my_juds/46-ROM.usfm

764 lines
176 KiB
Plaintext

\id ROM Romans
\ide UTF-8
\h ရောမ​ဩဝါဒစာ။
\toc1 ရောမ​ဩဝါဒစာ။
\toc2 Romans
\toc3 rom
\mt1 ရောမ​ဩဝါဒစာ။
\s5
\c 1
\p
\v 1 လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
\v 2 သေခြင်းမှထမြောက်တော်မူ၍၊
\v 3 သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
\s5
\v 4 တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
\v 5 ဘုရားသခင်ချစ်တော်မူ၍၊
\v 6 သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
\s5
\p
\v 7 သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
\s5
\p
\v 8 သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
\v 9 ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
\v 10 မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
\s5
\v 11 သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
\v 12 ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
\s5
\v 13 ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
\v 14 ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
\v 15 သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
\s5
\p
\v 16 ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
\v 17 အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
\s5
\p
\v 18 သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
\v 19 အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
\s5
\v 20 အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။
\v 21 အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
\s5
\v 22 ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
\v 23 မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
\s5
\p
\v 24 ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
\v 25 သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။
\s5
\p
\v 26 ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
\v 27 ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
\s5
\p
\v 28 ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
\s5
\v 29 သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
\v 30 ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
\v 31 မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
\s5
\v 32 ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
\s5
\c 2
\p
\v 1 သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။
\v 2 ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။
\s5
\v 3 ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။
\v 4 ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
\s5
\v 5 ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။
\v 6 ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊
\v 7 ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊
\s5
\v 8 ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊
\v 9 ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊
\s5
\v 10 ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။
\v 11 ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။
\v 12 ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။
\s5
\v 13 အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။
\v 14 သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊
\s5
\v 15 ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။
\v 16 ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။
\s5
\p
\v 17 သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
\v 18 အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့်၊
\v 19 လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊
\v 20 လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎င်း၊ သမ္မာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊
\s5
\v 21 သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။
\v 22 သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။
\s5
\v 23 ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော။
\v 24 အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
\s5
\v 25 သင်သည်ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန်၏။
\v 26 ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။
\v 27 အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။
\s5
\v 28 အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ်။
\v 29 အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။
\s5
\c 3
\p
\v 1 ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။
\v 2 အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။
\s5
\p
\v 3 သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။
\v 4 မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။
\s5
\p
\v 5 ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။
\v 6 ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။
\s5
\v 7 ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊
\v 8 ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။
\s5
\p
\v 9 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။
\v 10 ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
\s5
\q2
\v 11 နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။
\q
\v 12 လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။
\s5
\q
\v 13 သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
\q2
\v 14 သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။
\s5
\q
\v 15 သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
\q2
\v 16 သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။
\q
\v 17 ချမ်းသာလမ်းကိုသူတို့မသိကြ။
\q2
\v 18 ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။
\s5
\p
\v 19 ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
\v 20 ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။
\s5
\p
\v 21 ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊
\v 22 ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။
\s5
\v 23 အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။
\v 24 ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
\s5
\v 25 ဘုရားသခင်သည် သည်းခံတော်မူ၍၊
\v 26 လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
\s5
\p
\v 27 သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။
\v 28 ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။
\s5
\v 29 ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
\v 30 အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။
\s5
\p
\v 31 သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။
\s5
\c 4
\p
\v 1 ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိ ပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။
\v 2 အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။
\v 3 ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
\s5
\p
\v 4 အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။
\v 5 အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။
\s5
\v 6 ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊
\p
\v 7 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။
\q
\v 8 ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။
\s5
\p
\v 9 အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။
\v 10 ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။
\s5
\v 11 အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊
\v 12 ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အရေဖျားလှီးခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏ အဘဖြစ်အံ့သောငှါ၎င်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
\s5
\p
\v 13 ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။
\v 14 အကြောင်းမူကား၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်း တရားကိုပယ်ပြီ။ ဂတိတော်လည်း အချည်းနှီးဖြစ်၏။
\v 15 ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။
\s5
\v 16 ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။
\v 17 ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊ ထိုအာဗြဟံ သည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏ အဘဖြစ်သတည်း။
\s5
\v 18 သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများ တို့၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည်၍ မြော်လင့်လေ၏။
\v 19 ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည်အသေ ကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ၏ ဝမ်းသည် သေကြောင်းကို၎င်း မအောက်မေ့၊
\s5
\v 20 ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊
\v 21 ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။
\v 22 ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
\s5
\v 23 ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။
\v 24 ငါတို့အကျိုးအလိုငှါရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။
\v 25 ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။
\s5
\c 5
\p
\v 1 ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။
