my_juds/04-NUM.usfm

1882 lines
431 KiB
Plaintext

\id NUM Numbers
\ide UTF-8
\h တောလည်ရာကျမ်း
\toc1 တောလည်ရာကျမ်း
\toc2 Numbers
\toc3 num
\mt1 တောလည်ရာကျမ်း
\s5
\c 1
\p
\v 1 ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 2 သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
\v 3 စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
\s5
\v 4 အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
\v 5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
\v 6 ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
\s5
\v 7 ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
\v 8 ဣသခါအမျိုး ဇုအာသား နာသနေလ။
\v 9 ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
\s5
\v 10 ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
\v 11 ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိ သားအဘိဒန်။
\s5
\v 12 ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
\v 13 အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
\v 14 ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
\v 15 နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
\s5
\v 16 ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
\s5
\v 17 ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
\v 18 ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
\v 19 ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
\s5
\v 20 ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
\v 21 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
\s5
\v 22 ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 23 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
\s5
\v 24 ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
\v 25 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ၏။
\s5
\v 26 ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည် အတိုင်း၊
\v 27 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း၊ လေးထောင်ခြောက်ရာ ရှိကြ၏။
\s5
\v 28 ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 29 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏။
\s5
\v 30 ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 31 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ၏။
\s5
\v 32 ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
\v 33 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ၏။
\s5
\v 34 မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 35 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။
\s5
\v 36 ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 37 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။
\s5
\v 38 ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
\v 39 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။
\s5
\v 40 အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 41 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ၏။
\s5
\v 42 နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
\v 43 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။
\s5
\v 44 ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်
\v 45 ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက်၍ စာရင်းယူသည်အတိုင်း၊
\v 46 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
\s5
\v 47 လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊
\v 48 ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
\v 49 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။
\s5
\v 50 လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကို၎င်း အပ်၍၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
\s5
\v 51 တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
\v 52 ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။
\s5
\v 53 ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
\v 54 မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။
\s5
\c 2
\v 1 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
\v 2 ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
\s5
\v 3 နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 4 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
\s5
\v 5 ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
\v 6 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
\s5
\v 7 ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
\v 8 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
\s5
\v 9 ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
\s5
\v 10 တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
\v 11 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
\s5
\v 12 ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 13 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
\s5
\v 14 ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 15 သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
\s5
\v 16 ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
\s5
\v 17 ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။
\s5
\v 18 အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 19 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။
\s5
\v 20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 21 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
\s5
\v 22 ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
\v 23 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
\s5
\v 24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
\s5
\v 25 တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 26 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။
\s5
\v 27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။
\v 28 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။
\s5
\v 29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
\v 30 သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။
\s5
\v 31 ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
\s5
\v 32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
\v 33 ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။
\s5
\v 34 ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။
\s5
\c 3
\v 1 ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
\v 2 အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
\s5
\v 3 ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
\v 4 နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
\s5
\v 5 ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
\v 6 သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
\s5
\v 7 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
\v 8 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
\s5
\v 9 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
\v 10 အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
\s5
\v 11 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
\v 12 ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
\v 13 အကြော်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
\s5
\v 14 တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊
\v 15 လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊
\v 16 မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။
\s5
\v 17 လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
\v 18 မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။
\v 19 မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
\v 20 မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။
\s5
\v 21 ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
\v 22 ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။
\v 23 ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
\s5
\v 24 ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။
\v 25 ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊
\v 26 တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
\s5
\v 27 ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။
\v 28 တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။
\v 29 ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။
\s5
\v 30 ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။
\v 31 သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။
\v 32 ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။
\s5
\v 33 မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
\v 34 ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။
\v 35 မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
\s5
\v 36 မေရာရိသားတို့ အငန်းအတာဟူမူကား၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ၊ တိုင်များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊
\v 37 ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
\s5
\v 38 မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
\v 39 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
\s5
\v 40 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။
\v 41 ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊
\s5
\v 42 မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊
\v 43 အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။
\s5
\v 44 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 45 ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။
\s5
\v 46 လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊
\v 47 အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
\v 48 ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊
\v 49 လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊
\v 50 မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊
\v 51 ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
\s5
\c 4
\v 1 တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
\v 2 လေဝိအမျိုး၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊
\v 3 အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
\v 4 အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား၊
\s5
\v 5 တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။
\v 6 ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
\s5
\v 7 ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊
\v 8 ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
\s5
\v 9 မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊
\v 10 ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။
\v 11 ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
\s5
\v 12 သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။
\v 13 ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
\v 14 ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။
\s5
\v 15 ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။
\v 16 ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။
\s5
\v 17 တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
\v 18 ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။
\v 19 သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။
\v 20 သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။
\s5
\v 21 တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 22 ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
\v 23 ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့။
\s5
\v 24 ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု၊ ထမ်းရသောဝန်ဟူမူကား၊
\v 25 အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊
\v 26 တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။
\s5
\v 27 ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန် ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည်။
\v 28 ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။
\s5
\v 29 မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊
\v 30 ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။
\s5
\v 31 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊
\v 32 ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။
\s5
\v 33 ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။
\s5
\v 34 မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ၊
\v 35 ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊
\v 36 ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း။
\s5
\v 37 ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။
\s5
