my_juds/09-1SA.usfm

1276 lines
337 KiB
Plaintext

\id 1SA 1 Samuel
\ide UTF-8
\h ဓမ္မရာဇဝင်​‌ပဋ္ဌမစောင်
\toc1 ဓမ္မရာဇဝင်​‌ပဋ္ဌမစောင်
\toc2 1 Samuel
\toc3 1sa
\mt1 ဓမ္မရာဇဝင်​‌ပဋ္ဌမစောင်
\s5
\c 1
\p
\v 1 ဧဖရတ်မြို့သားဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတယောက်ရှိ၏။
\v 2 ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တယောက်ကား၊ ဟန္န၊ တယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။
\s5
\v 3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှါ၊ မိမိနေရာ မြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။
\v 4 ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့ အား ဝေမျှ၏။
\s5
\v 5 ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဘို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဘွားသော အခွင့်ကို ပေးတော်မမူ။
\v 6 ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္န စိတ်ဆိုးညစ်အောင် ရန်သူသည် အလွန်နှောင့်ယှက်တတ်၏။
\s5
\v 7 နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ရှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက် နေတတ်၏။
\v 8 သူ၏ ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတကျိပ်ထက် သင်၌ ငါသာ၍ ကောင်းသည် မဟုတ် လောဟုဆို၏။
\s5
\v 9 ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော် တိုင်နားမှာ ထိုင်စဉ်၊-
\v 10 ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည် ကား၊-
\s5
\v 11 အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော် ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှါ ကျွန်မအပ်ပါ မည်ဟု သစ္စာဂတိပြုလေ၏။
\s5
\v 12 ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏ နှုတ်ကို ကြည့်မှတ် လေ၏။
\v 13 စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊
\v 14 သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟု ဆို၏။
\s5
\v 15 ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက် ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။
\v 16 ကိုယ်တော်၏ ကျွန်မကို အဓမ္မ မိန်းမဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာ အကြောင်း၊ ဝမ်းနည်းစရာ အကြောင်းများသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ် ဝပ်စွာသွားလော့။
\s5
\v 17 ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။
\v 18 ဟန္နကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနား သော မျက်နှာနှင့် သွား၍ အစာစားလေ၏။
\s5
\v 19 ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊-
\v 20 ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
\s5
\v 21 ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသော ယဇ်ကို၎င်း၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအား ပူဇော်ခြင်းငှါ တက်သွားသောအခါ၊-
\v 22 ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟုဆိုလျှင်၊-
\v 23 ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမှီတိုင်အောင် နေလော့။ ထာဝရဘုရား ၏ ဂတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကို နို့တိုက်လျက် နို့မကွာမှီတိုင် အောင် မသွားဘဲနေ၏။
\s5
\v 24 နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။
\v 25 နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့ သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊-
\s5
\v 26 ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။
\v 27 ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။
\v 28 ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရဘုရားထံ တော်၌ အငှါးခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
\s5
\c 2
\v 1 တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။
\s5
\v 2 ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှမသန့်ရှင်း။ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ။
\s5
\v 3 ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။
\v 4 သူရဲတို့ ကိုင်သောလေးများ ကျိုးလျက်၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ၏။
\s5
\v 5 ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ၊ သူငှါး လုပ်ကြရပြီ။ ငတ်မွတ်သော သူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။ သားများသောသူမူကား၊ တဖန် အားလျော့ပြီ။
\s5
\v 6 ထာဝရဘုရားသည် သေစေသော အခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။
\v 7 ဆင်းရဲစေခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သော အခွင့်ရှိတော်မူ၏။
\s5
\v 8 ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။
\s5
\v 9 မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
\s5
\v 10 ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုဃ်းကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့် ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။
\s5
\v 11 ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
\s5
\v 12 ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူဖြစ်ကြ၏။
\v 13 လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊-
\v 14 အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။
\s5
\v 15 ဆီဥကို မီးမရှို့မှီ၊ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဘို့ ကင်စရာအမဲသား ကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသော အမဲသားကိုသာ ယူမည်ဟု ယဇ်ပူဇော်သော သူအား ဆိုတတ်၏။
\v 16 ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟုဆိုလျှင်၊ မဟုတ်ဘူး ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။
\v 17 ထိုယဇ်ပုရောဟိတ် ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။
\s5
\v 18 သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက် လေ၏။ -
\v 19 နှစ်စဉ်ပြုရသော ယဇ်ကို ပူဇော်ခြင်းငှါ၊ သူ၏ မိဘသည် ရောက်လာသောအခါ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီငယ်ကို ချုပ်၍ ဆောင်ခဲ့တတ်၏။
\s5
\v 20 တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှါးထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက်၊
\v 21 ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဘွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွား သတည်း။
\s5
\v 22 ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊
\v 23 သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော၍ ငါကြားရ၏။
\v 24 မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။
\s5
\v 25 လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူ တို့သည် အဘ၏ စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ၏။
\v 26 သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
\s5
\v 27 ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -
\v 28 ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-
\s5
\v 29 ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။
\v 30 ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-
\s5
\v 31 သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ၊ သင်၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။-
\v 32 ဣသရေလအမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင် မြင်ရလိမ့်မည်။ သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ အစဉ်မရှိရ။-
\v 33 ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်ကြင်နာဘို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။-
\s5
\v 34 သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ် ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တနေ့ခြင်းတွင် သေလိမ့်မည်။ -
\v 35 တဖန် ငါ့စိတ်နှလုံးအလိုသို့ လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဘို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ် သွားလာရလိမ့်မည်။
\s5
\v 36 သင်၏ အမျိုး၌ ကျန်ကြွင်းသော သူတိုင်းသူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရ မည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု၌ ကျွန်တော်ကို စေခိုင်းပါလော့ ဟု ငွေစ၊ မုန့်စကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။
\s5
\c 3
\v 1 သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။
\v 2 တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-
\v 3 ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊-
\v 4 ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊-
\s5
\v 5 ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။
\v 6 တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ -
\s5
\v 7 ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။
\v 8 တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊-
\s5
\v 9 သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။-
\s5
\v 10 ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
\v 11 ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
\s5
\v 12 ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-
\v 13 ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။-
\v 14 ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။
\s5
\v 15 ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။
