လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
\s5
\v 26 အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
\v 27 အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
\v 28 ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
\s5
\c 14
\v 1 လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။
\v 2 ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
\v 3 ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။
\s5
\v 4 မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
\v 5 လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
\v 6 မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။
\s5
\v 7 သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။
\v 8 မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊
\v 9 ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။
\s5
\v 10 လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
\v 11 အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊
\v 12 လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
\s5
\v 13 ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။
\v 14 လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
\s5
\v 15 အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။
\v 16 ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
\v 17 အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
\s5
\v 18 ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
\v 19 လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
\s5
\v 20 ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
\v 21 သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
\v 22 သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို၏။
\s5
\c 15
\v 1 တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား၊
\v 2 ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
\v 3 အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော။
\s5
\v 4 သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။
\v 5 သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။
\v 6 ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ၏။
\s5
\v 7 သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။
\v 8 ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။
\v 9 ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။
\s5
\v 10 သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။
\v 11 သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။
\s5
\v 12 ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
\v 13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။
\v 14 လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
\s5
\v 15 ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
\v 16 သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
\s5
\v 17-19 ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။
\v 20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
\v 21 သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
\v 22 မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
\v 23 စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။
\v 24 ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
\v 25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
\v 26 လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။
\v 27 မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
\v 28 သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။
\v 29 ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။
\v 30 သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
\v 31 အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။
\v 32 အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။
\v 33 စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။
\v 34 အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။
\v 35 ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
\s5
\c 16
\v 1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
\v 2 ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။
\v 3 အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
\s5
\v 4 သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
\v 5 ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
\s5
\v 6 ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
\v 7 ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
\v 8 ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
\s5
\v 9 အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
\v 10 သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
\s5
\v 11 ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
\v 12 ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
\s5
\v 13 မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။
\v 14 ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
\s5
\v 15 ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
\v 16 ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။
\v 17 သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။
\s5
\v 18 အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
\v 19 ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
\s5
\v 20 ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
\v 21 လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
\v 22 နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။
\s5
\c 17
\v 1 ငါ့အသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။
\v 2 ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။
\v 3 အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း။
\s5
\v 4 ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
\v 5 အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
\s5
\v 6 ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။
\v 7 ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။
\v 8 ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။
\s5
\v 9 ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
\v 10 သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။
\s5
\v 11 ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
\v 12 ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။
\s5
\v 13 သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
\v 14 ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။
\v 15 သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း။ ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။
\v 16 ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
\s5
\c 18
\v 1 တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
\v 2 ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြ မည်။
\s5
\v 3 သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။
\v 4 အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
\s5
\v 5 အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။
\v 6 သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
\s5
\v 7 ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။
\v 8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။
\s5
\v 9 ဂိုင်းပြုတ်၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။
\v 10 မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
\v 11 ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
\s5
\v 12 သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
\v 13 ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။
\s5
\v 14 သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
\v 15 သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။
\s5
\v 16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
\v 17 မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
\s5
\v 18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။
\v 19 သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
\v 20 သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
\s5
\v 21 အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။
\s5
\c 19
\v 1-2 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။
\s5
\v 3 ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
\v 4 ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
\s5
\v 5 သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
\v 6 ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
\s5
\v 7 ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
\v 8 ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
\v 9 ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။
\s5
\v 10 ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ။
\v 11 ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
\v 12 စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
\s5
\v 13 ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
\v 14 ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။
\s5
\v 15 ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။
\v 16 ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။
\s5
\v 17 ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။
\v 18 သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
\v 19 ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။
\s5
\v 20 ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။
\v 21 အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
\v 22 ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။
\s5
\v 23 ငါ့စကားကိုယခုရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။
\v 24 ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။
\s5
\v 25 ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
\v 26 ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။
\v 27 ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။
\s5
\v 28 ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
\v 29 ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။
\s5
\c 20
\v 1 တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
\v 2 ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
\v 3 ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
\s5
\v 4 ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
\v 5 ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
\s5