\v 38 ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
\v 39 ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊
\v 40 အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။
\s5
\v 41 ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
\s5
\v 42 မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
\v 43 ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍
\v 44 စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။
\s5
\v 45 ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။
\s5
\v 46 ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊
\v 47 ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊
\v 48 ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။
\s5
\v 49 မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။
\s5
\c 5
\v 1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 2 ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ၊
\v 3 ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာ စွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
\v 4 မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ၏။
\s5
\v 5 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 6 လူပြုတတ်သော ဒုစရိုက်ကိုပြု၍၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည်၊
\v 7 ထိုအပြစ်ကို ဘော်ပြ၍ တောင်းပန်ရမည်။ ပြစ် မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသော သူအားပေးရမည်။
\s5
\v 8 ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည်။
\v 9 ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရော ဟိတ်၏ဥစ္စာ ဖြစ်ရမည်။
\v 10 လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
\s5
\v 11 တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 12 လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊
\s5
\v 13 မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊
\v 14 သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ လင် သည် မယားကို မယုံလျှင်၎င်း
\s5
\v 15 ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။
\s5
\v 16 ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကို ယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
\v 17 ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး၌ လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကို ယူ၍ ရေထဲမှာ ထည့်ရမည်။
\s5
\v 18 ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။
\v 19 ထိုအခါ ယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။
\s5
\v 20 ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊
\v 21 ထာဝရဘုရားသည်၊ သင်၏ပေါင်ကို ပိန်စေ၍ ဝမ်းကိုလည်း ရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။
\v 22 ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင်၏ ဝမ်းထဲသို့ ဝင်၍ ဝမ်းရောင်းခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟု ဝန်ခံရမည်။
\s5
\v 23 ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကို ရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊
\s5
\v 24 ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။
\v 25 ထိုအခါ ယဇ်ပုရောဟိတ်သည်၊ မယားကို မယုံ ခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊
\v 26 မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည်။
\s5
\v 27 ထိုမိန်းမသည် လက်ကိုပြစ်မှား၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန် ခြင်းသို့ရောက်၍ ထိမိန်းမသည် မိမိအမျိုး၌ ကျိန်အပ် သောသူဖြစ်လိမ့်မည်။
\v 28 သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး၊ စင်ကြယ် ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည်။
\s5
\v 29 ဤရွှေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊
\v 30 ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော်၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့်၊
\s5
\v 31 ယောက်ျားသည် အပြစ်နှင့် ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ၏။
\s5
\c 6
\v 1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 2 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊
\v 3 စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည်။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။
\v 4 ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။
\s5
\v 5 ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး၊ ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။
\s5
\v 6 ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
\v 7 သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနား စေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။
\v 8 ခြားနားလျက်နေသော ကာလပတ်လုံး၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
\s5
\v 9 သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကို ရိတ်ရမည်။
\s5
\v 10 အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
\v 11 ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ် ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေ ရမည်။
\s5
\v 12 အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။
\s5
\v 13 ခြားနား၍ နေသောကာလစေ့ပြီးမှ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ၍၊
\v 14 မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊
\v 15 ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။
\s5
\v 16 ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည်။
\v 17 တဆေးမဲ့ မုန့်တတောင်းနှင့်တကွ၊ မိဿဟာယ ယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။
\s5
\v 18 နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။
\s5
\v 19 ခြားနားသော ဦးဆံကို ရိတ်ပြီးမှ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ၍ နာဇရိလူလက်၌ ထည့်ပြီးလျှင်၊
\v 20 ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။
\s5
\v 21 ဤရှေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ၏။
\s5
\v 22 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
\v 23 သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊
\v 24 ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။
\s5
\v 25 ထာဝရဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
\v 26 ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု
\v 27 ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။
\s5
\c 7
\v 1 မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊
\v 2 စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊
\v 3 မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။
\s5
\v 4-5 ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
\s5
\v 6 မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်
\v 7 အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊
\v 8 မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေးလေ၏။
\s5
\v 9 သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး။
\s5
\v 10 ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။
\v 11 ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။
\s5
\v 12 ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊
\v 13 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
\v 14 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\s5
\v 15 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
\v 16 အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင်၊
\v 17 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။
\s5
\v 18 ဒုတိယနေ့၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
\v 19 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\s5
\v 20 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
\v 21 မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
\v 22 အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 23 မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။
\s5
\v 24 တတိယနေ့၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား၊
\v 25 အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\v 26 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -
\s5
\v 27 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
\v 28 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 29 မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ၏။
\s5
\v 30 စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊
\v 31 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\v 32 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\s5
\v 33 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 34 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 35 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ၏။
\s5
\v 36 ပဥ္စမနေ့၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
\v 37 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\v 38 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ် တဆယ်အချိန်ရှိသော ရွှေဇွန်း
\s5
\v 39 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 40 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 41 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေ လုမျေလသည် ပူဇော် လေ၏။
\s5
\v 42 ဆဌမနေ့၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလ သား၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား၊
\v 43 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\v 44 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\s5
\v 45 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊
\v 46 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်။
\v 47 မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
\s5
\v 48 သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား၊
\v 49 အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက်၊
\v 50 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\s5
\v 51 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 52 အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်
\v 53-54 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ၏။
\v 55 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇသ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
\v 56 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။
\v 57 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 58 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 59 မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊
\v 60 နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား
\v 61 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
\v 62 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
\v 63 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 64 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 65 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
\v 66 ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊
\v 67 အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
\v 68 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\v 69 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 70 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 71 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
\v 72 ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။
\v 73 အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
\v 74 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\v 75 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
\v 76 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 77 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။
\v 78 ဒွါဒသမနေ့၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊
\v 79 အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
\v 80 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
\v 81 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊ အခါမလည်သော သိုးသငယ်တကောင်၊
\v 82 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
\v 83 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။
\v 84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း။
\v 85 ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။
\v 86 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း။
\v 87 မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊
\v 88 မိဿဟာယ ယဇ်ဘို့ နွားပေါင်း၊ နှစ်ဆယ် လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ယဇ်ပလ္လင် ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
\v 89 မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။
\s5
\c 8
\v 1 ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊
\v 2 မီးခွက်များကို ထွန်းသောအခါ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊
\s5