\v 16 ဧလိက၊ ငါ့သားရှမွေလဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။
\s5
\v 17 ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊-
\v 18 ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
\s5
\v 19 ရှမွေလသည် အစဉ်အတိုင်း ကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ။-
\v 20 သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။
\v 21 ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။
\s5
\c 4
\v 1 တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
\v 2 ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။
\s5
\v 3 လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
\v 4 လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
\s5
\v 5 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။
\v 6 ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ၏။
\s5
\v 7 ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား။ ငါတို့ သည် အမင်္ဂလာရှိကြ၏။ တခါမျှ ဤသို့ မဖြစ်စဖူး။
\v 8 ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြား မဟုတ် ဤဘုရားပေတည်း။
\v 9 အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆို ကြ၏။
\s5
\v 10 ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ၏။
\v 11 ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
\s5
\v 12 ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။
\v 13 ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏ သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သိတင်းပြောသဖြင့်၊ တမြို့လုံး အော်ဟစ်ကြ၏။
\s5
\v 14 အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအား လျှောက်လေ၏။
\v 15 ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။
\s5
\v 16 ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟု မေးလေသော်၊
\v 17 တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။
\s5
\v 18 ဘုရားသခင်၏ သေတ္တာတော် သိတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
\s5
\v 19 သူ၏ ချွေးမဖိနဟတ်၏ မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း၊ ယောက္ခမနှင့် လင်သေကြောင်းကို ကြားသောအခါ၊ ကျောကုန်း၍ သားဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
\v 20 သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဘွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။
\s5
\v 21 တဖန် ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့်၍၊-
\v 22 ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။
\s5
\c 5
\v 1 ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
\v 2 ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
\v 3 အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
\s5
\v 4 တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
\v 5 ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
\s5
\v 6 အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
\v 7 အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
\s5
\v 8 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
\v 9 ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
\s5
\v 10 တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
\s5
\v 11 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
\v 12 သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။
\s5
\c 6
\v 1 ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
\v 2 ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
\s5
\v 3 သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
\v 4 အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
\s5
\v 5 ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
\v 6 သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
\s5
\v 7 ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
\v 8 ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
\v 9 သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
\s5
\v 10 လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
\v 11 ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
\v 12 နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
\s5
\v 13 ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
\s5
\v 14 လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
\v 15 ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
\s5
\v 16 ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
\s5
\v 17 ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
\v 18 ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
\s5
\v 19 ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
\v 20 ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
\s5
\v 21 ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။
\s5
\c 7
\v 1 ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ်၌ ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှါ၊ သူ၏သား ဧလာဇာကို သန့်ရှင်းစေကြ၏။
\v 2 သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရဘုရားကို အောက်မေ့၍ မြည်တမ်းကြ၏။
\s5
\v 3 တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-
\v 4 ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
\s5
\v 5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊
\v 6 သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကို ခပ်၍ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။
\s5
\v 7 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသိတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊
\v 8 ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဘို့ အစဉ်မပြတ် ဆုတောင်းပါလော့ဟု ဆိုကြ၏။
\s5
\v 9 ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။
\s5
\v 10 ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာ မိုဃ်းချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။
\v 11 ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကို လုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။
\s5
\v 12 ထိုအခါ ရှမွေလသည် ကျောက်ကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။
\s5
\v 13 ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏ လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတား တော်မူ၏။
\v 14 ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နှုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့် နေကြ၏။
\s5
\v 15 ရှမွေလသည် တသက်လုံး ဣသရေလအမျိုးကို အုပ်စိုးလေ၏။
\v 16 ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ၏။
\v 17 ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကိုတည်လျက် နေလေ၏။
\s5
\c 8
\v 1 ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။
\v 2 သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။
\v 3 သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကို တပ်မက်သော စိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကို ဖျက်ကြ၏။
\s5
\v 4 ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင်၊
\v 5 ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။
\s5
\v 6 ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
\v 7 ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့ သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ။
\s5
\v 8 သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်း ပြုကြ၏။
\v 9 ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကို အုပ်စိုးသော ရှင်ဘုရင် ၏ ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။
\s5
\v 10 ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊-
\v 11 သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်း ထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။
\v 12 လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါး ရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။
\s5
\v 13 သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ၎င်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှါ၎င်း ခန့်ထားလိမ့်မည်။
\v 14 သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍ မိမိကျွန်တို့အား ပေးလိမ့် မည်။
\v 15 သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။
\s5
\v 16 သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကို ယူ၍ သူ၏ အမှုကို လုပ်ကိုင်စေ လိမ့်မည်။
\v 17 သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။
\v 18 သင်တို့ ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။
\s5
\v 19 သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
\v 20 အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင် ဘဲ ဆိုကြ၏။
\s5
\v 21 ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
\v 22 ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ၏။
\s5
\c 9
\v 1 ??????????????????? ????? ????????? ??????? ??????? ???????? ?????????????? ?????????? ??????????????? ????? ?????????? ??????????????????????