\v 6 သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
\v 7 မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
\s5
\v 8 သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
\v 9 သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
\s5
\v 10 သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
\v 11 သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
\s5
\v 12 သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
\v 13 နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
\v 14 စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
\s5
\v 15 သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
\v 16 သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
\s5
\v 17 အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
\v 18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
\v 19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
\s5
\v 20 လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
\v 21 သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
\v 22 ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
\s5
\v 23 သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
\v 24 သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
\v 25 မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
\s5
\v 26 ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
\v 27 မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
\s5
\v 28 သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
\v 29 ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
\s5
\c 21
\v 1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
\v 2 ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
\v 3 ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
\s5
\v 4 ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
\v 5 ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
\v 6 ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
\s5
\v 7 လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
\v 8 သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
\v 9 သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
\s5
\v 10 သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
\v 11 သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
\v 12 သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
\s5
\v 13 ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
\v 14 ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
\v 15 အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
\s5
\v 16 သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
\v 17 မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
\v 18 သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
\s5
\v 19 ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
\v 20 ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
\v 21 သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
\s5
\v 22 မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
\v 23 တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
\v 24 သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
\s5
\v 25 တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
\v 26 နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
\s5
\v 27 သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
\v 28 အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
\s5
\v 29 ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
\v 30 ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
\s5
\v 31 သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
\v 32 သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
\v 33 သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
\s5
\v 34 သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
\s5
\c 22
\v 1 တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊
\v 2 လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
\v 3 သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
\s5
\v 4 သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။
\v 5 သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
\s5
\v 6 သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
\v 7 မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။
\v 8 အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။
\s5
\v 9 သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။
\v 10 ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
\v 11 မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
\s5
\v 12 ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။
\v 13 သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
\v 14 မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
\s5
\v 15 ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
\v 16 အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
\v 17 ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
\s5
\v 18 သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
\v 19 ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
\v 20 အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
\s5
\v 21 ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
\v 22 နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
\s5
\v 23 အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
\v 24 ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
\v 25 ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
\s5
\v 26 သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
\v 27 သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
\v 28 သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
\s5
\v 29 သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
\v 30 အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
\s5
\c 23
\v 1-2 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
\s5
\v 3 ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
\v 4 ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
\v 5 ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။
\s5
\v 6 မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။
\v 7 ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။
\s5
\v 8 ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
\v 9 လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
\s5
\v 10 သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
\v 11 ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
\v 12 ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
\s5
\v 13 သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
\v 14 ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။
\s5
\v 15 ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
\v 16 ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။
\v 17 အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။
\s5
\c 24
\v 1 အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
\s5
\v 2 အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
\v 3 မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။
\v 4 ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။
\s5
\v 5 သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
\v 6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
\v 7 ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။
\s5
\v 8 တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
\v 9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
\v 10 အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
\s5
\v 11 သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။
\v 12 လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
\s5
\v 13 အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
\v 14 လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
\s5
\v 15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။
\v 16 လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
\v 17 နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
\s5
\v 18 ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
\v 19 မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။
\s5
\v 20 သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
\v 21 မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။
\s5
\v 22 အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
\v 23 သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
\s5
\v 24 ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။
\v 25 သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
\s5
\c 25
\v 1 တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
\v 2 ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
\v 3 ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
\s5
\v 4 သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
\v 5 လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
\v 6 ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။
\s5
\c 26
\v 1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
\v 2 သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
\v 3 မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။
\v 4 ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
\s5
\v 5 အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
\v 6 မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။
\s5
\v 7 မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
\v 8 ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။
\s5
\v 9 မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။
\v 10 အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
\s5
\v 11 ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
\v 12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
\s5
\v 13 ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။
\v 14 ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
\s5
\c 27
\v 1 ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
\v 2 ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
\v 3 ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
\s5
\v 4 တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