\v 3 မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။
\v 4 မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။
\s5
\v 5 ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
\v 6 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
\s5
\v 7 စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။
\v 8 ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊
\s5
\v 9 လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊
\v 10 လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊
\v 11 သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
\s5
\v 12 လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။
\v 13 လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
\s5
\v 14 ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
\v 15 ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊
\s5
\v 16 ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။
\v 17 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။
\s5
\v 18 တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။
\v 19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ၏သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု၊
\s5
\v 20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင်၊
\v 21 သူတို့သည် စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့ အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ၏။
\s5
\v 22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ၏ သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
\s5
\v 23 တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 24 လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည်။
\s5
\v 25-26 အသက်ငါးဆယ်လွန်မှ အမှုလွတ်၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။
\s5
\c 9
\v 1 အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
\v 2 ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
\v 3 စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
\s5
\v 4 ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
\v 5 သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
\s5
\v 6 ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
\v 7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
\v 8 မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
\s5
\v 9 ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 10 သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
\s5
\v 11 ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
\v 12 ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။
\s5
\v 13 ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။
\v 14 သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
\s5
\v 15 တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။
\v 16 ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
\v 17 မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။
\s5
\v 18 ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
\v 19 မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
\s5
\v 20 မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
\v 21 ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။
\s5
\v 22 နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။
\v 23 ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
\s5
\c 10
\v 1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
\v 2 သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
\s5
\v 3 တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
\v 4 တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။
\v 5 နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။
\s5
\v 6 ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။
\v 7 ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။
\v 8 အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
\s5
\v 9 သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။
\s5
\v 10 သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
\s5
\v 11 ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊
\v 12 ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။
\v 13 ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
\s5
\v 14 ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။
\v 15 ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
\v 16 ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
\s5
\v 17 တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
\v 18 ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
\v 19 ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
\v 20 ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
\s5
\v 21 ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
\v 22 ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ၏။
\v 23 မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
\v 24 ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
\s5
\v 25 နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ၏။
\v 26 အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ၏။
\v 27 နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
\v 28 ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
\s5
\v 29 မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
\v 30 ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို၏။
\s5
\v 31 မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
\v 32 ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
\s5
\v 33 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
\v 34 သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
\s5
\v 35 သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
\v 36 သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။
\s5
\c 11
\v 1 တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။
\v 2 လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
\v 3 ထာဝရဘုရား၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ၏။
\s5
\v 4 ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
\v 5 အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
\v 6 ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
\s5
\v 7 မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
\v 8 လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
\s5
\v 9 စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
\v 10 ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
\s5
\v 11 ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
\v 12 သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
\s5
\v 13 ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
\v 14 ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
\v 15 ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
\s5
\v 16 ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
\v 17 ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
\s5
\v 18 သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
\v 19 တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။
\v 20 သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 21 မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
\v 22 သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊
\v 23 ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 24 မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
\v 25 ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
\s5
\v 26 ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။
\v 27 လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
\s5
\v 28 မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊
\v 29 မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊
\v 30 ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။
\s5
\v 31 ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
\v 32 လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
\s5
\v 33 သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။
\v 34 တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ၏။
\v 35 လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။
\s5
\c 12
\v 1 မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
\v 2 အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။
\v 3 မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
\s5
\v 4 ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
\v 5 ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။
\s5
\v 6 ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
\v 7 အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။
\v 8 သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊
\s5
\v 9 အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊
\v 10 မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
\s5
\v 11 အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။
\v 12 ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင်၊
\s5
\v 13 မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
\v 14 ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊
\v 15 မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။
\s5
\v 16 ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း၍ ပါရန် တော၌ တဲဆောက်ကြ၏။
\s5
\c 13
\v 1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
\v 2 ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
\s5
\v 3 ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
\v 4 သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
\s5
\v 5 ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
\v 6 ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
\v 7 ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
\v 8 ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
\s5
\v 9 ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
\v 10 ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
\v 11 ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
\v 12 ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
\s5
\v 13 အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
\v 14 နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
\v 15 ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
\v 16 ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
\s5
\v 17 ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
\v 18 ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
\v 19 သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
\v 20 ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
\s5
\v 21 ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
\v 22 တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
\s5
\v 23 ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
\v 24 ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
\s5
\v 25 အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
\v 26 မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
\s5
\v 27 မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
\v 28 သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
\v 29 အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
\s5
\v 30 ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
\v 31 သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
\s5
\v 32 ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
\v 33 ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။
\s5
\c 14
\v 1 ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကို လွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။
\v 2 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။
\v 3 ငါတို့သည် ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊
\s5
\v 4 တဖန် လူတစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက် ဆိုကြ၏။
\v 5 မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။
\s5
\v 6 ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏ သားယောရှု၊ ယေဖုန္နာ၏သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ်၍၊
\v 7 ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ် လျက်၊ ငါတို့ရှောက် သွား၍စူးစမ်းသော ပြည်သည် အလွန်တရာကောင်းသော ပြည်ဖြစ်ပါ၏။
\v 8 ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့် ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
\s5
\v 9 ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရား သည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။