\v 2 ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။
\s5
\v 3 ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။
\v 4 သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။
\v 5 ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။
\s5
\v 6 ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။
\v 7 ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့။
\s5
\v 8 ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
\v 9 သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
\s5
\v 10 အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
\v 11 ထိုမျှမက၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံပြီးလျှင်၊ ထိုသခင်အား ဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။
\s5
\p
\v 12 ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။
\v 13 ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊
\s5
\v 14 သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာဖြစ်သတည်း။
\p
\v 15 သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောမတူ၊ အကြောင်းမူကား၊ လူ တယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။
\s5
\v 16 ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ။ အကြောင်းမူကား၊ တရား စီရင်သောအရာမှာ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။
\v 17 ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။
\s5
\v 18 ထိုကြောင့်၊ တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။
\v 19 အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ် ရောက်သည်နည်းတူ၊ တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
\s5
\v 20 ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ၏။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။
\v 21 ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။
\s5
\c 6
\p
\v 1 ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။
\v 2 ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။
\v 3 ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။
\s5
\v 4 ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။
\v 5 တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
\s5
\v 6 ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။
\v 7 သေသောသူသည် အပြစ်တရား၏ လက်မှ လွတ်လျက်ရှိ၏။
\s5
\v 8 ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
\v 9 သေခြင်းတရားသည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
\s5
\v 10 ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။
\v 11 ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။
\s5
\p
\v 12 ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။
\v 13 သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။
\v 14 ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
\s5
\p
\v 15 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း၊ ငါတို့သည် ပညတ်တရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည် လော။ ထိုသို့မပြုရ။
\v 16 အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။
\s5
\v 17 သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသ စကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။
\v 18 သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။
\s5
\v 19 ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
\v 20 သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။
\v 21 ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကိုရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။
\s5
\v 22 ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။
\v 23 အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
\s5
\c 7
\p
\v 1 ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော။
\s5
\v 2 ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင် လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။
\v 3 ထိုကြောင့်၊ မိမိလင်မသေမှီအခြားသော သူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏။ လင်လေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။
\s5
\v 4 ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက် တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။
\v 5 ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင် ကြ၏။
\s5
\v 6 ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကို မှီ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
\s5
\p
\v 7 သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ် တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။
\v 8 အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။
\s5
\v 9 အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ် တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။
\v 10 အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။
\s5
\v 11 အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကို လှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ၏။
\v 12 ထိုကြောင့်၊ တရားတော်သည်သန့်ရင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
\s5
\p
\v 13 သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကို ပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ် နှင့်ပြည့်စုံခြင်းရှိသတည်း။
\v 14 ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
\s5
\v 15 အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။
\v 16 ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။
\s5
\v 17 သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ် တရားသည် ကျင့်၏။
\v 18 ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။
\s5
\v 19 ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။
\v 20 ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။
\v 21 ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။
\s5
\v 22 ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်တို့ နှစ်သက်၏။
\v 23 သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။
\s5
\v 24 ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
\v 25 ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော် အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့၎င်း၊ ငါလိုက်တတ်၏။
\s5
\c 8
\p
\v 1 ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။
\v 2 ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။
\s5
\v 3 ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။
\v 4 အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
\v 5 ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
\s5
\v 6 ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။
\v 7 အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရးသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
\v 8 ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။
\s5
\v 9 သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။
\v 10 ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
\s5
\v 11 ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။
\s5
\p
\v 12 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန် ဖြစ်ကြသည်မဟုတ်။
\v 13 သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။
\s5
\v 14 ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။
\v 15 အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
\s5
\v 16 ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။
\v 17 သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။
\s5
\p
\v 18 ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
\v 19 ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။
\s5
\v 20 ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။
\v 21 ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
\v 22 ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။
\s5
\v 23 ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
\v 24 ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။
\v 25 ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။
\s5
\p
\v 26 ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
\v 27 စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီစောင့်မ တော်မူ၏။
\s5
\v 28 ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
\v 29 ဘုရားသခင်၏သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။
\v 30 ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
\s5
\p
\v 31 သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။
\v 32 မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။
\s5
\v 33 ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။
\v 34 အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌နေလျက်၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။
\s5
\v 35 ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။
\v 36 အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
\s5
\p
\v 37 မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။