\v 5 သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
\s5
\v 6 ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
\v 7 ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
\s5
\v 8 အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
\v 9 ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
\v 10 ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
\s5
\v 11 ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
\v 12 သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
\s5
\v 13 လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
\v 14 သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
\s5
\v 15 သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
\v 16 သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
\v 17 ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
\s5
\v 18 သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
\v 19 ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
\s5
\v 20 ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
\v 21 အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
\s5
\v 22 ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
\v 23 လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။
\s5
\c 28
\v 1 ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
\v 2 သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
\s5
\v 3 လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
\v 4 တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
\s5
\v 5 မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
\v 6 သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
\s5
\v 7 အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
\v 8 ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
\s5
\v 9 လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
\v 10 ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
\v 11 စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
\s5
\v 12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
\v 13 ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
\v 14 နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
\s5
\v 15 ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
\v 16 ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
\v 17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
\s5
\v 18 သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
\v 19 ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
\s5
\v 20 သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
\v 21 အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
\v 22 အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
\s5
\v 23 ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
\v 24 ပညာနေရာအရပ်ကို သိတော်မူ၏။
\v 25 လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
\s5
\v 26 မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
\v 27 ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
\v 28 လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
\s5
\c 29
\v 1 ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆို သည်ကား၊
\v 2 ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
\v 3 ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
\s5
\v 4 ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
\v 5 ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
\v 6 ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။
\s5
\v 7 ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
\v 8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
\s5
\v 9 မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
\v 10 မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ကပ်လေ၏။
\s5
\v 11 လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
\v 12 အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
\v 13 ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
\s5
\v 14 ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။
\v 15 မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။
\v 16 ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
\s5
\v 17 မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
\v 18 ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
\v 19 ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။
\s5
\v 20 ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။
\v 21 သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။
\v 22 ငါပြောပြီးသည် နောက်သူတို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။
\s5
\v 23 မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။
\v 24 ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
\s5
\v 25 ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။
\s5
\c 30
\v 1 ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
\v 2 သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
\v 3 ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။
\s5
\v 4 စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
\v 5 လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
\v 6 ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။
\s5
\v 7 ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ၏။
\v 8 လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
\s5
\v 9 ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
\v 10 ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
\v 11 ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
\s5
\v 12 သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။
\v 13 ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
\s5
\v 14 ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။
\v 15 ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
\s5
\v 16 ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။
\v 17 ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
\s5
\v 18 ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။
\v 19 ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
\s5
\v 20 ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။
\v 21 အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။
\s5
\v 22 အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။
\v 23 သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
\s5
\v 24 ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
\v 25 အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။
\v 26 သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
\s5
\v 27 ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
\v 28 နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။
\v 29 မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။
\s5
\v 30-31 အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
\s5
\c 31
\v 1 ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
\v 2 သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
\s5
\v 3 ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
\v 4 ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။
\s5
\v 5 မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊
\v 6 မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။
\s5
\v 7 ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊
\v 8 ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။
\s5
\v 9 သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊
\v 10 ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရ ပါစေ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ။
\s5
\v 11 ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
\v 12 ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
\s5
\v 13 ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
\v 14 ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။
\v 15 ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။
\s5
\v 16 ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
\v 17 မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။
\v 18 ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ။ ငါသည် ဘွားမြင်သော နေ့မှစ၍ မုတ်ဆိုးမကို မစပြီ။
\s5
\v 19 အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
\v 20 သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊
\v 21 ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊
\s5
\v 22 ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။
\v 23 ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။
\s5
\v 24 ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊
\v 25 ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊
\s5
\v 26 ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊
\v 27 ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊
\v 28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။
\s5
\v 29 ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
\v 30 ငါသည်သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။
\s5
\v 31 ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
\v 32 ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
\s5
\v 33 ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။
\v 34 ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
\s5
\v 35 တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။
\v 36 အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်။ ဗေါင်းကဲ့သို့ ဆောင်းပါမည်။
\v 37 ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။
\s5
\v 38 ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်၎င်း၊
\v 39 စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊
\v 40 စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။
\s5
\c 32
\v 1 ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
\v 2 ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
\s5
\v 3 ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
\v 4 ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
\v 5 ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
\s5
\v 6 ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
\v 7 နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။
\s5
\v 8 သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။
\v 9 လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