\v 10 ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရ ဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော်၌ ထင်ရှားလေ ၏။
\s5
\v 11 ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း။
\v 12 သူတို့ကိုကာလနာဘေးဖြင့် ငါသည် ဒဏ်ခတ်၍ သား၏ အရာကိုနှုတ်မည်။ သူတို့ထက် သင့်ကိုသာ၍ စည်ပင်သောအမျိုး၊ သာ၍ တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 13 မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့ တော်မူသည်ဖြစ်၍၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြားပြန်လျှင်၊
\v 14 ဤပြည်၌ နေသောသူတို့အား သိတင်းပြောကြ လိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ်တောသည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း။ ကိုယ်တော်သည် နေ့ အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရကြပြီ။
\s5
\v 15 ယခုမှာ၊ ဤလူမျိုးကို လူတယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကို ကြားဘူး သော လူအမျိုးမျိုးတို့က၊
\v 16 ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌ သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့် မည်။
\s5
\v 17 ကိုယ်တော်က၊ ထာဝရဘုရားသည်သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက်ဖြေလွှတ် တော်မမူထသော လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင်၊
\v 18 အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။
\v 19 အဲဂုတ္တုပြည်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
\s5
\v 20 ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။
\v 21 ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။
\v 22 ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤ တော၌ ထူးဆန်းသော တန်ခိုးတော်ကို၎င်း မြင်ရသော လူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊
\s5
\v 23 သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြု သော သူတစုံတယောက်မျှ မမြင်ရ။
\v 24 ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြ လိမ့်မည်။
\v 25 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့ ၌လှည့် လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။
\s5
\v 26 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
\v 27 ငါ့ကို အပြစ်တင်၍၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ။
\s5
\v 28 သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။
\v 29 သင်တို့ကို ရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကို အပြစ်တင်၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။
\v 30 ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သား ကာလက်၊ နုန်၏သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ။
\s5
\v 31 ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။
\v 32 သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
\v 33 ဤတော၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။
\s5
\v 34 ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည်။
\v 35 အကယ်စင်စစ် ငါတဘက၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။
\s5
\v 36 မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊
\v 37 ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလ နာဘေးနှင့် သေကြလေ၏။
\v 38 ထိုပြည်ကို စူးစမ်း၍ သွားသောလူတို့တွင် နုန်၏ သား ယောရှုနှင့် ယေဖုန္န၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။
\s5
\v 39 မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့ သည် အလွန်ညည်းတွားလျက် နေကြ၏။
\v 40 နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီး လျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
\s5
\v 41 မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထ မြောက်ရ။
\v 42 မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက် ၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။
\v 43 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့ သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့ သည် ထားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟုဆိုသော်လည်း၊
\s5
\v 44 သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ၏။
\v 45 ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍ အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။
\s5
\c 15
\v 1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
\v 2 သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
\v 3 သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
\s5
\v 4 ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
\v 5 ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
\s5
\v 6 သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
\v 7 ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
\s5
\v 8 ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
\v 9 မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
\v 10 နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
\s5
\v 11 နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
\v 12 ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
\v 13 ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
\s5
\v 14 သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
\v 15 ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
\v 16 သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
\s5
\v 17 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 18 ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
\v 19 ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
\s5
\v 20 အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
\v 21 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
\s5
\v 22 ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
\v 23 သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
\v 24 ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
\s5
\v 25 ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
\v 26 ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
\s5
\v 27 လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
\v 28 ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
\v 29 ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
\s5
\v 30 ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
\v 31 ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
\s5
\v 32 ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
\v 33 တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
\v 34 သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
\s5
\v 35 ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
\v 36 ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
\s5
\v 37 တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 38 သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
\v 39 ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
\s5
\v 40 ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
\v 41 ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
\s5
\c 16
\v 1 လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
\v 2 ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
\v 3 မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
\s5
\v 4 ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
\v 5 တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
\s5
\v 6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
\v 7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
\s5
\v 8 တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
\v 9 သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
\v 10 သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
\v 11 ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
\s5
\v 12 ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
\v 13 သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
\v 14 ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
\s5
\v 15 မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
\v 16 ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
\v 17 လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
\s5
\v 18 ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
\v 19 ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
\s5
\v 20 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
\v 21 ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
\v 22 သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
\s5
\v 23 ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
\v 24 ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
\s5
\v 25 မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
\v 26 ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
\v 27 လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
\s5
\v 28 မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
\v 29 ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
\v 30 သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊
\s5
\v 31 ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
\v 32 မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
\s5
\v 33 ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။
\v 34 သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
\v 35 နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
\s5
\v 36-37 ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
\v 38 ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
\s5
\v 39 ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
\v 40 ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
\s5
\v 41 နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
\v 42 ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
\v 43 မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
\s5
\v 44 ထာဝရဘုရားကလည်း၊
\v 45 ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
\v 46 မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
\s5
\v 47 အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
\v 48 အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
\s5
\v 49 ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
\v 50 ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။
\s5
\c 17
\v 1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
\v 2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
\s5
\v 3 လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။
\v 4 ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
\v 5 ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
\s5
\v 6 မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ ၌ ပါသတည်း။
\v 7 မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထား လေ၏။
\s5
\v 8 နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
\v 9 မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ၏။
\s5
\v 10 ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
\v 11 မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
\s5
\v 12 ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
\v 13 ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။
\s5
\c 18
\v 1 တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။
\v 2 သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
\s5
\v 3 လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှ ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။
\v 4 သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက်၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ။
\v 5 နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည်။
\s5
\v 6 ထိုသို့ သင်တို့၏ ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး၏။
\v 7 ထိုကြောင့် သင်နှင့်သင်၏သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ၏။
\s5
\v 8 တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။
\v 9 မီးသို့မရောက်၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏သားတို့အဘို့ သန့်ရှင်းရကြမည်။
\s5
\v 10 သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့ သန့်ရှင်းပေ၏။
\v 11 ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။
\s5
\v 12 ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံး သော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ။
\v 13 ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ၏။
\s5
\v 14 ဣသရေလအမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည်။
\v 15 အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။
\v 16 ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။
\s5