\v 2 ?????? ???????????????? ?????????????? ????????? ???????? ?????????? ???????? ?????????????????????? ??????????? ?????????? ??????????? ????? ????? ????????????? ???????????? ??????? ???????
\s5
\v 3 ????????????? ???????????? ????????????????? ?????? ?????? ??????????????? ????? ???????????? ???????????? ??????????? ??????? ???????????????????????
\v 4 ????????? ???????????????????? ?????????????????????? ???? ??????????? ???? ??????? ????????? ?????????????????? ???????????? ??????
\s5
\v 5 ??????????? ???????????? ???????? ??????????? ????????? ????? ???????????????? ?????????? ????????????? ?????????????????? ????????? ?????????????
\v 6 ???????? ??????? ???? ?????????? ?????????? ????????????? ????????????? ??????? ????????? ????????????? ????????? ??????????? ?????? ??????????????? ?????????? ???????????? ?????
\s5
\v 7 ???????????? ????????? ?????????? ???????????? ???????????? ????????????? ????? ????? ????? ?????? ?????????????? ????? ??????? ??????????????????? ????????? ????????
\v 8 ???????? ????????????? ?????????????? ????????? ?????????????? ?????????? ????? ?????????? ????????? ??????????
\s5
\v 9 ???????? ????????????????????? ???????????? ???????????????? ????????? ??????? ?????? ??????????????? ???????????? ?????????? ?????????? ???????????????? ???? ???? ???????????? ????????????????
\v 10 ???????????? ????????????????????? ????????? ???????? ?????????? ???????????????? ????????
\v 11 ?????????????????????? ???????????? ?????????? ????????????????? ?????? ?????? ????????? ????????? ????????-
\s5
\v 12 ??????? ?????????????? ??????? ??????????????????? ???????????? ?????????? ?????????? ?????? ??????? ????????????? ????????????? ?????????
\v 13 ?????? ????????????? ????????? ???????????? ??????? ?????????? ??????????????????? ????????? ????????????? ?????????? ????????????? ?????????? ????? ??????? ??????????? ???????? ???????????? ??????????? ????????? ?????????? ?????? ????????? ??????????? ????? ????????????????????
\s5
\v 14 ????????? ??????????????? ????????? ???????????????? ??????????? ????????? ???? ????????
\s5
\v 15 ??????????????? ????? ??????????? ???????????
\v 16 ???????? ???????????????? ??????????? ???????????? ????????????? ?????? ???????? ????? ???????????? ???????? ???????? ?????????????????????? ???????? ????? ??? ????????? ???????? ??????????? ???????????????? ????? ???????????????????????? ????????? ????????????? ?????????????? ????????????????????
\s5
\v 17 ????????? ????????? ??????????? ??????????? ?????????????? ?????????? ??? ??? ??? ????????? ???????????????????? ?????????????
\v 18 ?????? ????????? ??????????? ?????????? ?????????????? ????????????????? ?????????? ??????????????-
\v 19 ???????? ????? ????????? ?????? ?????????? ???????????????? ???????????? ???? ?????????? ???????? ?????????? ???????????????? ??????????????????? ?????????????? ????????????
\s5
\v 20 ????????? ????????? ???? ???????????? ?????????????? ??????????????? ??????????? ??? ????????? ????????????? ???????? ???? ???????????????????? ?????????? ????? ????? ????????? ?????????
\v 21 ???????????? ???????????? ??????????????????? ?????????????????? ?????????? ?????? ???????????? ????????? ?????????????????????? ???????????????????? ??????????????? ????????????????? ????????? ???????????? ???????????? ??????????? ????? ????????????? ???????????