\v 38 အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
\v 39 အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။
\s5
\c 9
\p
\v 1 ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည်မုသာမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊
\v 2 ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။
\s5
\v 3 အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ၏။
\v 4 ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့် ၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
\v 5 ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
\s5
\p
\v 6 ထိုသို့ဆိုသော် ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရလလူမှန် မဟုတ်။
\v 7 ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာတ် ၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
\s5
\v 8 ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။
\v 9 ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။
\s5
\v 10 ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊
\v 11 ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊
\v 12 သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။
\v 13 ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။
\s5
\p
\v 14 သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော။ ထိုသို့မပြောရ။
\v 15 ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ၏။
\p
\v 16 ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏။
\s5
\v 17 ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။
\v 18 ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
\s5
\p
\v 19 သို့ဖြစ်လျှင်၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော။
\v 20 ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။
\v 21 အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတပုံတည်းနှင့်အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
\s5
\v 22 ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
\v 23 ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊
\v 24 ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
\s5
\v 25 ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သော သူကိုငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။
\q
\v 26 သင်တို့သည်ငါ၏လူမဟုတ်ဟုပြောဆိုရာ အရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရား သခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
\s5
\p
\v 27 ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
\q
\v 28 အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
\p
\v 29 ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
\s5
\p
\v 30 ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။
\v 31 ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။
\s5
\v 32 အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း။
\v 33 ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
\s5
\c 10
\p
\v 1 ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။
\v 2 ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ၏။
\v 3 ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။
\s5
\v 4 ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
\v 5 မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။
\s5
\v 6 ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊
\v 7 ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။
\s5
\v 8 တဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့် နီး၏။ သင်၏ နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။
\v 9 အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
\v 10 ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
\s5
\v 11 ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
\v 12 ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။
\v 13 အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
\s5
\v 14 သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။
\v 15 လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။
\s5
\p
\v 16 သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက် ဟေရှာယ စကားဟူမူကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို၏။
\v 17 သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
\s5
\v 18 သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏။
\s5
\p
\v 19 တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏။
\s5
\p
\v 20 ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။
\p
\v 21 ဣသရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။
\s5
\c 11
\p
\v 1 သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။
\v 2 ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊
\v 3 သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော။
\s5
\v 4 ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။
\v 5 ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။
\s5
\v 6 ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။
\v 7 သို့ဖြစ်လျှင်အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။
\v 8 ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။
\s5
\p
\v 9 ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။
\q
\v 10 သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။
\s5
\p
\v 11 သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့၌ သက်ရောက် လေ၏။
\v 12 သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
\s5
\v 13 ထိုသို့ဆိုသော်၊
\v 14 ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။
\s5
\v 15 ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။
\v 16 အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
\s5
\v 17 အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။
\v 18 ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။
\s5
\v 19 ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
\v 20 မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
\v 21 အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြော တော်မူမည်လော။
\s5
\v 22 သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
\s5
\v 23 သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
\v 24 အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
\s5
\p
\v 25 ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
\s5
\v 26 ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊
\q
\v 27 သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
\s5
\p
\v 28 သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
\v 29 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊
\s5
\v 30 သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့၊
\v 31 ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။
\v 32 ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
\s5
\q
\v 33 ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။
\q
\v 34 ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။
\s5
\q
\v 35 ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။
\p
\v 36 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
\s5
\c 12
\p
\v 1 ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
\v 2 သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
\s5
\p
\v 3 သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။
\s5
\v 4 ဥပမာကား၊ ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှုတခု တည်း မရှိသကဲ့သို့၊
\v 5 ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌တကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏။
\s5
\v 6 ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
\v 7 ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။
\v 8 နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။
\s5
\p
\v 9 မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။
\v 10 ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။
\s5
\v 11 အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
\v 12 မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။
\v 13 သန့်ရှင်းသောသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။
\s5
\v 14 သင်တို့ကို ညှဉ်းဆဲသောသူတို့အဘို့ မေတ္တာ ပို့ကြလော့။ ကျိန်ဆဲခြင်းကိုမပြု၊ မေတ္တာပို့ခြင်းကိုသာ ပြုကြလော့။
\v 15 ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။
\v 16 အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။
\s5
\v 17 အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့။
\v 18 သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။
\s5
\v 19 ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
\q
\v 20 ထိုကြောင့်သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။
\p
\v 21 အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။
\s5
\c 13
\p
\v 1 အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။
\v 2 ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။
\s5