\v 17 နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။
\v 18 အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။
\s5
\v 19 ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
\v 20 တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။
\s5
\v 21 လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။
\v 22 ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ။
\s5
\v 23 လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း။
\v 24 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
\s5
\v 25 တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 26 သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။
\v 27 ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့ မှတ်ရလိမ့် မည်။
\s5
\v 28 ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။
\v 29 သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။
\s5
\v 30 သို့ဖြစ်၍ သူတို့အား ဆင့်ဆိုရမည်မှာ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည်။
\v 31 ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသော အခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ်၏။
\v 32 အကောင်းဆုံးသော အဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်း မရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေ ရဟု မိန့်တော်မူ၏။
\s5
\c 19
\v 1 တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊
\v 2 အပြစ်မပါ၊ တခါမျှ ထမ်းဘိုးမတင်၊ ကွက်ကျား ခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။
\s5
\v 3 ယဇ်ပုရောဟိတ်ဧလာဇာ၌ အပ်၍ တပ်ပြင်သို့ ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူ သတ်ရမည်။
\v 4 ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကို လက် နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ် ကြိမ် ဖြန်းရမည်။
\v 5 ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏ အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြား သူသည် မီးရှို့ရမည်။
\v 6 ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ၍၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည်။
\s5
\v 7 ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို လည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
\v 8 မီးရှို့သော သူသည်လည်း၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင် ကြယ် ဖြစ်လိမ့်မည်။
\s5
\v 9 စင်ကြယ်သောသူ တစုံတယောက်သည် နွားမ၏ ပြာကို စုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သော အရပ်၌ ထားရမည်။ ဣသရေလအမျိုး ပရိသတ်အဘို့ စင်ကြယ် စေသော ရေဘော်ဘို့၊ ထိုပြာကို သိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။
\v 10 နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိ အဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း။
\s5
\v 11 လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည်။
\v 12 သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့် မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေ လျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ။
\v 13 လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
\s5
\v 14 တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။
\v 15 မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။
\v 16 သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေ အရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ထိလျှင်၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
\s5
\v 17 မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာ မီးရှို့ သောနွားမ၏ပြာအချို့ကို ယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊
\v 18 စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။
\v 19 စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖြန်းရ မည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကို သန့်ရှင်းစေ လျက်၊ မိမိအဝတ်ကို လျှော်၍ ရေချိုးလျှင်၊ ညဦးအချိန် တွင် စင်ကြယ်လိမ့်မည်။
\s5
\v 20 မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်း စေခြင်းငှါမပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာန တော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်း ခြင်းကို ခံရမည်။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။
\v 21 အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သော ရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ ထိုရေကို ထိသောသူလည်း၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
\v 22 မစင်ကြယ်သောသူ ထိသမျှသော အရာသည် လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိသောသူ လည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
\s5
\c 20
\v 1 သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ သင်္ဂြိုဟ် လေ၏။
\s5
\v 2 ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊
\v 3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။
\s5
\v 4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။
\v 5 ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ် သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။
\s5
\v 6 မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။
\s5
\v 7 ထာဝရဘုရားကလည်း၊
\v 8 လှံတံတော်ကို ကိုင်ယူ၍ သင်၏အစ်ကိုအာရုန် ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက် စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ ရေကို ပေးရမည်ဟု၊
\v 9 မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊
\s5
\v 10 အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက်၊
\v 11 မိမိလက်ကို ဆန့်၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ် တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
\s5
\v 12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကို မယုံ ကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။
\v 13 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
\s5
\v 14 မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံ သို့ သံတမန်တို့ကို စေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလ က၊ အကျွန်ုပ်တို့ တွေ့ရသောအမှု အလုံးစုံတည်းဟူသော၊
\v 15 အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့ သည်အဲဂုတ္တုပြည် မှာကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း၊
\v 16 အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ ရှိကြပါ၏။
\s5
\v 17 ကိုယ်တော့်ပြည်အလယ်၌ရှောက်၍ သွားပါရ စေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်း ရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန် မှီတိုင်အောင်၊ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ မင်း လမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
\s5
\v 18 ဧဒုံကလည်း၊ သင်သည် ငါ့ပြည်အလယ်၌ မရှောက်မသွားရ။ ရှောက်သွားလျှင်၊ ထားလက်နက်နှင့် ဆီးတားမည်ဟု ပြန်ပြော၏။
\v 19 ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့ သာ ရှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့ သည် ကိုယ်တော့်ရေကို သောက်လျှင် အဘိုးကို ပေးပါ မည်။ အခြားသောအမှုကို မပြုဘဲ၊ ခြေဖြင့် သွားရုံမျှသာ ပြုပါမည်ဟု ဆိုသော်လည်း၊
\s5
\v 20 ဧဒုံက၊ သင်သည် ရှောက်၍မသွားရဟုဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်း ငှါ ထွက်လာ၏။
\v 21 ထိုသို့ ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွား သော အခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
\s5
\v 22 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ကာဒေရှအရပ်မှ ပြောင်း၍ ဟောရတောင်သို့ ရောက်ကြ၏။
\v 23 ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ်၍၊
\v 24 သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်။
\s5
\v 25 သို့ဖြစ်၍ အာရုန်နှင့် သူ၏သား ဧလာဇာကို ခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊
\v 26 အာရုန်၏အဝတ်ကို ချွတ်၍ သူ၏သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊
\s5
\v 27 မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။
\v 28 မောရှေသည် အာရုန်၏အဝတ်ကို ချွတ်၍ သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ် က ဆင်းလာကြ၏။
\v 29 အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုး သားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
\s5
\c 21
\v 1 ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။
\v 2 ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။
\v 3 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
\s5
\v 4 ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
\v 5 သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
\s5
\v 6 ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
\v 7 ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
\s5
\v 8 ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
\v 9 မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
\s5
\v 10 တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
\v 11 ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
\s5
\v 12 ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
\v 13 ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
\s5
\v 14 ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
\v 15 အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
\s5
\v 16 အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
\s5
\v 17 ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
\v 18 တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
\s5
\v 19 ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
\v 20 ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
\s5
\v 21 ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက်၊
\v 22 အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ် သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
\v 23 ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
\s5
\v 24 ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။
\v 25 ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။
\v 26 ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
\s5
\v 27 ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
\v 28 ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။
\s5
\v 29 အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။
\v 30 တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
\s5
\v 31 ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
\v 32 မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
\s5
\v 33 တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
\v 34 ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
\v 35 ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။
\s5
\c 22
\v 1 တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။
\s5
\v 2 အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံး စုံကို၊ ဇိဖေါ်သားဗာလက်မင်းသိမြင်လျှင်၊
\v 3 ဣသရေလအမျိုးသားတို့သည် များပြားသော ကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ ကြ၍၊
\v 4 နွားသည် မြက်ပင်ကို လှမ်း၍ စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကို လှမ်း၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖေါ်သား ဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊
\s5
\v 5 အမ္မုန်ပြည်၌ စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ။
\v 6 သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ ပြုလျှင် သူတို့ကို ငါတိုက်၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟု မှာလိုက်လေ၏။
\s5
\v 7 မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။
\v 8 ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။
\s5
\v 9 ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ သင်၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင်၊
\v 10 ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ်၍၊
\v 11 အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည်၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကို ငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အား လျှောက် ဆို၏။
\s5
\v 12 ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ၏။
\v 13 နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ၏။
\v 14 ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ၏။
\s5
\v 15 တဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေ အတွက်အားဖြင့် များ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊
\v 16 သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍ ဇိဖေါ် သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။
\v 17 ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
\s5
\v 18 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင်။
\v 19 သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ည မှာ ဤအရပ်၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