\s5
\v 22 ?????? ????????? ??????????? ????????????????? ?????????????? ??????????????? ??????????? ?? ??????????????? ???????????? ????? ?????????
\s5
\v 23 ?????????????????????????????? ???? ????????? ????????????????????? ??????????????????? ??????????? ??????????????
\v 24 ???????????? ?????????? ???????????? ???????????????? ???????????????????? ??????? ????? ???????????????? ??? ???????? ??????????? ????????? ??????????????????? ????????? ????????????? ?????????????????? ???? ??????? ????????? ?????????????? ??? ?????????
\s5
\v 25 ???????????? ??????????????????? ???????????????????????? ???????????????????????? ???????????? ??? ???????????? ??????
\v 26 ????????????? ????????????????? ???????? ?????? ??????? ????????????????? ???? ????? ??????????????? ?????????????? ????????? ?? ????????????????????? ????????????
\s5
\v 27 ?????????????? ??????????? ???????? ???? ????????? ?????????????????????? ?????????? ??????????????????? ????????? ???????????????? ??????????? ?????????? ????? ????? ????????????? ???????????????????
\s5
\c 10
\v 1 ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။
\v 2 ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
\s5
\v 3 ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။
\v 4 ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကို ပေး၍၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည်။
\s5
\v 5 ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏ တောင်သို့ ရောက်၍ မြို့သို့ ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။
\v 6 ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့် အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။
\s5
\v 7 ဤနိမိတ်လက္ခဏာတို့သည် သင်၌ ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူ၏။
\v 8 သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို၏။
\s5
\v 9 ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ၏။
\v 10 တောင်တော်သို့ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ၏။
\s5
\v 11 ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ၏။
\v 12 ထိုအရပ်သား တယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရော ဖက်တို့၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ၏။
\v 13 ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။
\s5
\v 14 ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။
\v 15 ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊
\v 16 မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ၏။
\s5
\v 17 တဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊
\v 18 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း၊
\v 19 သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊
\s5
\v 20 အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။
\v 21 ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။
\s5
\v 22 ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။
\v 23 သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြား သောသူထက် အရပ်သာ၍မြင့်၏။
\s5
\v 24 ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင် အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
\s5
\v 25 ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော၍ စာ၌ ရေးမှတ်သဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ထားပြီးမှ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ၏။
\s5
\v 26 ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်း အသင်းသည် သူနှင့်အတူ လိုက်သွားကြ၏။
\v 27 အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။
\s5
\c 11
\v 1 ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊
\v 2 အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာမျက်စိရှိသမျှကို ဖောက်၍ ဣသရေလအမျိုးတမျိုး လုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊
\s5
\v 3 ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ၏။
\s5
\v 4 တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သိတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
\v 5 ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။
\s5
\v 6 ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊
\v 7 နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
\v 8 ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။
\s5
\v 9 ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။
\v 10 အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော် မူပါဟု နာဟတ်မင်းအား လျှောက်ကြ၏။
\s5
\v 11 နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
\s5
\v 12 ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ် သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊
\v 13 ရှောလုက၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။
\s5
\v 14 ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အား ပြောဆိုသည်အတိုင်း၊
\v 15 လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။
\s5
\c 12
\v 1 ရှမွေလကလည်း၊ သင်တို့ပြောသမျှသော စကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။
\v 2 ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့ သည် သင်တို့၌ ရှိကြ၏။ ငါသည် ငယ်သော အရွယ်မှ စ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။
\s5
\v 3 ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏ နွားကို ငါယူဘူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဘူးပြီ နည်း။ အဘယ်သူကို လှည့်စားဘူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း။ ကိုယ်မျက်စိကို ကွယ် စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊
\s5
\v 4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ ဥစ္စာကိုမျှ မယူပါဟု ပြောဆိုကြ၏။
\v 5 ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတပါး၏ ဥစ္စာကို ရှာ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ ဟု ဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။
\s5
\v 6 တဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။
\v 7 ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည်။
\s5
\v 8 ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
\v 9 သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင် ဘုရင်လက်သို့၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။
\s5
\v 10 တဖန်သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်၍၊ ဗာလ ဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊-
\v 11 ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
\s5
\v 12 နောက်တဖန် အမ္မုန်အမျိုးသားရှင်ဘုရင် နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ၏။
\v 13 ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့ အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ချီးမြှောက်တော်မူပြီ။-
\s5
\v 14 သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
\v 15 သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရ ဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။
\s5
\v 16 ယခုမှာ သင်တို့ မျက်မှောက်၌ ထာဝရဘုရားပြုတော်မူ လတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာ နေ၍ ကြည့်ရှုလော့။
\v 17 ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊-
\v 18 ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
\s5
\v 19 လူအပေါင်းတို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မသေရမည်ကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားအား ကိုယ်တော်ကျွန်တို့အဘို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာ ထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်း ပန်ကြ၏။
\v 20 ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက် တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။
\v 21 ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
\s5
\v 22 ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ။
\v 23 ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
\s5
\v 24 သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
\v 25 သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့် မည်ဟု လူများတို့အား ပြောဆိုလေ၏။
\s5
\c 13
\v 1-2 ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။
\s5
\v 3 ယောနသန်သည် ဂိဗာမြို့၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သိတင်းကြား ၏။ ရှောလုကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြားသိစေဟု တပြည်လုံး တံပိုးမှုတ်စေ၏။
\v 4 ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့၌ စည်းဝေးကြ၏။
\s5
\v 5 ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို၎င်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။
\s5
\v 6 ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။
\v 7 ယော်ဒန်မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။
\s5
\v 8 ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်း ထွက်ပြေးကြ၏။
\v 9 ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
\v 10 မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင်၊
\s5
\v 11 ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ -
\v 12 ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။
\s5
\v 13 ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။
\v 14 ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊
\s5
\v 15 ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။
\v 16 သူနှင့် သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။
\s5
\v 17 လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တတပ်သည် ရွာလပြည် ဩဖရမြို့ လမ်းသို့လိုက်၏။
\v 18 တတပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တတပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက်၏။
\s5
\v 19 ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ။
\v 20 ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကို ထက်စေခြင်းငှါ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွားရကြ၏။
\v 21 နောက်တဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
\s5