\v 3 မင်းမူကား၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာကို မကြောက်ဘဲနေချင်သလော။ ကောင်းသော အကျင့်ကိုကျင့်လော့။ ကျင့်လျှင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
\v 4 မင်းသည်ကား၊ သင်၏အကျိုးအလိုငှါ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်းမရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီးထားကို ဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။
\v 5 ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။
\s5
\v 6 ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။
\v 7 ထိုကြောင့်၊ လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကို ၎င်း၊ အကောက်ကို ခံထိုက်သော သူအား အကောက်ကို၎င်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။
\s5
\p
\v 8 အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
\v 9 အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ် ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ၊ ချစ်လော့ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
\v 10 ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် မစပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
\s5
\p
\v 11 ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊
\v 12 ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။
\s5
\v 13 ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။
\v 14 သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့်။
\s5
\c 14
\p
\v 1 ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။
\v 2 အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။
\s5
\v 3 အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
\v 4 သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ၏။
\s5
\v 5 နေ့ရက်တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။
\v 6 နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည်သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသော သူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။
\s5
\v 7 ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ။
\v 8 အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
\v 9 အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသော သူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန် တော်မူ၏။
\s5
\v 10 သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်။
\v 11 ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
\s5
\p
\v 12 သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
\p
\v 13 ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။
\s5
\v 14 အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။
\v 15 သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင်၏ အစာအားဖြင့် အကျိုး မနည်းစေနှင့်။
\s5
\v 16 သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့်။
\v 17 ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။
\s5
\v 18 ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။
\v 19 ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။
\s5
\v 20 ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ၏။
\v 21 အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။
\s5
\v 22 သင်သည်ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။
\v 23 ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။
\s5
\c 15
\p
\v 1 သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။
\v 2 ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။
\s5
\v 3 အကြောင်းမူကား၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာ သတည်း။
\v 4 ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထား သတည်း။
\s5
\v 5 သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊
\v 6 ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော။
\p
\v 7 ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။
\s5
\v 8 တဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ၊
\v 9 အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။
\s5
\p
\v 10 တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။
\p
\v 11 တဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။
\s5
\p
\v 12 တဖန်ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း။
\s5
\p
\v 13 သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။
\s5
\p
\v 14 ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ၏။
\s5
\v 15 သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက်၍၊
\v 16 တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက်သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။
\s5
\v 17 ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ၏။
\v 18 တပါးအမျိုးသားတို့သည် စကားအားဖြင့်၎င်း၊ အကျင့်အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကိုပြ၍၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။
\v 19 ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။
\s5
\v 20 ထိုသို့အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ်၍ မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသော အရပ်၌ ဧဝံဂေလိတရားကိုဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။
\v 21 ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုသူ၏ အကြောင်းကို အဘယ်သူမျှမပြဘူးသော်လည်း၊ သူတို့ သည် မြင်ကြလိမ့်မည်။ မကြားဘူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း။
\s5
\p
\v 22 ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ။ အဆီးအတားများလှပြီ။
\v 23 ယခုမူကား၊ ဤအရပ်တို့၌အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊
\s5
\v 24 စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့်၏။
\v 25 ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။
\s5
\v 26 အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။
\v 27 စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။
\s5
\v 28 ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ ရှောက်၍ စပါနိပြည်သို့သွားမည်။
\v 29 သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။
\s5
\p
\v 30 ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊
\v 31 ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။
\v 32-33 ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော။ အာမင်။
\s5
\c 16
\p
\v 1 ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။
\v 2 သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည်များစွာသော သူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသောသူဖြစ်၏။
\s5
\p
\v 3 ငါနှင့်အတူယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့။
\v 4 ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။
\p
\v 5 သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။
\s5
\p
\v 6 ငါတို့အမှုကိုကြိုးစား၍ ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့။
\p
\v 7 ငါနှင့်အတူအကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်းအန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင်တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ်ကြ၏။
\p
\v 8 သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။
\s5
\p
\v 9 ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြ လော့။
\p
\v 10 တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။
\p
\v 11 ငါ၏အဆွေအမျိုးဟေရောဒျုန်နှင့် တပည့်တော် ဖြစ်သောနာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။
\s5
\p
\v 12 သခင်ဘုရား၏အမှုတော်ကို ကြိုးစားသော မိန်းမ၊ တရုဖဲနနှင့် တရုဖေါသကို၎င်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သော မိန်းမ ပေရသိကို၎င်း နှုတ်ဆက်ကြလော့။
\p
\v 13 မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော တပည့်တော်ရုဖုနှင့်သူ၏အမိတည်းဟူသော ငါ၏ အမိကို နှုတ်ဆက်ကြလော့။
\p
\v 14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။
\s5
\p
\v 15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှ စ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်း တို့ကို နှုတ်ဆက်ကြလော့။
\p
\v 16 အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
\s5
\p
\v 17 ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။
\v 18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ၏။
\s5
\v 19 သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား၊ အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။
\v 20 ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်သင်တို့၌ ရှိပါစေသော။
\s5
\p
\v 21 ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
\v 22 ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင် ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။
\s5
\v 23 ငါ့ကို၎င်း၊ သင်းဝင်သူအပေါင်းတို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
\v 24 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
\s5
\q
\v 25 ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊
\q
\v 26 လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ကျမ်းစာများလာသည် နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
\s5
\q
\v 27 တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။