\v 20 ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့ နှင့်အတူ ထ၍ လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။
\s5
\v 21 နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။
\v 22 ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း၌ ရပ်နေ၏။ ထိုအခါ ဗာလမ် သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင်၊
\v 23 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။
\s5
\v 24 ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။
\v 25 ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။
\s5
\v 26 ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ်၌ ရပ်နေ၏။
\v 27 မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။
\s5
\v 28 ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း၊ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
\v 29 ဗာလမ်က၊ သင်သည် ငါ့ကို ကျီစားပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။
\v 30 မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင် ၏အစီးကို အစဉ်ခံရသော သင်၏ မြည်းဖြစ်သည်မဟုတ် လော။ သင်၌တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
\s5
\v 31 ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပြပ်ဝပ်လေ၏။
\v 32 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့်၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ။
\v 33 မြည်းသည် ငါ့ကို မြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို၏။
\s5
\v 34 ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ် တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊
\v 35 ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
\s5
\v 36 ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား၏။
\v 37 ဗာလက်မင်းကလည်း၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင်၊
\s5
\v 38 ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊
\v 39 ဗာလက်မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ၏။
\v 40 ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကို ပူဇော်၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ၏။
\s5
\v 41 နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။
\s5
\c 23
\v 1 ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း၊
\v 2 ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ၏။
\v 3 ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။
\s5
\v 4 ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။
\v 5 ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
\v 6 ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ ရာယဇ်နားမှာ ရပ်နေ၏။
\s5
\v 7 ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။
\v 8 ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။
\s5
\v 9 ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။
\s5
\v 10 ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို၏။
\s5
\v 11 ဗာလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ် သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊
\v 12 ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရ သလောဟု ပြန်ဆို၏။
\s5
\v 13 ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက်၊
\v 14 ပိသဂါ တောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။
\v 15 ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို၏။
\s5
\v 16 ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို၍ သူ၏ နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
\v 17 ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ် နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။
\v 18 ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖေါ်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။
\s5
\v 19 ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။
\v 20 ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမဖျက်နိုင်။
\s5
\v 21 ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသ ရေလအမျိုးတဘက်၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ၏။
\v 22 ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး၏။
\s5
\v 23 အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည်။
\s5
\v 24 ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ ပျိုကဲ့သို့ ထလိမ့်မည်။ ဘမ်းမိသော အကောင်ကို မစားမှီ၊ သတ်အပ်သော တိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။
\s5
\v 25 ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန် ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊
\v 26 ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှ အတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော၏။
\v 27 တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြား သော အရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက်၊
\s5
\v 28 ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင် ထိပ်သို့ ဆောင်သွားလေ၏။
\v 29 ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုး ထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊
\v 30 ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင် တခုတခု အပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လေ၏။
\s5
\c 24
\v 1 ထာဝရဘုရားသည်၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ် သိမြင်လျှင်၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှါ အရင် သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။
\s5
\v 2 သို့ရာတွင်၊ မြော်ကြည့်၍ ဣသရေလ အမျိုးသား တို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊
\v 3 သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိ ပွင့်သောသူ၊ ဗောရသား ဗာလမ်၏ စကား၊
\s5
\v 4 ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် ၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
\v 5 အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေ လအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှ လောက် တင့်တယ်ကြသည်တကား။
\s5
\v 6 ကျယ်ဝန်းသော ချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော် ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊
\s5
\v 7 ထိုအမျိုး၏ ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ၏ ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
\s5
\v 8 ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။
\s5
\v 9 ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့ သို့၎င်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို၏။
\s5
\v 10 ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက် ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား။
\v 11 ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ။ သို့ရာ တွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို၏။
\s5
\v 12 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
\v 13 ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော။
\v 14 ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊
\s5
\v 15 ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
\v 16 ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြား သောသူ၏စကားဟူမူကား၊
\s5
\v 17 ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
\s5
\v 18 ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။
\v 19 အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို၏။
\s5
\v 20 တဖန်အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို၏။
\s5
\v 21 တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့ နေရာ သည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ။
\v 22 သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို၏။
\s5
\v 23 တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။
\v 24 သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း နှောင့်ရှက်ကြ လိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
\v 25 ဗာလမ်သည် ထ၍ မိမိနေရာအရပ်သို့ ပြန် သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။
\s5
\c 25
\v 1 ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ၏။
\v 2 ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။
\v 3 ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။
\s5
\v 4 ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ၏။
\v 5 မောရှေ့သည် ဣသရလမင်းတို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
\s5
\v 6 ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
\v 7 ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊
\s5
\v 8 ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
\v 9 ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိသတည်း။
\s5
\v 10 ထာဝရဘုရားကလည်း၊ ငါသည် အမျက်ထွက်၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း၊
\v 11 ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏ သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
\s5
\v 12 သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး၏။
\v 13 သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ၏။
\s5
\v 14 မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု၏သား ဇိမရိဖြစ်သတည်း။
\v 15 အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ၏ သမီး ကောဇဘိဖြစ် သတည်း။
\s5
\v 16 ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍ လုပ်ကြံကြလော့။
\v 17-18 အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရား အမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ၏။
\s5
\c 26
\v 1 ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-
\v 2 အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း၊
\s5
\v 3 သူတို့သည် မောဘ လွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌၊
\v 4 အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။
\s5
\v 5 အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
\v 6 ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
\v 7 ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း။
\s5
\v 8 ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။
\v 9 ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
\s5
\v 10 မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
\v 11 သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
\s5
\v 12 ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူ ကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
\v 13 ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
\v 14 ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
\s5
\v 15 ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူ ကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
\v 16 ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး၊
\v 17 အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း။
\v 18 ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင် သော လူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။
\s5
\v 19 ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊
\v 20 ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
\v 21 ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။
\v 22 ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း။
\s5
\v 23 ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
\v 24 ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း။
\v 25 ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း။
\s5
\v 26 ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
\v 27 ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။
\s5
\v 28 ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
\v 29 မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
\s5
\v 30 ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
\v 31 အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
\v 32 ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။
\s5
\v 33 ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
\v 34 ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။
\s5
\v 35 ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
\v 36 ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
\v 37 ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။
\s5
\v 38 ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။
\v 39 ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
\v 40 ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။
\v 41 ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။
\s5
\v 42 ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊
\v 43 စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။
\s5
\v 44 ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။
\v 45 ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။
\v 46 အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။