\v 22 သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့်သားတော် ယောနသန်မှတပါး အဘယ်သူ၌မျှ ထားလှံမရှိ။
\v 23 တဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍ နေကြစဉ်တွင်၊
\s5
\c 14
\v 1 တနေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင် လုလင်ကို ခေါ်၍၊ တဘက်၌ နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။
\s5
\v 2 ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက် ရာခန့်မျှရှိ၏။
\v 3 သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်း ရှိ၏။ ယောနသန်သွားကြောင်း ကို လူများ မသိကြ။
\s5
\v 4 ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တဘက်တချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတခုသည် ဗောဇက်၊ တခုသည် သေနအမည်ရှိ၏။
\v 5 တခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့၎င်း၊ တခုကား တောင်ဘက်၌ ဂိဗာမြို့သို့၎င်း မျက်နှာပြု သတည်း။
\s5
\v 6 ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
\v 7 လုလင်က၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော်၊ -
\s5
\v 8 ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့။
\v 9 သူတို့ကနေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည်။
\v 10 သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
\s5
\v 11 နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက်၊
\v 12 တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊
\s5
\v 13 လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ၏။
\v 14 ယောနသန်နှင့်လုလင်ပြုသော ပဌမ လုပ်ကြံခြင်းအားဖြင့် နွားတရှဉ်းထွန်နိုင်သော မြေကွက် အတွင်း တွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
\s5
\v 15 စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့် တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ၏။
\s5
\v 16 ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။
\v 17 ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင် လုလင် မရှိ။
\s5
\v 18 ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။
\v 19 ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
\s5
\v 20 မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ၏။
\v 21 အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
\s5
\v 22 ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
\v 23 ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။
\s5
\v 24 ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
\v 25 လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
\v 26 တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။
\s5
\v 27 သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
\v 28 ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
\s5
\v 29 ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။
\v 30 လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ၏ ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိလူတို့ကို သာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
\s5
\v 31 ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့်၊-
\v 32 ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
\s5
\v 33 ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။
\v 34 လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤ အရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်ဟု မိန့်တော် မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုညဉ့်၌ ယူခဲ့၍ ထိုအရပ်၌ သတ် ကြ၏။
\s5
\v 35 ရှောလုသည်လည်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုပလ္လင်ကား ထာဝရ ဘုရားအဘို့ တည်သော ပဌမပလ္လင် ဖြစ်သတည်း။
\s5
\v 36 တဖန်ရှောလုက၊ ညဉ့်အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချည်းကပ်ကြကုန်အံ့ ဟု ဆိုလေ၏။
\v 37 ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
\s5
\v 38 ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သော ငှါ ချဉ်း၍ လာကြလော့။
\v 39 ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယော နသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
\s5
\v 40 ရှောလုကလည်း၊ သင်တို့သည် တဘက်၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်ဟု ဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
\v 41 ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည် လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
\v 42 ရှောလုကလည်း၊ ငါနှင့် ငါ့သား ယောနသန်အို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ -
\s5
\v 43 ရှောလုကလည်း၊ သင်ပြုသော အမှုကို ပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
\v 44 ရှောလုကလည်း၊ ယောနသန်၊ သင်သည် ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊-
\s5
\v 45 လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ ဆံခြည်တပင်မျှ မြေပေါ်မှာ မကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြုပါပြီဟု ဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှါ ယောနသန်ကို ကယ်နှုတ်ကြ၏။
\v 46 ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
\s5
\v 47 ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည် သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကို အောင်လေ၏။
\v 48 ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ၏။
\s5
\v 49 သားတော် ကားယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကားမေရပ်။ အငယ်ကား၊ မိခါလတည်း။
\v 50 မြောက်သားတော်ကား အဟိမတ်၏ သမီးအဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော် နေရသား အာဗနာတည်း။
\v 51 ခမည်းတော် ကိရှနှင့် အာဗနာ၏ အဘနေရသည် အဗျေလ၏ သား ဖြစ်၏။
\s5
\v 52 ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသော သူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။
\s5
\c 15
\v 1 တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။
\v 2 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
\v 3 ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊
\s5
\v 4 ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
\v 5 ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊
\s5
\v 6 ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
\v 7 ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။
\s5
\v 8 အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
\v 9 သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
\s5
\v 10 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -
\v 11 ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
\s5
\v 12 နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
\v 13 ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
\s5
\v 14 ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊
\v 15 ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
\v 16 ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
\s5
\v 17 ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။
\v 18 ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။
\v 19 သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
\s5
\v 20 ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
\v 21 သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။
\s5
\v 22 ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
\v 23 ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။
\s5
\v 24 ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
\v 25 အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
\s5
\v 26 ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
\v 27 လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
\s5
\v 28 ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။
\v 29 ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊
\s5
\v 30 ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
\v 31 ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
\s5
\v 32 ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
\v 33 ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
\s5
\v 34 ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
\v 35 ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။
\s5
\c 16
\v 1 တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
\s5
\v 2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
\v 3 ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
\s5
\v 4 ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
\v 5 ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
\s5
\v 6 သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
\v 7 ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
\s5
\v 8 တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
\v 9 တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
\v 10 တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
\s5
\v 11 သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
\v 12 စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
\s5
\v 13 ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
\s5
\v 14 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။
\v 15 ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။
\v 16 ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊
\s5
\v 17 ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊
\v 18 ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
\v 19 ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။
\s5
\v 20 ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။
\v 21 ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။
\s5
\v 22 ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။
\v 23 ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။
\s5
\c 17
\v 1 ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။
\s5
\v 2 ရှောလုနှင့်ဣသရေလ လူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်းကြ၏။
\v 3 ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။
\s5
\v 4 ခြောက်တောင်နှင့်တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိ တပ်ထဲက ထွက်လာ၏။
\v 5 သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါ ချပ်အင်္ကျီကို ဝတ်၏။