\v 10 သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
\s5
\v 11 သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
\v 12 စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
\s5
\v 13 သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
\v 14 ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
\s5
\v 15 ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
\v 16 ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
\s5
\v 17 သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။
\v 18 ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
\v 19 ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။
\s5
\v 20 ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။
\v 21 အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
\v 22 သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။
\s5
\c 33
\v 1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
\v 2 ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
\v 3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
\s5
\v 4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။
\v 5 သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။
\s5
\v 6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။
\v 7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
\s5
\v 8 အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
\v 9 ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
\s5
\v 10 ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
\v 11 ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
\v 12 ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။
\s5
\v 13 ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
\v 14 ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။
\v 15 လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
\s5
\v 16 ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။
\v 17 ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
\v 18 သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
\s5
\v 19 လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
\v 20 မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
\s5
\v 21 အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
\v 22 အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
\s5
\v 23 သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
\v 24 ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
\s5
\v 25 ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။
\v 26 ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
\s5
\v 27 သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
\v 28 သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
\s5
\v 29 ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
\v 30 သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
\s5
\v 31 အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။
\v 32 သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။
\v 33 ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။
\s5
\c 34
\v 1 တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
\v 2 အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
\v 3 ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
\s5
\v 4 ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
\v 5 ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
\v 6 ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
\s5
\v 7 ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။
\v 8 မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
\v 9 လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
\s5
\v 10 သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
\v 11 လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
\v 12 အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
\s5
\v 13 မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။
\v 14 ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
\v 15 ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
\s5
\v 16 ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။
\v 17 တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။
\s5
\v 18 သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။
\v 19 ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
\v 20 တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
\s5
\v 21 အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။
\v 22 မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။
\v 23 ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
\s5
\v 24 အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။
\v 25 သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။
\s5
\v 26 သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
\v 27 အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။
\v 28 ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
\s5
\v 29 ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
\v 30 ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
\s5
\v 31 အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။
\v 32 အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။
\v 33 သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
\s5
\v 34 ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
\v 35 ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
\s5
\v 36 ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
\v 37 ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။
\s5
\c 35
\v 1-2 တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ငါသည်ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကားမှန်သည် ထင်သလော။
\v 3 သင်က၊ ငါသည်အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။
\s5
\v 4 သင်နှင့်သင်၏အပေါင်းအဘော်တို့စကားကို ငါချေပါမည်။
\v 5 မိုဃ်းကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့။
\s5
\v 6 သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။
\v 7 သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။
\v 8 သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
\s5
\v 9 များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။
\v 10 သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
\v 11 မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
\s5
\v 12 ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။
\v 13 အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီး သောစကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင် သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။
\v 14 ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
\s5
\v 15 ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့်၊
\v 16 ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။
\s5
\c 36
\v 1 တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊
\v 2 ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။
\v 3 ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။
\s5
\v 4 အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။
\v 5 ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ၏။
\s5
\v 6 မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။
\v 7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
\s5
\v 8 သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊
\v 9 သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။
\s5
\v 10 ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
\v 11 စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
\v 12 နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ၏။
\s5
\v 13 အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။
\v 14 အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
\s5
\v 15 အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။
\v 16 ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
\s5
\v 17 သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
\v 18 အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
\s5
\v 19 သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။
\v 20 ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။
\v 21 သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
\s5
\v 22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။
\v 23 ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
\v 24 လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။
\s5
\v 25 လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
\v 26 ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
\s5
\v 27 ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
\v 28 မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။
\v 29 မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။
\s5
\v 30 တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
\v 31 ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။
\s5
\v 32 အလင်းကိုလက်တော်နှင့် ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
\v 33 ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။
\s5
\c 37
\v 1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။
\v 2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
\v 3 မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
\s5
\v 4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
\v 5 အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
\v 6 မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
\s5
\v 7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
\v 8 ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
\v 9 လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
\s5
\v 10 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
\v 11 မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။
\s5
\v 12 လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
\v 13 ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။
\s5
\v 14 အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
\v 15 ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
\s5
\v 16 ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
\v 17 မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
\s5