\v 47 ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။
\s5
\v 48 ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
\v 49 ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။
\v 50 ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။
\s5
\v 51 ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။
\s5
\v 52 ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊
\v 53 ခါနန်ပြည်ကို ဝေရမည်။
\s5
\v 54 လူများလျှင်များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော မွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည်။
\v 55 သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။
\v 56 စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။
\s5
\v 57 ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-
\v 58 ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။
\v 59 အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။
\s5
\v 60 အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
\v 61 နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
\v 62 အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
\s5
\v 63 ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။
\v 64 မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။
\s5
\v 65 အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။
\s5
\c 27
\v 1 ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
\s5
\v 2 ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊
\v 3 အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
\s5
\v 4 ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
\v 5 သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။
\s5
\v 6 ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။
\v 7 အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
\v 8 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
\s5
\v 9 သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။
\v 10 ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည်။
\v 11 ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 12 တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
\v 13 သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
\v 14 အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 15-17 မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
\s5
\v 18 ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။
\v 19 ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
\s5
\v 20 ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
\v 21-22 ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
\v 23 သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။
\s5
\c 28
\v 1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊
\v 2 ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။
\s5
\v 3 တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။
\v 4 နံနက်ယံ၌ သိုးသငယ်တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
\v 5 သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။
\s5
\v 6 ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း။
\v 7 သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။
\v 8 အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော် သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည်။
\s5
\v 9-10 နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။
\s5
\v 11 လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
\v 12 နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ၊
\v 13 သိုးသငယ်တကောင်အဘို့၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာ ယဇ်ကို ပြုရမည်။
\s5
\v 14 သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင် နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည်။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည်။
\v 15 နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည်။
\s5
\v 16 ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
\v 17 ၎င်းလ တဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။
\v 18 ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
\s5
\v 19 ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
\v 20 နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
\v 21 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
\v 22 အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။
\s5
\v 23 နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။
\v 24 ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။
\v 25 သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည်။ လောကီအလုပ်ကို မလုပ်ရ။
\s5
\v 26 ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီး နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
\v 27 ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။
\v 28 နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
\s5
\v 29 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
\v 30 အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည်။
\v 31 ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။
\s5
\c 29
\v 1 သတ္တမလ၊ ပဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။
\s5
\v 2 ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
\s5
\v 3 နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
\v 4 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
\v 5 အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။
\s5
\v 6 ထိုသို့ ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည်။
\s5
\v 7 ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြု၍ ခြိုးခြံစွာ ကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။
\v 8 ထိုနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
\s5
\v 9 နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင်နှစ်ဩမဲ၊
\v 10 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
\v 11 အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပြုရမည်။
\s5
\v 12 ၎င်းလ တဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။
\v 13 ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။
\s5
\v 14 နွားဆယ်သုံးကောင်စေ့အောင်၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့ အောင်၊ တကောင်လျှင် နှစ်ဩမဲစီ၊
\v 15 သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရ မည်။
\v 16 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပူဇော်ရမည်။
\s5
\v 17 ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
\v 18 သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို၎င်း၊
\v 19 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ် တကောင်ကို ၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 20 တတိယနေ့၌၊ နွားထီးဆယ်တကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
\v 21 သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 22 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 23 စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
\v 24 သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 25 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 26 ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
\v 27 သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 28 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 29 ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
\v 30 သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 31 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ပူဇော်ရမည်။
\s5
\v 32 သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို၎င်း၊
\v 33 သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 34 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 35 အဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
\v 36 ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို၎င်း၊
\s5
\v 37 သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
\v 38 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
\s5
\v 39 ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။
\v 40 ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
\s5
\c 30
\v 1 တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
\v 2 လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကို ပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
\s5
\v 3 မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
\v 4 ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
\s5
\v 5 သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
\s5
\v 6 မိန်းမသည် လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ၊
\v 7 လင်သည် ကြားလျှင်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
\s5
\v 8 သို့မဟုတ် လင်သည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
\s5
\v 9 လင်သေသောမိန်းမ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည်။
\v 10 လင်အိမ်၌ ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
\v 11 လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
\s5
\v 12 သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်း ပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည် နှောင်ခြင်းနှင့်၎င်း ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
\s5
\v 13 ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။
\v 14 လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။
\s5
\v 15 ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည်။
\v 16 ဤရွေ့ကား၊ မယားနှင့်လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။
\s5
\c 31
\v 1-2 တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။
\s5
\v 3 မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
\v 4 ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည် အတိုင်း၊
\v 5 ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍၊
\s5
\v 6 မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
\v 7 မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
\v 8 အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။
\s5
\v 9 ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
\v 10 မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
\s5
\v 11 ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား၍၊
\v 12 မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရော ဟိတ် ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
\s5
\v 13 မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။
\v 14 မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
\v 15 သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။
\s5
\v 16 ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
\v 17 ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။
\s5
\v 18 ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။
\v 19 သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
\v 20 သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။
\s5
\v 21 ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊
\v 22 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊
\v 23 မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။
\v 24 သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
\s5
\v 25 ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊
\v 26 ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊
\v 27 ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။
\s5
\v 28 စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊
\v 29 သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။
\s5
\v 30 ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊
\v 31 မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။
\s5
\v 32 စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊
\v 33 နွားခုနစ်သောင်းနှစ်ထောင်၊
\v 34 မြည်းခြောက်သောင်းတထောင်
\v 35 ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
\s5
\v 36 စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
\v 37 ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။
\v 38 နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။
\s5
\v 39 မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။
\v 40 လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။
\v 41 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။
\s5
\v 42 တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
\v 43 ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
\v 44 နွားသုံးသောင်းခြောက်ထောင်၊
\v 45 မြည်းသုံးသောင်းငါးရာ၊