\s5
\v 6 ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
\v 7 လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ၏။
\s5
\v 8 ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။
\v 9 သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။
\s5
\v 10 တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို၏။
\v 11 ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
\s5
\v 12 ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။
\v 13 ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။
\s5
\v 14 ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -
\v 15 ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။
\v 16 ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။
\s5
\v 17 ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။
\v 18 ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။
\s5
\v 19 ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ၏။
\v 20 ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -
\v 21 ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။
\s5
\v 22 ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
\v 23 သူတို့နှင့် ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲ က ထွက်လာ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။
\v 24 ဣသရေလလူအပေါင်းတို့သည် ထိုသူကို မြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။
\s5
\v 25 အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
\s5
\v 26 ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင်၊-
\v 27 သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။
\s5
\v 28 ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။
\v 29 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက်၊
\v 30 အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
\s5
\v 31 ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။
\v 32 ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင်၊-
\v 33 ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊-
\s5
\v 34 ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
\v 35 ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။
\s5
\v 36 ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
\s5
\v 37 ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။
\v 38 ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။
\s5
\v 39 ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက် များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။
\v 40 တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
\s5
\v 41 ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။
\v 42 ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။
\v 43 ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။
\s5
\v 44 တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
\v 45 ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။
\s5
\v 46 ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကို ငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည်။
\v 47 ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။
\s5
\v 48 ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှါ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှါ ဗိုလ်ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ၊-
\v 49 လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကို မှန်၍ နဖူးပေါက် သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
\s5
\v 50 ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။
\v 51 ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ၏။
\s5
\v 52 ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
\v 53 ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
\v 54 ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကို ယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များ ကို မိမိတဲ၌ ထား၏။
\s5
\v 55 ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှါ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏ သာဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော် မသိပါဟု လျှောက်လျှင်၊-
\v 56 ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏ သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။
\s5
\v 57 ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ၊ သူ၏ ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည် ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊-
\v 58 ရှောလုက၊ အချင်း လုလင်၊ သင်သည် အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သား ဖြစ်ပါသည်ဟု လျှောက်လေ၏။
\s5
\c 18
\v 1 ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
\v 2 ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။
\s5
\v 3 ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
\v 4 မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
\s5
\v 5 ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
\s5
\v 6 ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
\v 7 ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
\s5
\v 8 ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
\v 9 ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။
\s5
\v 10 နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-
\v 11 ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
\v 12 ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-
\s5
\v 13 အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
\v 14 ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
\s5
\v 15 ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။
\v 16 ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
\s5
\v 17 တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
\v 18 ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
\s5
\v 19 သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
\s5
\v 20 တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
\v 21 ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
\s5
\v 22 နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
\s5
\v 23 ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
\v 24 ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
\s5
\v 25 သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
\v 26 ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊-
\s5
\v 27 မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
\v 28 ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊-
\v 29 ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
\s5
\v 30 တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
\s5
\c 19
\v 1 ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။
\v 2 သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
\v 3 ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
\s5
\v 4 ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
\v 5 မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
\s5
\v 6 ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
\v 7 ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
\s5
\v 8 တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။
\v 9 ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
\s5
\v 10 သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။
\v 11 ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊
\s5
\v 12 ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
\v 13 မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။
\s5
\v 14 ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
\v 15 ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊
\s5
\v 16 တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
\v 17 ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
\s5
\v 18 ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။
\v 19 ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊
\v 20 ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
\s5
\v 21 ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။
\v 22 ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊
\s5
\v 23 ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။
\v 24 အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။
\s5
\c 20
\v 1 ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊
\v 2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
\s5
\v 3 ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။
\s5
\v 4 ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
\v 5 ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
\s5
\v 6 သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။
\v 7 အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
\s5
\v 8 ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
\v 9 ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။
\s5
\v 10 ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊
\v 11 ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
\s5
\v 12 ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊
\v 13 သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
\s5
\v 14 သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊
\v 15 ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
\v 16 သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊
\s5
\v 17 ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
\v 18 တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
\v 19 သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။
\s5
\v 20 ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။
\v 21 မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
\s5
\v 22 သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