\v 18 သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
\v 19 ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
\v 20 ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
\s5
\v 21 လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
\v 22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
\s5
\v 23 အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
\v 24 သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
\s5
\c 38
\v 1 ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
\v 2 ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
\v 3 လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
\s5
\v 4 မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
\v 5 မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
\s5
\v 6 မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
\v 7 နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
\s5
\v 8 သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
\v 9 သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
\s5
\v 10 သင်သည်ဤအရပ်တိုင်အောင်လာရ၏။
\v 11 တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
\s5
\v 12 သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
\v 13 နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
\s5
\v 14 မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
\v 15 လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
\s5
\v 16 သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
\v 17 သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
\v 18 မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
\s5
\v 19 အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
\v 20 အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
\v 21 သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
\s5
\v 22 သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
\v 23 ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
\v 24 အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
\s5
\v 25 လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
\v 26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
\v 27 လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
\s5
\v 28 မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
\v 29 ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
\v 30 ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
\s5
\v 31 သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
\v 32 မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
\v 33 မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
\s5
\v 34 များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
\v 35 လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
\s5
\v 36 ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
\v 37 မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
\v 38 မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
\s5
\v 39 သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
\v 40 ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
\s5
\v 41 ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
\s5
\c 39
\v 1 သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
\v 2 ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။
\s5
\v 3 သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။
\v 4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
\s5
\v 5 တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
\v 6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။
\s5
\v 7 မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
\v 8 တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
\s5
\v 9 ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
\v 10 ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
\s5
\v 11 ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
\v 12 သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
\s5
\v 13 ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
\v 14 သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
\v 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
\s5
\v 16 သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
\v 17 အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။
\v 18 သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။
\s5
\v 19 သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။
\v 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
\s5
\v 21 လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။
\v 22 ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။
\v 23 သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
\s5
\v 24 မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
\v 25 တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
\s5
\v 26 သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
\s5
\v 27 သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
\v 28 သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
\s5
\v 29 ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
\v 30 သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။
\s5
\c 40
\v 1 တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။
\v 2 ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊
\s5
\v 3 ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
\v 4 ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
\v 5 တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
\s5
\v 6 တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊
\v 7 လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။
\s5
\v 8 သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
\v 9 သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
\s5
\v 10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
\v 11 သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
\s5
\v 12 မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
\v 13 သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
\v 14 သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
\s5
\v 15 သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
\v 16 သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
\s5
\v 17 သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
\v 18 အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
\s5
\v 19 ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။
\v 20 မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
\v 21 အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
\s5
\v 22 ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။
\v 23 မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
\v 24 ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။
\s5
\c 41
\v 1 လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။
\v 2 သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။
\v 3 သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
\s5
\v 4 သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။
\v 5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။
\v 6 သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
\s5
\v 7 သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။
\v 8 သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။
\v 9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။
\s5
\v 10 သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
\v 11 ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
\v 12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။
\s5
\v 13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
\v 14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
\v 15 လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
\s5
\v 16 လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
\v 17 တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ၏။
\v 18 သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
\s5
\v 19 ပစပ်ထဲက မီးရူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။
\v 20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏။
\v 21 အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။
\s5
\v 22 လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
\v 23 အသားအကြောတို့သည် တခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
\v 24 နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။
\s5
\v 25 သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။
\v 26 သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။
\v 27 သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။
\s5
\v 28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။
\v 29 ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
\v 30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
\s5
\v 31 အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။
\v 32 သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။
\s5
\v 33 မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။
\v 34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။
\s5
\c 42
\v 1 ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
\v 2 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
\v 3 ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။
\s5
\v 4 နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။
\v 5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
\v 6 ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
\s5
\v 7 ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
\v 8 သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
\v 9 ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
\s5
\v 10 ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
\v 11 ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
\s5
\v 12 ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
\v 13 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန်၏။
\v 14 သမီးကြီးကား၊ ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။
\s5
\v 15 တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။
\v 16 ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
\v 17 အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။