\v 46 လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
\s5
\v 47 ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။
\s5
\v 48 လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊
\v 49 ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။
\s5
\v 50 ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
\v 51 မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
\s5
\v 52 ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊
\v 53 တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။
\v 54 တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။
\s5
\c 32
\v 1 ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
\v 2 မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
\v 3 အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
\s5
\v 4 ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
\v 5 သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
\s5
\v 6 မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
\v 7 ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
\s5
\v 8 ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
\v 9 ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
\s5
\v 10-12 ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
\s5
\v 13 ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
\v 14 ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
\v 15 သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
\s5
\v 16 ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
\v 17 သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
\s5
\v 18 ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။
\v 19 ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
\s5
\v 20 မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
\v 21 ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
\v 22 သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
\s5
\v 23 ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
\v 24 သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
\v 25 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
\s5
\v 26 ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
\v 27 ကိုယ်တော် ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
\s5
\v 28 ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
\v 29 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
\v 30 သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
\s5
\v 31 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
\v 32 ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
\s5
\v 33 ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
\s5
\v 34 ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
\v 35 အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
\v 36 ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
\s5
\v 37 ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
\v 38 နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
\v 39 မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
\s5
\v 40 မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
\v 41 မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
\v 42 နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။
\s5
\c 33
\v 1 မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊
\v 2 ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
\s5
\v 3 ပဌမလ တဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
\v 4 အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။
\s5
\v 5 ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။
\v 6 သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စားခန်းချကြ၏။
\v 7 ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။
\s5
\v 8 ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။
\v 9 မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
\v 10 ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ၏။
\s5
\v 11 ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချ ကြ၏။
\v 12 သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စားခန်းချကြ၏။
\v 13 ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စားခန်းချကြ၏။
\v 14 အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
\s5
\v 15 ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စားခန်းချကြ၏။
\v 16 သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စားခန်းချကြ၏။
\v 17 ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ် အရပ်၌ စားခန်းချကြ၏။
\v 18 ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စားခန်းချကြ၏။
\s5
\v 19 ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စားခန်း ချကြ၏။
\v 20 ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။
\v 21 လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။
\v 22 ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။
\s5
\v 23 ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။
\v 24 ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။
\v 25 ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။
\v 26 မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။
\s5
\v 27 တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။
\v 28 တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။
\v 29 မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။
\v 30 ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။
\s5
\v 31 မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။
\v 32 ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။
\v 33 ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။
\v 34 ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။
\s5
\v 35 ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။
\v 36 ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။
\v 37 ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။
\s5
\v 38 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။
\v 39 အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
\s5
\v 40 ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။
\s5
\v 41 သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။
\v 42 ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။
\v 43 ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။
\s5
\v 44 ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။
\v 45 ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စားခန်းချကြ၏။
\v 46 ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလ သိမ်အရပ်၌ စားခန်းချကြ၏။
\s5
\v 47 အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။
\v 48 အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချ ကြ၏။
\v 49 ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ၏။
\s5
\v 50 မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
\v 51 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊
\v 52 ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။
\s5
\v 53 ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
\v 54 သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
\s5
\v 55 သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။
\v 56 ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။
\s5
\c 34
\v 1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
\v 2 သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
\v 3 တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
\s5
\v 4 တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
\v 5 အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
\s5
\v 6 အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
\s5
\v 7 မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
\v 8 ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
\v 9 ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
\s5
\v 10 အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
\v 11 အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
\v 12 ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
\s5
\v 13 မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
\v 14-15 ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
\s5
\v 16 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
\v 17 အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
\v 18 ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
\s5
\v 19 ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
\v 20 ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
\s5
\v 21 ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
\v 22 ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
\v 23 ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
\s5
\v 24 ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
\v 25 ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
\v 26 ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
\s5
\v 27 အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
\v 28 နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
\v 29 ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။
\s5
\c 35
\v 1 မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
\v 2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။
\s5
\v 3 ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။
\v 4 လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။
\s5
\v 5 မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။
\s5
\v 6 လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။
\v 7 ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။
\s5
\v 8 ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
\s5
\v 9 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
\v 10 သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊
\v 11 လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။
\s5
\v 12 ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
\v 13 လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
\s5
\v 14 ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
\v 15 ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
\s5
\v 16 သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
\v 17 လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
\v 18 လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
\s5
\v 19 သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
\v 20 သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
\v 21 သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။
\s5
\v 22 သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊
\v 23 သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
\s5
\v 24 ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
\v 25 သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။
\s5
\v 26 လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
\v 27 သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
\v 28 အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
\s5
\v 29 ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
\v 30 လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။
\s5
\v 31 အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
\v 32 မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။
\s5
\v 33 ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
\v 34 ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။
\s5
\c 36
\v 1 ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
\v 2 အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
\s5
\v 3 ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။
\v 4 ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
\s5
\v 5 ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။
\v 6 ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။
\s5
\v 7 ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
\s5
\v 8 ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
\v 9 အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။
\s5
\v 10 ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီး မလာ၊
\v 11 တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေသားတို့နှင့် စုံဘက်ကြ၏။
\v 12 ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
\s5
\v 13 ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။