\v 23 ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
\s5
\v 24 ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။
\v 25 ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။
\s5
\v 26 သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
\v 27 နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊
\s5
\v 28 ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
\v 29 အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
\s5
\v 30 ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။
\v 31 ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
\s5
\v 32 ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
\v 33 ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊
\v 34 အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။
\s5
\v 35 နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။
\v 36 လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။
\v 37 ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။
\s5
\v 38 ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
\v 39 သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
\v 40 ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
\s5
\v 41 လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
\v 42 ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။
\s5
\c 21
\v 1 ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊
\v 2 ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
\s5
\v 3 သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။
\v 4 ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။
\s5
\v 5 ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊
\v 6 ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
\s5
\v 7 ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
\s5
\v 8 ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊
\v 9 ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။
\s5
\v 10 ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
\v 11 အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။
\s5
\v 12 ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊-
\v 13 ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
\s5
\v 14 အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။
\v 15 အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။
\s5
\c 22
\v 1 ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
\v 2 အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
\s5
\v 3 ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
\v 4 မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
\v 5 တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
\s5
\v 6 ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊
\s5
\v 7 အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
\v 8 ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
\s5
\v 9 ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
\v 10 အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
\s5
\v 11 ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
\v 12 ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။
\v 13 ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
\s5
\v 14 အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
\v 15 ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
\s5
\v 16 ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊
\v 17 ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။
\s5
\v 18 တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
\v 19 ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။
\s5
\v 20 အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
\v 21 ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊
\s5
\v 22 ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
\v 23 ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
\s5
\c 23
\v 1 ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ
\v 2 အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။
\s5
\v 3 ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။
\v 4 တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
\s5
\v 5 ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။
\v 6 အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း။
\s5
\v 7 ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊
\v 8 ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
\v 9 ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို၏။
\s5
\v 10 ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။
\v 11 ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။
\s5
\v 12 တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။
\s5
\v 13 ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။
\v 14 ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။
\s5
\v 15 တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊
\v 16 ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊
\s5
\v 17 မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
\v 18 ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
\s5
\v 19 တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊
\v 20 အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
\s5
\v 21 ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။
\v 22 ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။
\v 23 ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
\s5
\v 24 သူတို့သည် ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။
\v 25 ရှောလုသည်လည်း လူများနှင့်တကွ လာ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှ ထွက်သွား၍ မောနတော၌ နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကို လိုက်၍ ရှာ၏။
\s5
\v 26 ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။
\v 27 ထိုအခါ တမန်ရောက်လာ၍၊ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့်၊
\s5
\v 28 ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း။
\v 29 ဒါဝိဒ်သည် ထိုအရပ်မှ သွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သော အရပ်တို့၌ နေလေ၏။
\s5
\c 24
\v 1 ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
\v 2 ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
\s5
\v 3 လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
\v 4 ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
\s5
\v 5 ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
\v 6 ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
\v 7 ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
\s5
\v 8 ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
\v 9 ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
\s5
\v 10 ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
\v 11 ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
\s5
\v 12 ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
\v 13 ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
\s5
\v 14 ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
\v 15 သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
\s5
\v 16 ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
\s5
\v 17 တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
\v 18 ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
\s5
\v 19 လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
\v 20 ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
\s5
\v 21 သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
\v 22 ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။
\s5
\c 25
\v 1 ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
\s5
\v 2 ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။
\v 3 ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဥာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
\s5
\v 4 နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊
\v 5 လုလင်တကျိပ်တို့ကို ခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။
\v 6 စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။
\s5
\v 7 ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ။
\v 8 ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။
\s5
\v 9 ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
\v 10 နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
\v 11 ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။
\s5
\v 12 ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။
\v 13 ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။
\s5
\v 14 လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။
\v 15 ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။
\s5
\v 16 ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။
\v 17 သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊
\s5
\v 18 အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
\v 19 ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို၏။ လင်နာဗလကို အလျှင်းမပြော။
\s5
\v 20 မြည်းကို စီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက် တချက် ဆင်းလာ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ၏။
\s5
\v 21 ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။
\v 22 နက်ဖြန် မိုဃ်းလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။
\s5
\v 23 အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊
\v 24 သူ၏ ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။
\s5
\v 25 ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။
\v 26 ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
\s5
\v 27 ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။
\v 28 ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
\s5
\v 29 ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ၍ ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။
\s5
\v 30 ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ၊
\v 31 ကျွန်မ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။
\s5
\v 32 ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
\v 33 သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။
\s5
\v 34 အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊
\v 35 သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
\s5
\v 36 အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။
\s5
\v 37 မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။
\v 38 ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
\s5
\v 39 နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။
\v 40 ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊
\s5
\v 41 အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊
\v 42 အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။
\s5
\v 43 ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။
\v 44 ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏ မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအားပေးစားနှင့်ပြီ။
\s5
\c 26
\v 1 တဖန်ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင်၊
\v 2 ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ၏။
\s5
\v 3 ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
\v 4 သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
\s5
\v 5 ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
\s5
\v 6 ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
\v 7 ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။
\v 8 အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
\s5
\v 9 ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။
\v 10 တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
\s5
\v 11 ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
\v 12 လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
\s5
\v 13 ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
\v 14 အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
\s5
\v 15 ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
\v 16 သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
\s5
\v 17 ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
\v 18 တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
\s5
\v 19 ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
\v 20 သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
\s5
\v 21 ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန် မှားယွင်းပြီဟု ဆိုသော်၊
\s5
\v 22 ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။
\v 23 လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။
\s5
\v 24 ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
\v 25 ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။
\s5
\c 27
\v 1 တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
\s5
\v 2 မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
\v 3 ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
\v 4 ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
\s5
\v 5 ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
\v 6 ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
\v 7 ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။
\s5
\v 8 တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
\v 9 ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
\s5
\v 10 အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
\s5
\v 11 ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
\v 12 အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။
\s5
\c 28
\v 1 ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
\v 2 ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
\s5
\v 3 ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
\v 4 ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
\s5
\v 5 ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
\v 6 ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
\v 7 ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
\s5
\v 8 ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
\v 9 မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
\v 10 ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
\s5
\v 11 မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
\v 12 မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
\s5
\v 13 ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
\v 14 အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
\s5
\v 15 ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
\s5
\v 16 ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
\v 17 ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
\s5
\v 18 အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
\v 19 ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
\s5
\v 20 ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
\v 21 ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
\s5
\v 22 သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
\v 23 ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
\s5
\v 24 ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
\v 25 ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။
\s5
\c 29
\v 1 ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
\v 2 ဖိလိတ္တိမင်းတို့သည် လူတရာတပ်၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့်၊ ဒါဝိဒ်နှင့် သူ၏ လူတို့သည် နောက်တပ်၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ၏။
\s5
\v 3 ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊
\s5
\v 4 ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
\s5
\v 5 ရှောလုအထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ၊ ဤဒါဝိဒ်ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့်၊
\s5
\v 6 အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။
\v 7 သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊
\s5
\v 8 ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊
\v 9 အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။
\s5
\v 10 သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊
\v 11 ဒါဝိဒနှင့် သူ၏ လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။
\s5
\c 30
\v 1 သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
\v 2 မြို့၌ ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
\s5
\v 3 သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကို မီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊
\v 4 ငိုသံကို လွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။
\s5
\v 5 ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ မယားက ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
\v 6 ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
\s5
\v 7 သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
\v 8 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
\s5
\v 9 ဒါဝိဒ်နှင့် သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
\v 10 ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
\s5
\v 11 လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။
\v 12 သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။
\s5
\v 13 ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။
\v 14 ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။
\s5
\v 15 ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
\s5
\v 16 လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတပြင်လုံး၌ အနှံ့အပြားရှိကြ၏။
\v 17 ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်။
\s5
\v 18 အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။
\v 19 လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။
\v 20 ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။
\s5
\v 21 မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
\v 22 ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
\s5
\v 23 ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။
\v 24 ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသော သူရသည်အတိုင်း၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
\v 25 ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း။
\s5
\v 26 ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
\v 27 ဗေသလမြို့၊ တောင်ရာမုတ်မြို့၊
\v 28 အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊
\s5
\v 29 ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊
\v 30 ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊
\v 31 ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။
\s5
\c 31
\v 1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
\v 2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။
\v 3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊
\s5
\v 4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။
\v 5 ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ၍ သေ၏။
\v 6 ထိုသို့ရှောလုမှစ၍ သူ၏ သားသုံးယောက်၊ သူ၏ လက်နက်ဆောင်လုလင်၊ သူ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ၏။
\s5
\v 7 ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တဘက်၊ ယော်ဒန်မြစ်တဘက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။
\v 8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။
\s5
\v 9 ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။
\v 10 လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
\s5
\v 11 ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
\v 12 သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
\v 13 အရိုးတို့ကို လည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်